စတုတ္ထခွေ မှာ ကော်ပီမဟုတ်တဲ့ own tune တွေကြီးပါမယ်လို့ ပြောလာတဲ့ Rဇာနည်
ခင်ဆွေသက် on 2014-05-31 10:30
လတ်တလောမှာ စတုတ္ထခွေ အတွက် ပြင်ဆင်နေပြီလို့ပြောလာတဲ့ အာဇာနည်က သူ့ရဲ့လေးခွေမြောက် မှာ own tune တွေကြီးပဲ လို့ ပြောလာတာကြောင့် ပွဲတစ်ခုမှာ တွေ့ဆုံခိုက် မေးမြန်းဖြစ်ခဲ့တာက “ခုလတ် တလောက သီချင်းတွေ လိုက်ဆိုဖြစ်နေတယ်။ စတုတ္ထခွေ လုပ်နေတယ်။ တခြား ထွေထွေထူးထူးတော့ မပါဘူး။ အခွေက ထူးခြားတာက ကော်ပီတော့မဟုတ်ဘူး။ ဒါလေးပါပဲ။ ကျန်တာကတော့ အရင်တိုင်းပါပဲ ။ ပြောင်းလဲမှာတော့ မဟုတ်ဘူး။ တေးရေးတွေက ကေအေတီ ၊ စောခူဆဲ၊ ရွှေဂျော်ဂျော်၊ ဇ၀ါ၊ လင်းလင်း၊ ဖိုးကာ၊ Rခိုင်၊ ရေမွန်၊ အောင်ကိုမြင့်၊ အစ်ကိုလဲရေးထားတယ်။ title ကတော့မပေးရသေးဘူး။ ဒီ၂၀၁၄ ထဲထွက်ဖို့တော့ လုပ်နေတယ်။ own tune တွေကြီးပဲ လုပ်ဖြစ်တာက ဂီတရေစီးကြောင်းတစ်ခုအရပေါ့။ အမှတ်တရလဲဖြစ်အောင်၊ ကိုယ်လျှောက်လှမ်းခဲ့တဲ့ ဂီတလမ်းကြောင်းမှာ ထွက်သင့်တယ်ထင်လို့ ဒီအခွေလေးကို လုပ်ဖြစ်ခဲ့တာပေါ့။ သီချင်းက ထပ်ရေးခိုင်းထားတာတွေလဲ ရှိသေးတယ်။ ထည့်မဲ့ အပုဒ်ရေက အတိအကျတော့ ပြောလို့မရသေးဘူး။ ခုလက်ရှိကတော့ ၉ပုဒ်ပြီးသွားပြီ။”လို့ သူက ပြောပါ တယ်။
ပုဒ်မ ၄၃၆နဲ့ပတ်သတ်ပြီး တော့လဲ သူက “ကိုယ်လဲသွားထိုးပြီးသွားပြီ။ ထိုးသင့်တယ်ထင်လို့ထိုးပြီးသွား ပါပြီ။ အနုပ ညာရှင်တွေက နိုင်ငံရေးကို စိတ်ပါတာထက်စာရင် ကိုယ်ထင်တာကိုပြောမယ်ဆိုရင် ပြည်သူ လူထုအတွက် အနုပညာရှင်တွေက တစ်တပ်တစ်အား ပါဝင်တဲ့ သဘောပါ။ နိုင်ငံရေးလုပ်တာ မဟုတ်ပါ ဘူး။ ပုဒ်မ ၄၃၆နဲ့ပတ်သတ်ပြီးတော့လဲ ကိုယ်တိုင်ပါဝင်သွားဖို့ ရှိပါတယ်။”တဲ့။
Trend Myanmar
------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) လိင်ဆွဲဆောင်မှုပြင်းထန်နေတဲ့အတွက် Eva Green ရဲ့ Sin City ပိုစတာ ပိတ်ပင်ခံရ Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)ဆေးစွမ်းထက်သော သလဲသီး...သရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDS
- (အနောကျသို့) အပူအပင် မကင်းတဲ့ ကလေးဘဝ- ဒေါက်တာသက်ဦး Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)ဆေးစွမ်းထက်သော သလဲသီး...သရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDS