သူ့ iPod ကို သိမ်းခဲ့လို့ အဖေနဲ့ အမေကို သတ်မိခဲ့တာဖြစ်ကြောင်း ဆယ်ကျော်သက် ၀န်ခံ
Angel on 2014-05-30 18:30

လူသတ်တရားခံဟု ယူဆရတဲ့ ဆယ်ကျော်သက်ဟာ သူ အမေနဲ့ အဖေဟာ သူ့ iPod ကို သိမ်းယူ ခဲ့တဲ့ အတွက် သတ်မိခဲ့တာဖြစ်ကြောင်း ၀န်ခံလိုက်ပါတယ်။
အသက် ၁၆ နှစ်အရွယ် Vincent Parker ဟာ ခရစ်စမတ်မတိုင်ခင်တစ်ပတ်က သူ့ ရဲ့ မိဘတွေကို ရက်ရက် စက်စက် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ Vincent ဟာ သူ့ ရဲ့ MP3 ဖွင့်စက် ကို သူ့ ဆီက သိမ်းတာမျိုးလို အပြစ်ပေးခြင်းတွေ ခဏခဏခံရတာကို စိတ်ပျက်မိပြီး သူတို့ ကို သတ်မိခဲ့တာဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။
Virginia ပြည်နယ်၊ Norfolk မြို့ က ဆယ်ကျော်သက်ဟာ အမေဖြစ်သူ Carol ရေချိုးခန်းက ထွက်လာတုန်း မှုတ်ဆေးဘူးနဲ့ တိုက်ခိုက်ခဲ့ပြီးနောက် မျက်လုံးကို ထိုးဖောက်ခဲ့ပါတယ်။ နောက် သူမရဲ့ ခေါင်းနဲ့ မျက်နှာတွေ ကို ဘတ်စကတ်ဘောရိုက်တံနဲ့ သူမအသက်ရှူရပ်သွားတဲ့အထိ ရိုက်ပစ်ခဲ့တယ်လို့ WTKR-TV သတင်း ချန်နယ် က တင်ပြခဲ့ပါတယ်။
သိပ်မကြာခင် အဖေဖြစ်သူ Wayne အိမ်ပြန်ရောက်တဲ့ အခါမှာလည်း Vincent ဟာ အဖေကို သံတူရွင်းနဲ့  ရိုက်ခဲ့ပြီး တူရွင်းနဲ့ အချက်ပေါင်းများစွာ ထိုးနှက်ခဲ့တယ်လို့ သိရပါတယ်။
Mr.Parker ဟာ အရေးပေါ်ဌာနကို ဖုန်းဆက်ပြီး ဖြစ်ရပ်ကို အကြောင်းကြားနိုင်ခဲ့ပေမယ့် ဆေးရုံရောက် မှာ သေဆုံးသွားခဲ့ပါတယ်။ အမေဖြစ်သူ Mrs.Parker ကတော့ ပွဲချင်းပြီး သေဆုံးခဲ့တာပါ။
Vincent ကတော့ သူ့ အဖေက သူ့ ကို အရင်တိုက်ခိုက်ခဲ့တာလို့ ပထမ ထွက်ဆိုခဲ့ပေမယ့် နောက်ပိုင်း မှာတော့ သူ့ မိဘတွေကို သတ်ခဲ့မိတာဖြစ်ကြောင်း ၀န်ခံခဲ့ပါတယ်။ Vincent ဟာ သူ့ အပြစ်ကို အသနား ခံခဲ့ပေမယ့် တရားရုံးကတော့ ပယ်ချခဲ့ပါတယ်။
စစ်ဆေးရေးအရာရှိတွေကို သူ ပြောခဲ့တာကတော့ “ ကျွန်တော် တော်တော်ဒေါသထွက်သွားတာကိုပဲ မှတ်မိတယ်။ ဒါတွေအားလုံးက ကျွန်တော့်အဖေကြောင့်။ သူပဲ ကျွန်တော့် iPod နဲ့ ပစ္စည်းတွေ သိမ်းခဲ့တာ”
သူ့ ရဲ့အဖွားဖြစ်သူ Carol ရဲ့အဖေ Allen Taylor ကတော့ သူ့ မြေးဘာလို့ အခုလို ကြမ်းကြုတ်ခဲ့တဲ့ဆိုတာ နားလည်ဖို့ တော်တော်ခက်ခဲခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။
‘ သူက ကျောင်းမှာတော်တဲ့ကလေးပါ။ ဘာတွေဖြစ်ခဲ့လဲ့ ကျွန်တော် မသိဘူးဗျာ”
Parker ကို စက်တင်ဘာမှာ အမိန့် ချမှာပါ။
Ref: Mirror.co.uk
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) ဒုတိယ တစ်ကိုယ်တော်အခွေအတွက် ပြင်ဆင်နေပြီဖြစ်တဲ့ ချစ်သုဝေ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးCytotec (Misoprostol) ဆေးသုံးနည်းသရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...
- (အနောက်သို့) အပေါ်ပိုင်း ဗလာကျင်းနဲ့ မြို့ပတ်နေတဲ့ အနုပညာရှင်တစ်ဦး Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးCytotec (Misoprostol) ဆေးသုံးနည်းသရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...