CF Auto root နဲ့ root တဲ့အခါ cache.img တစ်နေသူများအတွက်

အခုကျွန်တော်တို့ Samsung ဖုန်းတွေ ကိုroot တဲ့ အခါမှာ CWM သွင်း root တာရှိသလို CF Auto Root နဲ့ root တာတွေလည်း ရှိပါတယ်.. အများစုကတော့ CWM က အဆင့်တွေများလို့ CF Auto Root နဲ့ root ကြတဲ့သူတွေ များပါတယ် CF Auto Root က လွယ်လွယ်ကူကူနဲ့ super user တခါတည်းပါတဲ့ အတွက်ကြောင့် အသုံးပြုသူတော်တော် များများက နှစ်ခြိုက်ကြပါတယ် ဒါပေမယ့် အခုနောက်ပိုင်းမှာ root ဖိုင်ကို odin က flash ရင် ပြီးတယ် ဆိုတာပြပြီး ဖုန်းမှာတော့ cache.img မှာ တစ်နေတတ်ပါတယ် တချို့က စိုးရိမ်လွန်ပြီး ကြိုးဖြုတ် ပါဝါပြန်ဖွင့်ကြည့်တော့ kies ကို ချိတ်ခိုင်းနေပါတော့တယ် အဲ့အချိန် ပြူး တူးပြာတာနဲ့ firmware တွေပြန်တင်ပါတော့တယ်။
တကယ်တော့ တင်စရာမလိုပါဘူး ။ လုပ်ရမှာကတော့ cache.img မှတစ်နေရင် ဖုန်းဓာတ်ခဲ ကိုဖြုတ် ပြန် တပ်ပြီး download mode ကိုပြန်ခေါ် root ဖိုင်ကို ပြန်ထည့်ပြီး ပြန် flash ပါ တခါတလေ ၂ခါလောက် လုပ်ရပါတယ် ။ကျွန်တော်ဆို ၅ခါထိ ဓာတ်ခဲဖြုတ်ပြန်တပ် ပြန် root လိုက်နဲ့ ကြုံဖူးပါတယ် အကောင်းဆုံး ကတော့ အချိန်ခဏစောင့် root ပေးပါ ..ပြန်ပြီး root ရင် cache.img က တစ်မနေတော့ဘဲ root ကိုအောင်မြင်စွာရနိုင်မှာပါ.။ အကောင်းဆုံးဖြစ်ချင်ရင် laptop ကို restart ချပေးလိုက်ပါ ။ ပြီးလျှင်ပြန် root ပါ သင့်ဖုန်းကို firmware တင်စရာမလို ဘဲ root ရနိုင်မှာပါ..
အားလုံးအဆင်ပြေကြပါစေ .........
Credit : Aung Khaing
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) Smart Zawgyi Pro (Android version) စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ်ဝန်ရချင်လို့Very little makes it more valuable... မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို
- (အနောကျသို့) Samsung keypad ဖုန်းတွေအတွက် factory reset ချနည်း စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ်ဝန်ရချင်လို့Very little makes it more valuable... မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို