အစိုးရဌာနများတွင် Microsoft Windows 8 အသုံးပြုခွင့် တရုတ်ပိတ်ပင်
တရုတ်အာဏာပိုင်များသည် အစိုးရကွန်ပျူတာများတွင် Microsoft ၏ Windows အသုံးပြုမှုကို တားမြစ် ပိတ်ပင်ခဲ့ကြောင်း သိရသည်။ အာဏာပိုင်များက စွမ်းအင်ချွေတာသည့် ထုတ်ကုန်များ အသုံးပြု လိုသောကြောင့် အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်းပြောကြားထားသည်။
သို့ရာတွင် Xinhua သတင်းအေဂျင်စီက နိုင်ငံရပ်ခြား operating system များတွင်ဖြစ်ပွားနေသည့် လုံခြုံရေးနှင့်ဆက်နွှယ်နေသည့် ပြဿနာများကြောင့် အထက်ပါအတိုင်း တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း
ပြောကြားခဲ့သည်။ အဆိုပါကိစ္စသည် အံ့အားသင့်စရာကောင်းကြောင်း Microsoft ကပြောကြားခဲ့ပြီး တရုတ်အာဏာပိုင်များ အသုံးပြုနေသည့် ဗားရှင်းဟောင်း ဆော့ဖ်ဝဲများကိုမူ ထောက်ပံ့မှုဆက်လက်
ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သို့ရာတွင် တရုတ်နိုင်ငံတွင် ကျယ်ပြန့်စွာအသုံးပြုနေသည့် Windows XP ကို Microsoft ကလုံခြုံရေးထောက်ပံ့မှု ရုပ်သိမ်းခဲ့သောကြောင့် တရုတ်အာဏာပိုင်များ အနေဖြင့်စိုးရိမ်ပူပန်သင့်ကြောင်း Xinhua ကဖော်ပြခဲ့သည်။
Microsoft ၏ပြောရေးဆိုခွင့်ရှိသူက အဆိုပါပိတ်ပင်မှုသည် အစိုးရဌာနများမှ ဝယ်ယူထားသည့် desktop, laptop နှင့် tablet PC များပေါ်သို့ သက်ရောက်မှုရှိပြီး အစိုးရရုံးများမှ အသုံးပြုနေသည့် ကွန်ပျူတာများကို ဦးတည်ထားကြောင်း သိရသည်။ သို့သော်လည်း PC ကွန်ပျူတာဈေးကွက်ကိုမူ ထိခိုက်မှုမရှိကြောင်း Xinhua ကဖော်ပြသွားခဲ့သည်။
-စိုးထက်
Ref: BBC
Internet Journal အတွဲ (၁၅)၊ အမှတ် (၂၀)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) အကြမ်းခံသည့် Samsung Galaxy S5 Active ကို ရောင်းပြီ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable...
- (အနောကျသို့) နည်းပညာစာအုပ်များ စုစည်းမှု... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable...