iOS 7 မှာ ကြုံတွေ့နေရတဲ့ Mail encryption bug ကို ဖြေရှင်းဖို့ jailbreak tweak တခု ထွက်ရှိ...

iOS 7.0.4 ကနေစပြီး iOS 7.1 ထိ version တွေ အားလုံးမှာ email attachments တွေကို encrypt မလုပ်တဲ့ ပြဿနာတခုကို တွေ့ရှိခဲ့တယ်လို့ လုံခြုံရေးသုတေသီ တစ်ဦးဖြစ်တဲ့ Andreas Kurtz က ဆိုပါတယ်...
ဒီ Mail encryption bug နဲ့ပတ်သက်လို့ Apple ကို အသိပေးထားပြီး Apple အနေနဲ့လည်း fix လုပ်နိုင်ဖို့ အတွက် ပြင်ဆင်နေကြတယ်လို့ Kurtz က ဆိုပါတယ်... ဒါပေမဲ့ ဘယ်အချိန် available ဖြစ်မယ်ဆိုတာ ကိုတော့ မသိသေးပါဘူး...
ကံကောင်းချင်တော့... လူသိများတဲ့ jailbreak developer တစ်ဦးဖြစ်တဲ့ Ryan Petrich က iOS 7 မှာ ကြုံတွေ့နေရတဲ့ အဆိုပါ Mail encryption bug ကို ဖြေရှင်းဖို့ (Patch လုပ်ဖို့) Attachment Encryptor ဆိုတဲ့ jailbreak tweak တခုကို release လုပ်လိုက်ပါတယ်... users တွေအနေနဲ့ လုပ်ရမှာက အဆိုပါ tweak ကို install ပြီး မိမိ iDevice ကို re-spring လုပ်လိုက်ရုံပါပဲ...
ဒီ tweak ဟာ အခမဲ့ဖြစ်ပြီး Cydia ထဲက Petrich’s beta repo စာမျက်နှာမျာ ရယူနိုင်ပါတယ်... တကယ်လို့ Cyida မှာ Petrich’s beta repo မရှိသေးဘူး ဆိုရင်... အဆင့်အတိုင်း Cydia >Manage tab >Sources >Edit button >Add နေရာမှာ http://rpetri.ch/repo/ ကို ရိုက်ထည့်ပါ... ပြီးရင် Search tab ထဲမှာ AttachmentEncryptor ကို ရိုက်ထည့်ပြီး ရှာပါ... တွေ့ရင် install လုပ်ပါ confirm လုပ်ခိုင်းရင် လုပ်ပေးလိုက်ပါ... SpringBoard ကို restart လုပ်ဖို့ ပြောလာရင် လုပ်ပေးပါ... ရပါပြီ...
Ref: idownloadblog/iPhonehacks
ကိုမျိုး
http://lwanmapyay.blogspot.com/