တစ်ကိုယ်လုံး မီးစွဲလောင်မည့်ဘေးမှ လွတ်မြောက်ခဲ့သည့် ဘောလုံးပရိသတ်
ပိုလန်နိုင်ငံတွင် မီးရှူးကိုင်၍ သောင်းကျန်းနေသော ဘောလုံးပရိသတ် တစ်ဦးသည် တစ်ကိုယ်လုံး မီးစွဲလောင်မည့် အခြေအနေမျိုးမှ ကံသီစွာ လွတ်မြောက်သွားခဲ့ကြောင်း သိရှိရသည်။ ပြီးခဲ့သည့် သီတင်း ပတ် အကုန်က ပိုလန်အဆင့်မြင့်တန်း ပြိုင်ပွဲတွင် ဆလက်စ်ဝရိုစကောနှင့် ဇာဂလီဘီလူဘင် အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြရာ ပရိသတ်များက မီးရှူးများ ကိုင်ဆောင်ကာ အားပေးခဲ့ကြသည်။ ယင်းတို့အနက် လွန်လွန်ကဲကဲ ရှိလှသည့် ပရိသတ် တစ်ဦးသည် မီးရှူးတစ်ခုကို ကိုင်ဆောင်ရင် ပွဲကြည့်စင်ပေါ် တင်ထား သည့် သံဆန်ကာကို ကျော်တက်ရန် ကြိုးစားလာခဲ့သည်။

အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင် တစ်ဦးက ထိုသို့မပြုလုပ်ရန် ပြောဆိုသော်လည်း အဆိုပါ ပရိသတ်က ဂရုမမူခဲ့ချေ။ ထို့ကြောင့်လည်း လုံခြုံရေး အရာရှိက ဆိုးသွမ်းပရိသတ်များကို ဟန့်တားရာတွင် အသုံးပြုသည့် ငရုတ်ကောင်းရည်ဘူးဖြင့် လှမ်း၍ ပက်ဖျန်းလိုက်သည်။ သို့သော်လည်း အဆိုပါ ငရုတ်ရည်ငွေ့သည် မီးရှူးနှင့် ပေါင်းစပ်ပြီး လူတစ်ကိုယ်လုံးကို ဖုံးအုပ်သွားသည့် မီးဘောလုံးကြီးအသွင် ကူးပြောင်းသွားသည်။ ကံကောင်းထောက်မသဖြင့် ယင်းမီးတောက်ကြီးသည် ဆက်လက်တည်မြဲ ကူးစက်ခြင်း မရှိဘဲ ပျောက် ကွယ်သွားခဲ့သည်။

သတင်းမီဒီယာ အချို့သည် အဆိုပါ ထိတ်လန့်အံ့ဩဖွယ် ပုံရိပ်ကို အမိအရ မှတ်တမ်းတင် ဓာတ်ပုံရိုက် ထားနိုင်ခဲ့သည်။ ထိုပရိသတ်သည် အလွန်တုန်လှုပ်သွားဟန်ဖြင့် သံဆန်ခါပေါ်မှ ဆင်းပြေးကာ အခြား ပရိသတ်များကြား ရောနှော ပျောက်ကွယ်သွားသည်။ ၎င်းအနေဖြင့် မည်သည့် ထိခိုက်မှုမျိုးမျှ ရှိခဲ့ဟန် မတူကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။
Planet Myanmar Network
- (အရှေ့သို့) Samsung Galaxy ဖုန်းအမျိုးအစားအားလုံးအတွက် Official Firmware များ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... Flibanserin အမျိုးသမီးတွေ အတွက်ဆေးဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား...
- (အနောက်သို့) ကူးတို့ရေယာဉ် နစ်မြုပ်မှုမှ ကျန်ရစ်သူ မိသားစုများကို တောင်ကိုရီးယားသမ္မတ တောင်းပန် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... Flibanserin အမျိုးသမီးတွေ အတွက်ဆေးဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား...