လက်နှစ်ဖက်မရှိဘဲ ကာယဗလမယ် ဖြစ်လာတဲ့ အမျိုးသမီး
Angel on 2014-05-30 13:03
Barbie Thomas ဆိုတဲ့ အမျိုးသမီးဟာ တခြား အသက် ၃၇ နှစ်အရွယ် မိန်းမတွေနဲ့ သိပ်တော့ မကွာခြား လှ ပါဘူး။ သူ့ မှာ ကလေးနှစ်ယောက်ရှိတယ်၊ ပြီးတော့ ကာယလေ့ကျင့်မှုကို နှစ်ရှည်စွဲလုပ်လာတဲ့ လူတစ်ယောက်၊ သူမ ကောင်းကောင်းချက်ပြုတ်တတ်တယ်၊ ကိုယ့်ဘာသာမိတ်ကပ်လိမ်းနိုင်တယ်၊ စာရိုက်နိုင်တယ်၊ ကားမောင်းနိုင်တယ်။ တကယ်တမ်းလည်း သာမန် ၃၇ နှစ်အရွယ် အမျိုးသမီးတွေလိုပါပဲ။ ဒါပေမယ့် ထူးခြားချက်တစ်ခုကတော့ သူမမှာ လက်နှစ်ဖက်မရှိပါဘူး။
သူမ ကလေးမလေးအရွယ်မှာတင် ပြင်းထန်တဲ့ဓာတ်လိုက်မှု တစ်ခုကြောင့် လက်နှစ်ဖက်လုံး ဆုံးရှုံး လိုက်ရတယ်။ သူမဟာ သူ့ ခြေထောက်ကို အားကိုးပြီးပဲ ဒီ နေ့ စဉ်လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ရတာပါ။ ဒီထက် ထူးခြားတာကတော့ သူမဟာ ကာယဗလမယ် တစ်ယောက်လည်း ဖြစ်ပါတယ်။
သူမဘ၀ရဲ့ အကြီးမားဆုံးအချိုးအကွေ့ ကို ကြုံရပြီးနောက် ၂၀၀၃ ခုနှစ်မှာ Barbie ဟာ မဂ္ဂဇင်းမှာ ပါတဲ့ ကာယဗလပြိုင်ပွဲတွေကို ကြည့်နေရင်းက သူမကိုယ်တိုင် ဒီပြိုင်ပွဲတစ်ခုခုမှာ ၀င်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကာယဗလဆရာတွေဆီမှာ သူမ စတင်လေ့ကျင့်သင်ကြားခဲ့ပြီး အခုဆိုရင် ပွဲစဉ်တိုင်းကို ပုံမှန်ဝင်ရောက် ယှဉ်ပြိုင်နေပါပြီ။
လွန်ခဲ့တဲ့ပိတ်ရက်မှာတော့ Barbie ဟာ တောင်ကယ်လီဖိုးနီးယားပြည်နယ်၊ Charleston မြို့ မှာ ပြုလုပ်ခဲ့တဲ့ NPC Junior USA ကာယဗလချန်ပီယံရှစ် ပြိုင်ပွဲမှာ ပွဲကြည့်ပရိတ်သတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။
အခု Barbie ဟာ တခြားလူတွေဟာ သူမကို အားကျပြီး သူတို့ ရဲ့ ကာယကြံ့ခိုင်မှု အမြင့်ဆုံးရည်မှန်း ချက် တွေကို ရောက်ရှိစေဖို့ ဆန္ဒပြင်းနေပါတယ်။
“ ကျွန်မ အကုန်လုံးကို ပြောချင်တာကတော့ ရှင်တို့ စိတ်ကို တကယ်နှစ်ထားရင် ဘာမဆို လုပ်နိုင်ပါတယ်” လို့  Barbie က ပြောကြားခဲ့ပါတယ်။
“ ကန့် သတ်ချက်တွေဆိုတာ ရှင်တို့ ကိုယ့်ဘာသာကိုယ် သတ်မှတ်ထားတဲ့ အရာတွေသက်သက်ပါ။ လူ တိုင်းမှာ အကန့် အသတ်တွေ ရှိပေမယ့် တစ်နည်းမဟုတ်တစ်နည်းနဲ့ တော့ အားသာချက်တွေ ရှိပါတယ်။ ကျွန်မ အားသာချက်က ရှင်တို့ ထက် ပိုမြင်သာနေတာနေမှာပါ” လို့ သူမက ထပ်ပြောကြားခဲ့ပါတယ်။
သူမဟာ NPC ကာယဗလပြိုင်ပွဲမှာ ဆုကြီးကြီးမားမား မရခဲ့ပေမယ့် ပြိုင်ပွဲဝင် ကာယဗလမောင်၊မောင် တွေ ရာ ကျော်ကြားမှာ ပရိတ်သတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကို ရရှိခဲ့တဲ့ တစ်ဦးတည်းသော ပြိုင်ပွဲဝင်ပါ။
သူမ ပြိုင်ပွဲအတွက် ဘယ်လို လေ့ကျင့်ပြင်ဆင်လဲ ဆိုတာ အောက်ပါဗီဒီယိုမှာ ကြည့်နိုင်ပါတယ်။
Ref: womenshealthmag.com
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) ပွဲဆူနေတဲ့ စိုင်းစိုင်းရဲ့ နိုင်ငံရေးမနိုင်ဝန် Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးသရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) မီးဖိုချောင် စ၀င်မယ့် အမျိုးသမီးတွေ သိထားသင့်တဲ့အရာများ Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးသရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း