သွားတိုက်ဆေးတွင်ပါသည့် ဖလိုရိုက်ဒ် ကဲ့သို့သော ဓာတုပစ္စည်းများက ကလေးဉာဏ်ရည်ကို ထိခိုက်စေနိုင်

ပြည်သူ့ ကျန်းမာရေး ကျွမ်းကျင်သူ နှစ်ဦးက သွားတိုက်ဆေးတွင် ပါဝင်သည့် ဖလိုရိုက်ဒ် ကဲ့သို့သော ကုန်ထုတ် လုပ်ငန်းများမှ ဓာတုပစ္စည်း များက ကလေးများ၏ ဦးနှောက် ဖွံ့ဖြိုးမှုကို ထိခိုက်စေ နိုင်ကြောင်း ဖေဖော်ဝါရီ ၁၅ ရက်တွင် သတိပေးလိုက်သည်။
ဟားဗက် ပြည်သူ့ ကျန်းမာရေးကျောင်းမှ ဖိလစ်ပီ ဂရင်းဂျင်းနှင့် နယူးယောက်မြို့ရှိ အိကိန်း ဆေးကျောင်းမှ ဖိလစ် လန်ဒရိဂန်တို့က ကလေးများ၏ ဦးနှောက် ဖွံ့ဖြိုးမှုကို ဟန့်တားနေသော ကုန်ထုတ်ဓာတု ပစ္စည်းများ သည် ၂ဝဝ၆ ခုနှစ် တွင် ခြောက်မျိုးသာ ရှိခဲ့ရာမှ ယခုအခါ ၁၂ မျိုးအထိ နှစ်ဆ တက်လာခဲ့သည် ဟု ပြောကြားခဲ့သည်။
၂ဝဝ၆ ခုနှစ် အတွင်းက သုံးသပ်ချက် တစ်ရပ်တွင် သူတို့နှစ်ဦးသည် အီသနော၊ ခဲ၊ မီသိုင်း မာကျူရီ၊ ပိုလီကလိုရင် နိုက်တက် ဘိုင်ဖီနှိုင်း၊ အာစင်းနစ်နှင့် တော်လင်း တို့ကို ဦးနှောက်နှင့် အာရုံကြော ဖွံ့ဖြိုးမှု အပေါ် အဆိပ်သင့်စေသော အရာများ အဖြစ် သတ်မှတ်ခဲ့ကြသည်။
ယင်းနောက်ပိုင်း လေ့လာချက် များအရ မက်ဂနိစ်၊ ဖလိုရိုက်ဒ်၊ ကလိုပါရီဖော့စ်၊ ဒိုင်ကလိုရို ဒိုင်ဖီနှိုင်း ထရိုင်ကလိုရို အီသိန်း၊ တက်ထရာ ကလိုရို အီသိုင်လင်းနှင့် ပိုလီဘရိုမင် နိတ်တက် ဒိုင်ဖီနှိုင်း အီသာ တို့သည်လည်း အလားတူ အမျိုးအစား ထဲတွင် ပါဝင်လာကြောင်း သုံးသပ်ချက် အသစ်၌ ပြောကြားထား သည်။ အဆိုပါ ဓာတုပစ္စည်း များကို ပိုးသတ်ဆေး၊ သန့်ရှင်းရေး ပစ္စည်းများနှင့် မီးသတ်ဆေးဘူး များမှသည် အရာရာတိုင်း အထိ အသုံးပြုနေ ကြသည်ဟု ဆိုသည်။ ဖလိုရိုက်ဒ်ကို သွားတိုက်ဆေး များအတွင် ထည့်သွင်းပြီး နိုင်ငံများစွာတွင် ဘုံဘိုင်ရေများ အတွင်း၌ ထည့်သွင်းလေ့ ရှိကြသည်။
Ref: AFP
Weekly Eleven Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) ပူလွန်းလို့ ရေအလွန်အကျွံသောက်သူများ သတိထား သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်း
- (အနောကျသို့) ရေအောက်မှာ တည်ဆောက်ထားတဲ့ ဟိုတယ် သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်း