ဖိုင်တွေကို တစ်ကြိမ်တည်းနဲ့ လင့်များစွာတင်နည်း
1.ပထမဆုံးလုပ်ထားရမှာက Host တစ်ခုချင်းစီမှာ Register လုပ်ထားရပါမယ်.. အဲဒီလိုလုပ်မထားရင် ကိုယ့်ဖိုင်တွေကို အမြဲတမ်း မသိမ်းထားပါဘူး.. Host တစ်ခုချင်းဆိုတာ mediafire, solidfiles, zippyshare, tusfiles, billionupload စသည်ဖြင့်ပေါ့လေ... ( Host တစ်ခုချင်းစီမှာ Register လုပ်နည်းတော့ မရေးပေးတော့ပါဘူး..)
2. ဒုတိယ.. အောက်မှာ ပေးထားတဲ့ File Mirroring Service တွေမှာ Register လုပ်လိုက်ပါ..
http://www.mirrorcreator.com/ ( 34 Links )
http://www.embedupload.com/ ( 31 Links )
http://exoshare.com/ ( 117 Links )
3. နမူနာအနေနဲ့ Mirrorcreator မှာတင်နည်းအရင် လုပ်ပြပါမယ်..
မိမိ အကောင့်ကို Login ဝင်လိုက်ပြီး My Account ကိုနှိပ်ပါ.. အဲဒီထဲကမှ Account Setting ကိုနှိပ်ပါ.. ဘယ်ဘက်ဘေးမှာ Edit Filehost Account ဆိုတာကိုနှိပ်ပါ.. ညာဘက်အခြမ်းမှာ ကိုယ် အကောင့်ဖောက် ထားတဲ့ Filehost တွေရဲ့ username နဲ့ password ကိုထည့်လိုက်ပါ.. ပြီးရင်တော့ အောက်ဆုံးမှာ Save ပေါ့ဗျာ.. (ဒါက ကိုယ် Register လုပ်ထားတဲ့ Host တွေရဲ့ ကိုယ့် အကောင့်ထဲကို ဖိုင်တွေ ရောက် သွားဖို့အတွက်လုပ်တာပါ..)

4.ပြီးရင် တင်ပါမယ်.. အပေါ်တန်းက Upload ကိုနှိပ်လိုက်ပါ.. Upload From PC ဆိုတာက ကွန်ပျူတာထဲဖိုင်တွေကို တင်ဖို့ပါ.. Remote URL ဆိုတာက ကိုယ့်ကွန်ပျူတာထဲကို ဒေါင်းစရာမလိုဘဲ အခြား ဖိုင်ရဲ့ Download Link ကိုထည့်ပြီး Host အချင်းချင်းတင်တဲ့နည်းပါ..
အောက်မှာတော့ ကိုယ်တင်မယ့်လင့်တွေကို အမှန်ခြစ်လိုက်ပြီး Start Uploading ကိုနှိပ်လိုက်ပါ.. ဖိုင်တင်နေတာ မြင်ရပါမယ်..
5. တင်ပြီးသွားရင်တော့ အောက်ကပုံမှာလို ပြပါတယ်.. Link ကိုညွှန်းပေးနိုင်ပါပြီ... ကျွန်တော်က (၈ ခုပဲတင်ထားပါတယ်.. )

Download Link ခေါင်းစဉ်အောက်က Click Here ကိုနှိပ်ပြီး လင့်တစ်ခုချင်းလည်း ပေးနိုင်ပါတယ်.. အပေါ်ကပုံအရဆိုရင် လင့် (၈) ခုတောင် ရပါမယ်...
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
- (အရှေ့သို့) မြန်မာပြည်ဈေးကွက်ကို ရောက်ရှိလာတဲ့ မြန်မာငွေ ၂၁ သိန်းတန် Gold & Co Limited Edition iPhone 5S Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဘန္နီၿဖိဳး ရဲ့ 'လူပျိုလှည့်တေး'