စေတန်ရဲ့ကချေသည် ရုပ်ရှင်ဇာတ်ကားမှာ နေတိုး ကြိုက်တဲ့ ဇာတ်ဝင်ခန်းအကြောင်း

အချစ်၊ ဇာတ်ကားတစ်ကားဖြစ်တဲ့ " စေတန်ရဲ့ကချေသည်" ဇာတ်ကား မှာ ယောမင်းဆိုတဲ့မောက်မာတဲ့ သူတစ်ယောက်အဖြစ် နေတိုးက သရုပ်ဆောင် ထားပါတယ်။
ဒီဇာတ်ကားကို ရိုက်ကူးဖြစ်ခဲ့ပုံနဲ့ပတ်သက်ပြီး နေတိုးက " ဒီဇာတ်လမ်း အကြမ်းပြောတဲ့အချိန်မှာ ဇာတ်ကို ဖတ်ကြည့်တော့ သိပ်အကြိုက်ကြီး မဟုတ်ခဲ့ဘူး။ ဒါပေမဲ့ဇာတ်ညွှန်းခွဲပြီးတဲ့ အချိန် ပြန်ဖတ်ကြည့်တော့ ရိုက်ချင်စိတ်ဖြစ်လာတယ်။ ဇာတ်ညွှန်းအပေါ် ပိုကြိုက်တယ်လို့ ပြောရမယ်။ ဒီလိုရိုက်ချင်စိတ်ဖြစ်ဖို့ဆိုတာ ကားတော်တော်များများ မလွယ်ဘူး။ ကိုယ်တိုင် သရုပ်ဆောင်ချင်တဲ့စိတ်နဲ့ ရိုက်ခဲ့တော့ ကျေနပ်အားရမှု ရှိခဲ့တယ်။ ပရိသတ်လည်း ကျေနပ်အားရမယ်လို့ ယုံကြည်တယ်" လို့ ပြောပြပါတယ်။
" စေတန်ရဲ့ကချေသည်" ရုပ်ရှင်ဇာတ်ကားကို စင်ကာပူမှာ မေလမှာ သွားရောက်ပြသမှာဖြစ် တာကြောင့် နေတိုးကသွားရောက်မယ်လို့လည်း ပြောပြပါတယ်။ ဒီဇာတ်ကားမှာ အကြိုက်ဆုံး ဇာတ်ဝင်ခန်းနဲ့ ပတ်သက်ပြီး လည်းပြောပြလာတဲ့ နေတိုးက .....
" ဇာတ်မှာ အကြိုက်ဆုံးက ဇာတ်တစ်ဝက်ရောက်ပြီး ဖြည် တဲ့အချိန်မှာ ပရိသတ်ကိုထိအောင် လုပ်ထားတ ယ်။ ရိုးရိုးမဟုတ်ဘဲ မေတ္တာတ ရားနဲ့ ပြန်ပြီး လုပ်ထားတော့ ပရိသတ်ထင်ထားသလို ပုံစံမျိုးမဟုတ်တဲ့ ခံစားမှုမျိုး ကိုရမယ်။ ဘဝမှာလိုလေသေးမရှိ ပြည့်စုံပေမယ့် မေတ္တာတရားလိုအပ်နေတဲ့ ဘဝမှာဆိုတဲ့ ဇာတ်ဝင်ခန်းပေါ့။ အဲဒါကို သက်မွန်မြင့်ကိုခေါ်သွားပြီး ပြောပြတဲ့အခန်းကို ကြိုက်တယ်။ ဒါကကျွန်တော် ဒီကားရိုက်ချင်သွားတဲ့ ဇာတ်ဝင်ခန်းမှာပါတယ်။ ကျွန်တော့်အတွက် ဇာတ်ရုပ်ကလည်း ထူးခြားတယ်။ ဇာတ်ကားရဲ့တင်ပြမှု ပုံစံကလည်း ကိုဝိုင်းက ဇာတ်ညွှန်းကို လုပ်တတ်တော့ ဒီကားက
တော်တော် လေးပြည့်စုံတဲ့ကားလေးပါ" လို့ ပြော ပြပါတယ်။
မေမွန်မောင်
Popular Journal
- (အရှေ့သို့) ဆော်ဒီအာရေးဗီးယားတွင် ကူးစက် Mers ရောဂါကြောင့် သေဆုံးသူ ၁၀၀ ကျော်ပြီ Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးCytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review
- (အနောကျသို့) ကိုရီးယား K-Pop ဖျော်ဖြေပွဲမှာ ပါဝင်သီဆိုမယ့် Bobby Soxer နဲ့ ဟဲလေး Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးCytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review