တစ်နေ့တာမှာ နှလုံးရောဂါ အဖြစ်ပွားဆုံးအချိန်
Health Updates Journal No. 114
နှလုံးတိုက်ခိုက်မှုနဲ့ လေဖြတ်ခြင်းတွေ တစ်နေ့တာမှာ အဖြစ်ပွားဆုံးအချိန်ကို သုတေသနပညာရှင်တွေ က ဖော်ထုတ်နိုင်ခဲ့ပါတယ်။ တစ်နေ့တာမှာ အဖြစ်ပွားဆုံးအချိန်ကတော့ မနက် ၆နာရီခွဲ အချိန်ဖြစ်တယ်လို့ သိရှိရပါတယ်။ သုတေသနကို ဦးဆောင်ခဲ့တဲ့ Oregon Health and Science University မှ သုတေသီတွေ ကတော့ ဒီအချိန်မှာ သွေးတွင်းပရိုတင်းပမာဏတွေ အမြင့်ဆုံးရောက်ရှိနိုင်ပြီး သွေးခဲတွေကို ပျော်စေတဲ့ ကိုယ်ခန္ဓာဖြစ်စဉ်တွေဟာလည်း အနှေးကွေးဆုံး ဖြစ်နေလို့ပဲဖြစ်ကြောင်း ရှင်းလင်းပြောကြားထားပါတယ်။
““ဒီသုတေသနမှာ သွေးလှည့်ပတ်မှုစနစ်၊ ကိုယ်ခန္ဓာရဲ့ ဇီဝနာရီတွေရဲ့ ဆက်စပ်မှုဟာ နှလုံးရောဂါအပေါ် သက်ရောက်မှုရှိနေတယ်ဆိုတာ ဖော် ထုတ်နိုင်ခဲ့ပါတယ်။
မနက်ခင်းမှာ မြင့်တက်လာတဲ့ သွေးတွင်းပရိုတင်း ပမာဏကို ပူးပေါင်းပါဝင်သူတွေမှာ တိုင်းတာနိုင်ခဲ့ပြီး ရလဒ်များအရ အခု လိုတွေ့ရှိခဲ့ပါတယ်”” လို့ သုတေသီ ခေါင်းဆောင် Frank Scheer က ပြောကြားခဲ့ ပါတယ်။ လေ့လာမှုမှာ ပါဝင်သူတွေရဲ့ သွေးထဲမှ Plasminogen activator inhibitor-1(PAI-1)ဆိုတဲ့ ပရိုတင်းဟာ မနက်၆နာရီခွဲအချိန်မှာ အမြင့်ဆုံးဖြစ်ပြီး အဲဒီပရိုတင်းဟာ သွေးကြောတွင်းမှာ သွေးခဲ ပိတ်ဆို့ခြင်းကို တားဆီးနိုင်မှုတွေကို ပိတ်ပင်တဲ့ ပရိုတင်းဖြစ်ပါတယ်။
PAI-1 ဟာ အ၀လွန်ခြင်း၊ ဆီးချို သွေးချိုရောဂါနဲ့ နှလုံးရောဂါ အခံရှိသူတွေမှာ မြင့်တက်လာမယ်ဆို ရင် နှလုံးတိုက်ခိုက်မှုနဲ့ လေဖြတ်ခြင်းကို ခံစားရဖို့ ၈၀%သေချာကြောင်း Frank Scheer က ရှင်းပြ ထားပါတယ်။ ဒီသုတေသနကို Journal of Blood မှာ ဖော်ပြထားတာဖြစ်ပါတယ်။
သက်ကို
ref;ANI
- (အရှေ့သို့) အူမႀကီးကင္ဆာ ဆေးသစ်စမ်းသပ်မှု မမျှော်လင့်သောရလဒ်ဆိုးများ ထွက်ပေါ် Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)
- (အနောကျသို့) 3D နည်းပညာသုံး ပလတ်စတစ်ဦးခေါင်းခွံကို အမျိုးသမီးတစ်ဦးတွင် အောင်မြင်စွာ တပ်ဆင်နိုင်ခဲ့ Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)