၂၀၃၅ ခုနှစ်မှာ အင်္ဂါဂြိုလ်ပေါ် လူတွေ ခြေချဖို့ ရည်မှန်းထားကြောင်း နာဆာအတည်ပြု၊ တစ်ကမ္ဘာလုံးက အကူအညီ လိုအပ်ကြောင်း ၀န်ခံပြောဆို
Angel on 2014-05-31 01:10
လပေါ် လူသားတို့ ခြေချပြီးနောက် အင်္ဂါဂြိုလ်ခရီးစဉ်ဟာ လူအများစု မျှော်လင့်ထားကြတဲ့ အရာတစ်ခု ဖြစ်ပါ တယ်။ အခုတော့ နာဆာ ဟာ ၂၀၃၅ ခုနှစ်မှာ လူသားတွေ ဂြိုလ်နီပေါ်ကို ခြေချဖို့ သူတို့  ရည်ရွယ် ထားကြောင်း ထုတ်ဖော်ပြောလိုက်ပါတယ်။
အကြီးအကဲသိပ္ပံပညာရှင် Dr.Ellen Stofan ရဲ့ ဗြိတိန်မှာ ပြောခဲ့တဲ့ မိန့် ခွန်းတွေမှာ အေဂျင်စီဟာ ဒီလို တာဝန်မျိုးကို နောက်ဆယ်စုနှစ်နှစ်ခုအတွင်းမှာ လုပ်ဆောင်မယ့် အစီအစဉ်တွေကို အကြမ်းဖျင်းထုတ်ပြောခဲ့ ပါတယ်။
နာဆာဟာ အာကာသတွင်းလွှတ်တင်မှုစနစ် အရွယ်အစားကြီးဒုံးပျံ နဲ့ Orion အာကာသယာဉ်အခန်း တွေ ကို ဖန်တီးခဲ့ပြီးနောက် နာဆာဟာ အင်္ဂဂြိုလ်ပေါ် လူလွှတ်ဖို့ အစီအစဉ်ကို ချဉ်းကပ်လာတာ ဖြစ်ပါတယ်။ ဒီစနစ် နှစ်ခုဟာ အင်္ဂဂြိုလ်ပေါ် လူသားတို့ ဆင်းသက်ပြီးနောက် ကမ္ဘာမြေပေါ် မပြန်ခင်အစီအစဉ်မှာ ပါဝင်မယ့် အစိတ်အပိုင်းတွေ ဖြစ်လာမှာပါ။
လန်ဒန် တော်ဝင်အသက်မွေးဝမ်းကျောင်းတက္ကသိုလ်နဲ့ သီးခြားတွေ့ ဆုံမှုမှာ Dr.Stofan က အင်္ဂဂြိုလ် ဟာ သူတို့ ရဲ့ အဓိကအာရုံစိုက်စရာတစ်ခု ဖြစ်နေဆဲလို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် သူမက ဒီအစီအစဉ်တွေအကောင်အထည်ဖော်ဖို့ နာဆာ တစ်ဦးတည်းလုပ်ဆောင်နိုင်မှာ မဟုတ်ဘဲ တခြားနိုင်ငံတွေနဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းလုပ်ဆောင်မှုတွေလိုအပ်ကြောင်း ထပ်ပြောကြား ခဲ့ပါတယ်။
“ ဒါဟာ ကျွန်မတို့ အတွက် မဖြစ်မနေတာဝန်ပါ။ လုပ်စရာအလုပ်တွေအများကြီးရှိနေပါတယ်။ ဒါကြောင့် ကျွန်မတို့ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ အာကာသအေဂျင်စီတွေအနေနဲ့ ကျွန်မတို့ နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့  လိုအပ်နေပါတယ်” လို့ ဒေါက်တာက ပြောကြားခဲ့ပါတယ်။
နာဆာ ရဲ့ အင်္ဂါဂြိုလ်မစ်ရှင် အတွက် တစ်စိတ်တစ်ပိုင်းဖြစ်လာမယ့် အော်ရီယွန်အာကာသယာဉ်အခန်း
Ref: Dailymail.co.uk
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) အမေရိကန်အစိုးရကျောင်းများသို့ မက်ဇူကာဘက်နှင့်ဇနီး ကန်ဒေါ်လာ သန်း ၁၂၀ လှူဒါန်း Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) လိင်ဆွဲဆောင်မှုပြင်းထန်နေတဲ့အတွက် Eva Green ရဲ့ Sin City ပိုစတာ ပိတ်ပင်ခံရ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း