ခေါင်းဆောင်မင်းသမီးအဖြစ် ဇာတ်ကားတွေ ရိုက်နေရပြီဖြစ်တဲ့ သွန်းဆက်
စန္ဒီ on 2014-05-30 15:14
၂၀၁၀ အကယ်ဒမီ ဗန်းကိုင်ကနေ တစ်ဆင့် အနုပညာရုပ်ရှင်၊ ဗီဒီယိုလောကထဲသို့ ဝင်ရောက်ပြီး သရုပ်ဆောင်ခွင့် ရလာခဲ့တဲ့ မော်ဒယ်၊ သရုပ်ဆောင်သွန်းဆက်ကို လတ်တလော အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တာကတော့ “သွန်းဆက် လတ်တလောမှာတော့ ဂျာနယ်၊ မဂ္ဂဇင်းတွေအတွက် ဓာတ်ပုံရိုက်ဖြစ်တယ်။ ပြီးတော့ တီဗီကြော်ငြာတွေ ရိုက်ဖို့ရှိပါတယ်။ ဗီဒီယိုဇာတ်ကားနဲ့ ပတ်သက်ပြီးတော့ အခု ကိုလူမင်းနဲ့ ဗီဒီယိုဇာတ်ကား တစ်ကားရိုက်နေပါတယ်။ ဒီဇာတ်ကားလေးက ကားဟောင်းလေးပါ။ ဟိုးအရင်တုန်းက ဦးကျော်ဟိန်းနဲ့ မထက်ထက်မိုးဦး တို့ ရိုက်ခဲ့တဲ့ကားပါ။ အခု ကိုလူမင်းနဲ့ သွန်းဆက် တို့ ပြန်ပြီးရိုက်တာပေါ့။ ဇာတ်ကားနာမည်ကို ပထွေးလို့ပေးထားတယ်။ အရင်က ဇာတ်လမ်းအတိုင်း အတူတူပဲဖြစ်မလား။ ဇာတ်လမ်းပုံစံနည်းနည်း ပြန်ပြောင်းထားလား ဆိုတာကိုတော့ သွန်းဆက်လည်း မသိပါဘူး။ ဒီပထွေး ဇာတ်ကားမှာ ခေါင်းဆောင်မင်းသမီးနေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။
သွန်းဆက် ခေါင်းဆောင်မင်းသမီး နေရာက ရိုက်တာတော့ ဇာတ်ကားနှစ်ကားရှိပြီ။ ဘောကွဲဇာတ်ကားက အရင်ဆုံး ခေါင်းဆောင်မင်းသမီးနေရာက စရိုက်ခဲ့တဲ့ကားလေးပါ။ ပြီးတော့ ကိုအောင်ရဲလင်းနဲ့ တစ်ကား ရိုက်ထားသေးတယ်။ ကိုလူမင်းနဲ့ ရိုက်ထားတဲ့ ဘောကွဲဇာတ်ကားကတော့ ထွက်တော့မယ် ထင်တယ်။ အဲဒီဇာတ်ကားလေးကိုတော့ သွန်းဆက်သဘောကျတယ်။ ကာရိုက်တာ ရွေးချယ်မှု အပိုင်းကျတော့ ဘယ်လိုကာရိုက်တာ ဇာတ်ရုပ်မျိုးမဆို စုံအောင်လို့ရိုက်ကြည့်ချင်ပါတယ်။ ခုချိန်မှာ ကိုယ်က ဘယ်လိုဇာတ် ရုပ်မျိုး ရိုက်ရမှဆိုပြီး မဆုံးဖြတ်ရဲသေးပါဘူး။ ကိုယ့်အတွက်နေရာရမယ့် ဇာတ်ရုပ်မျိုးနဲ့ ခေါင်းဆောင် မင်းသမီး နေရာဆိုရင်တော့ ဘယ်လိုဇာတ်ရုပ်မျိုးပဲ ဖြစ်ဖြစ် လက်ခံရိုက်ကူးသွားမှာပါ။ ကိုယ်ရိုက်ထားတဲ့ ဇာတ်ကားတွေထွက်လာလို့ ပြန်ကြည့်တိုင်း ကိုယ့်ကိုကိုယ် လိုအပ်မှု ရှိနေသေးတယ်လို့ ခံစားရပါတယ်။ အခုမှ သွန်းဆက်တို့က အသစ်ပဲရှိပါသေးတယ်။ ဒါပေမယ့် အသစ်ဆိုပေမယ့် ကိုယ်လုပ်ရမယ့် ကာရိုက်တာ အပေါ်မှာ အကောင်းဆုံး ဖြစ်ဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားပြီး သရုပ်ဆောင်ခဲ့တယ်။ ကိုယ့်ကိုကိုယ်လည်း ကြိုးစားဖို့အများကြီး လိုသေးတယ်လို့ ထင်တယ်။ အနုပညာလမ်း ခရီးမှာ ရှေ့ ဆက်လျှောက်ရဦးမှာပါ။ အဲဒီ့အတွက် ပရိသတ်ရဲ့အားပေးမှုတွေ အများကြီးလိုအပ်ပါတယ်။ ပရိသတ် အားပေးမှ သွန်းဆက် ဆိုတာ ဖြစ်လာမှာပါ”လို့ သူမက ဆိုပါတယ်။
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) တစ်ချိန်တည်း တစ်ထိုင်တည်း နဲ့ Facebook Account ပေါင်းမြောက်မြားစွာကို လွယ်လွယ်ကူကူနဲ့ ကိုယ်ကိုယ်တိုင် ဖွင့်လို့ရဖို့အတွက် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) lenovo A269i ကို offical rom ပြန်တင်နည်း Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း