အချိန်ပိုင်းသင်တန်း ဆရာမ အဖြစ် ကမ်းလှမ်းရင် လုပ်မှာပါဆိုတဲ့ အွန်ဆိုင်း
Photo မော်ဒယ် တစ်ယောက်အဖြစ် သာရပ်တည် လှုပ်ရှား နေသည့် အွန်ဆိုင်းက လက်ရှိ မော်ဒယ် လော က ပိုမိုပွင့်လင်းလာမှု ကို ဂုဏ်ယူ ကြောင်း နှင့် မျိုးဆက်သစ် မော် ဒယ်များကို Modeling ပညာများ သင်ကြား ပေးရန် အချိန်ပိုင်း ဆရာမ အဖြစ် ကမ်းလှမ်းလာပါက လုပ်ကိုင်သွားမည် ဖြစ် ကြောင်း ဖွင့်ဟခဲ့ သည်။
အွန်ဆိုင်းက Photo မော်ဒယ် အနေ နဲ့ပဲ လုပ်ကိုင်ခဲ့တာဆိုတော့ မော်ဒယ် တစ်ယောက်အနေနဲ့ မြင်ရမှာပို များတာ ပေါ့နော်။ အခုရက်ပိုင်းမှာ ဓာတ်ပုံ ရိုက်ဖြစ် တယ်။ ကြော်ငြာရိုက်ဖို့ရှိပါတယ်။ အွန်ဆိုင်းက နောက် ထပ် မျိုးဆက်သစ် အနုပညာ မောင်နှမ တွေကို မော်ဒယ် ပိုင်းဆိုင်ရာ သင်ကြား ပေးဖို့၊ သင်တန်းဖွင့်ဖို့ ဆိုတာက တော့ အများကြီး သင်ယူရပါဦးမယ်။ အစ အဆုံးသင်ပေးဖို့ ဆိုရင် အများကြီးလေ့လာရမယ်။ အချိန်ပိုင်း ကမ်းလှမ်းလာခဲ့ မယ်ဆိုရင် လုပ်ဖြစ်ပါ့မယ်။ သင်တန်းဖွင့်ပြီး သင်ပေးဖို့ ကျတော့ တစ် ချိန်ချိန် မှာ ဖြစ်လာလိမ့်မယ် ထင်ပါတယ်။ အခု အနေနဲ့က ပြောလို့မရနိုင်သေးဘူး။ စော သေးလို့ပါ။ အခုဆို ရင် မြန်မာပြည်ရဲ့ မော်ဒယ် လောကလည်း အရင်တုန်းကလိုမဟုတ် ဘဲ အာရှမှာ ပွင့်လန်းလာနေပြီ ဆိုတော့ ၀မ်းသာတယ်။ ဂုဏ်လည်းယူတယ်။ ပွဲတွေ လည်း အရမ်းများလာတယ်။ တဖြည်းဖြည်း ပွင့်လင်းလာပြီလို့ထင်တယ်။ ဒါပေမဲ့လည်း တချို့ ပြည်ပပြိုင်ပွဲတွေမှာ သွားပြိုင် တဲ့သူ တွေရဲ့ အတွေ့အကြုံ အရ ဆိုရင်တော့ အဖွဲ့ အစည်းတွေနဲ့ သွားတာမဟုတ်ဘူးဆိုရင် တော့ ခက်ခဲတယ်လို့ ပြောကြတယ်။ ဘာလို့ လဲဆိုတော့ အွန်ဆိုင်းထင်တယ်၊ အွန်ဆိုင်း တို့ မြန်မာလူမျိုးတွေက ကွန်ပလိန်းမတက် တတ်ဘူး။ သည်းခံ ကြတယ်။ အဲဒီလိုမျိုး ကွန်ပလိန်း မတက်တတ်တော့ အခက်အခဲ အချို့ ကြုံရတာတွေ များနေ တာပေါ့။ အနုပညာရှင်တစ်ယောက်ဖြစ်ပြီ ဆိုတာနဲ့ ကိုယ်လုပ်တဲ့ အလုပ်မှာ စိတ်ရှည်ရမယ်။ စေတနာ ထားမယ်ဆိုရင်၊ ကြိုးစား ထားမယ်ဆိုရင် ကျန်တဲ့ အရာတွေက နောက်ကနေ အလိုလိုပါလာမယ်””ဟု အွန်ဆိုင်းက ပြောသည်။ အွန်ဆိုင်းသည် အနုပညာအပြင် စာဖတ်ခြင်းကိုလည်း နှစ်သက်ကြောင်း ပြောခဲ့ သည်။
The Messenger
- (အရှေ့သို့) တစ္သက္လံုး စီးသွားနိုင်တဲ့ ဒေါက်မြင့်ဖိနပ် ကင်းအဆိပ်ကိုနိုင်သည့် သဘာ၀ေဆးနည္းစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်Acer Aspire E1-510P-2671 Laptop Review အစာချေရည်ဆန်တက် ရောဂါရှိသူများ အစာအိမ် ဖြတ်ထုတ်ရန်မသင့် Motorola MB865 Hard Reset နှင့် Pattern Lock ဖယ်ရှားနည်း...
- (အနောကျသို့) အမျိုးသမီးတစ်ဦးနှင့် ဇာတ်လမ်းရှိနေကြောင်း ကင်မရွန်ဒိုင်ယက်ဇ် ဝန်ခံ ကင်းအဆိပ်ကိုနိုင်သည့် သဘာ၀ေဆးနည္းစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်Acer Aspire E1-510P-2671 Laptop Review အစာချေရည်ဆန်တက် ရောဂါရှိသူများ အစာအိမ် ဖြတ်ထုတ်ရန်မသင့် Motorola MB865 Hard Reset နှင့် Pattern Lock ဖယ်ရှားနည်း...