ကျောင်းနေအရွယ်ကလေးတွေအတွက် စာသင်ကျောင်းဆောက်လုပ်ပေးမယ့် သားစိုး

တေးသံရှင်သားစိုးက မြန်မာချစ်သူဆိုတဲ့ ပရဟိတအဖွဲ့တစ်ခုကို ဖွဲ့စည်းပြီး ကျောင်းနေအရွယ် ကလေး ငယ်များအတွက် ပညာရေး အထောက်အပံ့များ ပေးလျက်ရှိတာဟာ ၄ နှစ်နီးပါးပင်ရှိပြီဖြစ်ပါတယ်။ ဒလမြို့နယ်မှာလည်း ကျောင်းနေအရွယ် ကလေးများအတွက်အလှူဒါနအဖြစ်နှစ် စဉ်လို ကျောင်းအပ်ခ နဲ့ ကျောင်းသုံး ပစ္စည်းများလှူဒါန်းနေ သူလည်း ဖြစ်ပါတယ်။ ဒီနှစ်အတွက်အစီအစဉ်ကိုကော ဘယ်လိုစီစဉ် ထားလဲဆိုတော့
” ဒီနှစ်အတွက် အစီအစဉ်ကတော့ အတိအကျပြောလို့ မရသေး ဘူး။ ဖြူဖြူကလည်း အမေရိကရောက်နေ တယ်။ ကျွန်တော်ကလည်း ထိုင်းသွားဖို့တွေ၊ အမေရိက သွား ဖို့တွေရှိ တယ်။ အဲဒါကတော့ ပိုးထည်နဲ့ ပတ်သက်တဲ့ကိစ္စတွေကို ပြည်ပတွေနဲ့ပါ ချိတ်ဆက်ပြီးလုပ်ဖို့ပါ။ အဲဒီအတွက် ဒီနှစ်ကိုယ်တိုင်တော့ သွား မလှူဖြစ်ဘူး။ ငွေသား အနေ နဲ့တော့ လှူဖြစ်မှာပါ။ ဒီနှစ်ကအချိန်ကပ်သွားတဲ့ အတွက်ပါ။ နောက်နှစ် မှာတော့ မြေကွက်ဝယ်ပြီး ကျောင်းဆောက်လှူဒါန်းဖို့ ရည်ရွယ်ထားပါတယ်”လို့ သားစိုး က ပြောပါတယ်။
“လောလောဆယ်တော့ မြေကွက်ရှာနေတယ်။ အရှေ့ဒဂုံဘက်မှာ လုပ်ဖို့စဉ်းစားထားတယ်။ နောက်နှစ်မှာ မဖြစ်မနေလုပ်ဖို့စဉ်းစားထားတယ်။ အခုလို ငွေသားချည်း လှူ တာမျိုး မဟုတ် ဘဲ ကလေးတွေအတွက် လည်း သတ်သတ်မှတ်မှတ် ဖြစ်သွား အောင်ပေါ့။ အခုကျွန်တော် ဒီကျောင်းသား တွေအပြင် ဂီတ မိတ်မှာ ဂီတကျောင်းထားပေး ထားတဲ့ ကလေးအတွက်လည်း သူမုန့်ရောင်းချင်တယ်ဆိုလို့ လှည်းတစ်စီး စိုက်ထုတ် ဝယ်ပေးထားတယ်။ နောက်လမ်းဘေး ရောက်နေတဲ့ တခြားကလေး တွေ အတွက် လည်းနိုင်သလောက် လုပ်သွားမှာပါ။ ဒီနှစ်ကတော့ ကျောင်းဝင်ကြေးကလည်း အခမဲ့ဖြစ်မယ်လို့ ကြားတော့ အရင်နှစ်က ဝယ်ပေးထားတဲ့ ကျောင်း ပစ္စည်းတွေ ကသူတို့ အတွက် အဆင်ပြေမှာပါ”လို့ သားစိုးက ပြောပါတယ်။
ကျောင်းသားဘဝမှာလည်း ပြည်ပမှာ ကျောင်းသွားတက်ခဲ့ဖူးတဲ့သားစိုးကို ပညာရေးစနစ်နဲ့ ပတ်သက်ပြီး လည်း ဆက်လက်မေးဖြစ်တော့ ” နိုင်ငံတကာမှာ က ပညာရေး အတွက်ဆို အခမဲ့ပဲ။ ဒါကတော့ အစိုးရ တာဝန်ပေါ့။ ဒါပေမဲ့ အစိုးရကလည်း ဒီကိစ္စကို အလကားလုပ်ပေးလို့ မရဘူး။ ပြည်သူတွေဆီက အခွန်ကောက်ရမယ်။ အဲဒီေ တာ့ ပြည်သူကလည်း အခွန်မှန်မှန်ပေး၊ အစိုးရကလည်း အခွန်နဲ့ ပတ်သက်တဲ့ စည်းကမ်းကို သေချာ ထုတ်ပြီး သေချာတကယ်လုပ်ပေးလိုက်ရင် အဆင်ပြေမှာပါ” လို့ ပြောတဲ့ သားစိုးက သူ့သား ပန်းသီးလေးကိုတော့ ကျောင်းနေဖို့ သင့်တော်တဲ့အရွယ် ၅ နှစ်ဝန်းကျင်မှာမှကျောင်းစ ထား မှာ ဖြစ်ပြီး ၁ဝနှစ်၊ ၁၅ နှစ်အရွယ် မှာ တော့ ပြည် ပမှာ ကျောင်းသွားထားဖြစ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
” ငယ်စဉ်ကနေ နည်းနည်း အရွယ်ရောက်တဲ့အထိတော့ မြန်မာပြည် မှာ မြန်မာစာကို သေချာ သင် မယ်။ နို့မို့ဆို နည်း နည်းအာရုံနောက်တဲ့ကလေးဖြစ် သွားမှာစိုးလို့။ အရွယ်ရောက်လာရင်တော့ သူ့ကို ပြည်ပမှာ ကျောင်း တက်ခိုင်းဖို့ စဉ်းစားထားပါတယ်”လို့ သားစိုးကပြောပါတယ်။
ရဲရဲ
Popular Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) မိမိကိုယ္ကို ဆန်းစစ်ခြင်း... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) မန္တလေးတွင် တရုတ်နိုင်ငံသား ၄၀ ကျော် ပြည်နှင်ဒဏ်ပေး Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း