အချက်အလက် ၁၄၅ သန်းကို eBay ထံမှဟက်ကာများ ခိုးယူခဲ့

ပြီးခဲ့သည့်သုံးလခန့်က ဟက်ကာများသည် eBay network ကိုတိုက်ခိုက်ခဲ့သောကြောင့် eBay ကုမ္ပဏီ ကိုသုံးစွဲသူများ၏ account ပေါင်းများစွာကို ထိခိုက်ခဲ့ပြီးသမိုင်းတွင် အကြီးအကျယ်ဆုံးအချက်အ လက်ပေါက်ကြားမှု တစ်ခုဖြစ်လာကာ eBay database မှသုံးစွဲသူအချက်အလက် ၁၄၅ သန်းခန့်ခိုးယူခံခဲ့ ရကြောင်း သိရသည်။
ထို့နောက် eBay ကသုံးစွဲသူများအနေဖြင့် password များအလျင်အမြန် ပြောင်းထားကြရန် အကြံပြုထား သည်။ ဖေဖော်ဝါရီလနှောင်းပိုင်းနှင့် မတ်လအစောပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုကို ပြုလုပ်သည့် ဆိုက်ဘာရာဇဝတ် ကောင်များအချက်အလက်များ ခိုးယူခဲ့ကြောင်း eBay ကပြောကြားထားသည်။ eBay ပြောရေးဆိုခွင့်ရှိသူ Amanda Miller က encrypt ပြုလုပ်ထားသည့် eBay account password များကိုဟက်ကာများက ဖြည်ခဲ့သည့်အတွက် မယုံကြည်နိုင်လောက်အောင် ဖြစ်မိကြောင်းပြောကြား သွားခဲ့ သည်။ ဟက်ကာများသည် database မှ password များအပါအဝင် email လိပ်စာများ၊ မွေးရပ်လိပ်စာ များ၊ မေးလ်ပို့သည့် လိပ်စာများနှင့် အခြားပုဂ္ဂိုလ်ရေး အချက်အလက်များ ခိုးယူခဲ့သော်လည်း အကြွေးဝယ် ကတ်နံပါတ်ကဲ့ သို့သောဘဏ္ဍာရေး အချက်အလက်များ မပါဝင်ကြောင်းသိရသည်။
ကုမ္ပဏီအနေဖြင့် အဆိုပါကိစ္စအတွက် ကူညီစုံစမ်းစစ်ဆေးရန် FireEye ကုမ္ပဏီမှ Mandiantforensics ဌာနကိုငှားရမ်းထားကြောင်း Miller က ပြောကြားခဲ့သည်။ လုံခြုံရေးကျွမ်းကျင် ပညာရှင်များက eBay သုံးစွဲ သူများအနေဖြင့် အခြား account များတွင်တူညီသည့် Password များအသုံးပြုထားပါက ပြောင်းလဲရန် အကြံပြုထားသည်။
-စိုးထက်
Ref: Reuters
Internet Journal အတွဲ (၁၅)၊ အမှတ် (၂၀)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) Complete list of Linux Commands စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို
- (အနောကျသို့) စိတ်ဖိစီးမှုကို လျှော့ချပေးမည့် Eye and Head Massager စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို