စင်္ကာပူမှာ ဘယ်သူတွေကို ကြိမ်ဒဏ်ပေးသလဲ

(သရုပ်ဖော်ပုံကို စင်္ကာပူနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာများ ဖော်ပြလေ့ရှိတဲ့ http://therealsingapore.com/content/human-rights-watch-urges-singapore-end-caning စာမျက်နှာကနေ ယူပါတယ်။)
စင်္ကာပူနိုင်ငံဟာ အကျဉ်းသားတွေကို သေဒဏ်ပေး၊ ကြိမ်ဒဏ်ပေးတဲ့ နေရာတွေမှာ နာမည်ကြီးတယ်လို့ အင်္ဂါနေ့ DPA သတင်းဌာနရဲ့ သတင်းတပုဒ်မှာ ရေးထားပါတယ်။
စင်္ကာပူမှာ ရက် ၉၀ ထက် ပိုပြီး အိုဗာစတေးဖြစ်ခြင်း၊ မူးယစ်ဆေး ကုန်သွယ်မှု၊ အဓိကရုဏ်းနဲ့ ဆက်စပ်မှု စတာတွေအတွက် ကြိမ်ဒဏ်ချတာရှိ၊ သေဒဏ်ချတာလည်း ရှိပါတယ်တဲ့။
ပြစ်မှုကျူးလွန်တဲ့သူက အမျိုးသားဖြစ်မယ်၊ အသက်ကလည်း ၁၆ နဲ့ ၅၀ ကြား ဖြစ်မယ်ဆိုရင် ကြိမ်ဒဏ်ပေးနိုင်ကြောင်း ပြဋ္ဌာန်းထားပါတယ်တဲ့။ တကြိမ်ရိုက်ရင် ၂၄ ချက်အထိ ရိုက်နိုင်တယ်လို့ သတင်းက ဆိုတယ်။
၁ ဒဿမ ၂ မီတာကျော်ရှည်၊ ၁ ဒဿမ ၂ စင်တီမီတာ တုတ်တဲ့ ကြိမ် ဖြစ်ရပါမယ်။ ကြိမ်လုံးကို ရေစိမ်ထားတဲ့ အတွက် ပိုပြီး အလေးချိန်စီးမယ်၊ ညွတ်ကွေးလွယ်တဲ့အတွက် ရိုက်တဲ့အခါ အဆင်ပြေမယ်လို့ ဆိုတယ်။
ပြစ်မှုကျူးလွန်သူက အသက် ၁၆ နဲ့ ၁၈ ကြား ဆိုရင်တော့ ကြိမ်လုံးရွေးချယ်မှုက နည်းနည်း ညှာညှာ တာတာ ဖြစ်လိမ့်မယ်၊ (တကြိမ်)ရိုက်ခွင့်ပြုတဲ့ အရေအတွက်ကလည်း ဆယ်ချက်အထိပဲ ဖြစ်ပါလိမ့်မယ်။
ကြိမ်နဲ့ရိုက်မယ်ဆိုရင် အရိုက်ခံရသူကို ချုပ်နှောင်ထားမယ်၊ တင်ပါးကို ရိုက်မယ်လို့ ဆိုတယ်။
အရိုက်ခံရသူက ကျန်းမာရေးကောင်းဖို့တော့ လိုပါမယ်။ ရိုက်နေချိန်မှာ ဆရာဝန်တယောက်က အနားမှာ ရှိရမယ်၊ အရိုက်ရပ်ဖို့ လိုအပ်မယ်လို့ ဆရာဝန်ကယူဆရင် အချိန်မရွေး ၀င်တားပါလိမ့်မယ်။
စင်္ကာပူကလည်းဖြစ်၊ စိတ်ဝင်စားစရာ အချက်အလက်လည်း ဖြစ်တဲ့အတွက် ဧရာဝတီဘလော့ ပရိသတ် အတွက် ကောက်နုတ် ဘာသာပြန်ပေးလိုက်ခြင်း ဖြစ်ပါတယ်။
ဧရာဝတီ Blog
- (အရှေ့သို့) ဆုပန်ထွာနဲ့ ကိုဥက္ကာကျော်တို့ရဲ့ စေ့စပ်ပွဲ ကန့်ကွက်ခံထားရ ကင်းအဆိပ်ကိုနိုင်သည့် သဘာ၀ေဆးနည္းစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်Acer Aspire E1-510P-2671 Laptop Review အစာချေရည်ဆန်တက် ရောဂါရှိသူများ အစာအိမ် ဖြတ်ထုတ်ရန်မသင့် Motorola MB865 Hard Reset နှင့် Pattern Lock ဖယ်ရှားနည်း...
- (အနောကျသို့) လင်းဇာနည်ဇော်နဲ့ ရဲကိုကို အိမ်ထောင်ရေးကွာရှင်းခွင့် အမှု ကင်းအဆိပ်ကိုနိုင်သည့် သဘာ၀ေဆးနည္းစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်Acer Aspire E1-510P-2671 Laptop Review အစာချေရည်ဆန်တက် ရောဂါရှိသူများ အစာအိမ် ဖြတ်ထုတ်ရန်မသင့် Motorola MB865 Hard Reset နှင့် Pattern Lock ဖယ်ရှားနည်း...