သင့်အိမ်မှာ အသီးမှည့်များရှိနေပါသလား? အပူဒဏ်ကြောင့် ကြွေကျတတ်သည် သတိထား



•၂၀၀၉ ခုနှစ်က တောင်တွင့း်ကြီးမြို့နှင့် မြန်မာတနိုင်ငံလုံးမှ မြို့၊ရွာများတွင် နေ့အပူချိန်စံချိန်တင်
မြင့်တက်ခဲ့ရာ လူသေဆုံးမှုနှုန်းလည်း မြင့်တတ်ခဲ့သည်။

•တောင်တွင်းကြီးမြို့ပေါ် ၁၀ ရပ်ကွက်တွင် ယခင်က တလလျှင် လူသေဆုံးမှု ၃၀ ဦးခန့်သာ ရှိခဲ့ရာမှ တလအတွင်း ၁၀၀ ကျော်သေဆုံးခဲ့ပြီး သေဆုံးမှုနှုန်း ၃ ဆ မြင့်တက်သွားခဲ့သည်။

•အများစုမှာ အပူဒဏ်ကြောင့် မူလခံစားနေရသည့် ရောဂါများအခြေအနေ ပိုမိုဆိုးဝါးလာပြီး သေဆုံးကြ
ခြင်းဖြစ်သည်။

•သေဆုံးကြသူအများစုမှာ
၁။သက်ကြီးရွယ်အိုများ
၂။ကလေးသူငယ်များ
၃။နာတာရှည်ရောဂါ ခံစားနေကြရသူများ
၎။နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါရှိသူများ
၅။အရက်သေစာ သောက်စားတတ်သူများ၊
၆။နေပူပူတွင် တနေကုန် အလုပ်လုပ်နေကြရသူများတို့ အများဆုံး သေဆုံးကြတာကိုတွေ့ရပါတယ်။

•သစ်ပင်တပင်မှာ အသီးစိမ်းနဲ့ အသီးမှည့်များ ယှဉ်တွဲရှိနေတယ်ဆိုပါစို့။ လေပြင်းတိုက်ခတ်လာတဲ့ အချိန်မှာ အသီးမှည့်တွေက အရင်ကြွေကျတတ်ပါတယ်။ အသီးစိမ်းတွေက လေသိပ်ပြင်းထန်မှ သာကြွေ ကျတတ်ပါတယ်။ ဒီသဘောအတိုင်းပါပဲ။ အပူချိန်မြင့်တက်လာတဲ့အချိန်မှာ အထက်က လူ ၆ မျိုးဟာ အသီး
မှည့်တွေနဲ့တူပါတယ်။ အန္တရာယ်ရှိပါတယ်။

•ဒါ့ကြောင့် မိမိတို့မိသားစုအတွင်းမှာ ကျွန်တော်ပြောခဲ့တဲ့ အသီးမှည့်တွေရှိနေခဲ့မယ်ဆိုရင် ကျန်တဲ့ မိသားစု ဝင်တွေအနေနဲ့ သူတို့ကို အထူးဂရုစိုက်ပြီး စောင့်ရှောက်ပေးကြဖို့ အလေးအနက် တိုက်တွန်းအပ်ပါတယ်။

ဒေါက်တာကျော်ဆွေ
ရွှေအိမ်စည် စာကြည့်တိုက်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...