အပူ လောင်ခြင်းနှင့် အရည်ပူ လောင်ခြင်း

အပူလောင်ခြင်း သုံးမျိုးရှိရာ
(က) မီး၊ နေနှင့် သတ္တုအပူ စသော အခြောက် အပူလောင်ခြင်း၊
(ခ) လောင်စေတတ်တဲ့ ဓာတုပစ္စည်းများ ဥပမာ- ငရဲမီး အက်စစ်များ လောင်ခြင်း၊ အရည်ပူလောင်ခြင်း၊
(ဂ) ရေနွေး၊ ရေနွေးငွေ့၊ ဆီပူ၊ ကတ္တရာပူ လောင်ခြင်းတို့ဖြစ်တယ်။
အပူလောင်ခြင်း သို့မဟုတ် အရည်ပူ လောင်ခြင်းတို့ကြောင့် ခံစားရတဲ့ ဝေဒနာတွေကတော့ အတူတူပဲ ဖြစ် တယ်။ အပူလောင်ခြင်းကြောင့် အရေပြား နီမြန်းခြင်း၊ အရေပြားနဲ့ အရေပြား အောက်မှာရှိတဲ့ ဆဲလ် ကလာပ်စည်းများ ပျက်စီးစေခြင်း တို့ ဖြစ်တတ်ပြီး ပြင်းထန်စွာ ပူလောင် နာကျင်ခြင်းလည်း ခံစားတတ် တယ်။ မခံမရပ်နိုင်အောင် နာကျင်ခြင်းနဲ့ လောင်ကျွမ်းနေတဲ့ နေရာမှာ သွေးရည်ကြည် ဆုံးရှုံးခြင်းကြောင့် ထိတ်လန့်ခြင်း ဝေဒနာပြင်းထန်စွာ ခံစားရတတ်တယ်။ အပူလောင်တဲ့ နေရာ ကို ရောဂါပိုးမွှားများ ဝင်ရောက်လာမှာ စိုးရိမ်ရ အပူလောင်ခြင်းရဲ့ အန္တရာယ်က လောင်ကျွမ်းတဲ့ နေရာရဲ့ မျက်နှာပြင် အကျယ် အဝန်းကိုလိုက်ပြီး ကြီးမားစေတယ်။ တစ်ကိုယ်လုံးမှာ ရှိတဲ့ အရေပြားရဲ့ သုံးပုံတစ်ပုံ သို့မဟုတ် ထိုထက် ပိုမို ဖြစ်ပေါ်ပါက လူနာဟာ အသက်အန္တရာယ် စိုးရိမ်ဖွယ်ကောင်းတဲ့ လူနာဖြစ်တယ်။
ကလေး သူငယ်များနှင့် နို့စို့ ကလေးတွေမှာ အပူလောင်ရင် ဒဏ်ရာမည်မျှ သေးစေကာမူ အရေးကြီးတဲ့ အတွက် ဆေးကုသမှု ခံယူရမယ်။ တစ်စုံတစ်ဦးရဲ့ အင်္ကျီစကို မီးစွဲလောင်ရင် ကြမ်းခင်း၊ စားပွဲခင်း၊ စောင် စတဲ့ ရရာ အဝတ်တစ်ခုကို ရေစွတ်ကာ အကာအကွယ်ယူပြီး မီးလောင်သူထံ ချဉ်းကပ်တာ သို့မဟုတ် အဝတ်ဖြင့် ရစ်ပတ်လှဲချပြီး မီးတောက်များကို ငြှိမ်းသတ်ရမယ်။ တစ်စုံတစ်ဦး မီးစွဲလောင်ပါက တစ်ဦး တည်း ဖြစ်နေရင် ကြမ်းပြင်ပေါ်၊ မြက်ပေါ် လှိမ့်ချပြီး အနီးဆုံး ရရာအဝတ်နဲ့ ရစ်ပတ်ကာ အကူအညီကို ခေါ် ရမယ်။ လေဟာပြင်၊ လေတိုက်ရာ အရပ်ဆီ ထွက်မပြေးကြဖို့ သတိပြုရမယ်။ အပူလောင်ခြင်းကို ပြုစုရာမှာ လိုက်နာရမှာက (၁) လိုအပ်သည်ထက် ပို၍ ဒဏ်ရာရတဲ့ နေရာကို ကိုင်တွယ်ခြင်းမှ ရှောင်ရှားရမယ်။ လက်များ သန့်ရှင်းစင်ကြယ်စွာ ဆေးကြောပြီးမှ ဆောင်ရွက်ရမယ်။ (၂) မည်သည့် ဆေးရည်မှ မလိမ်းရ။ ဆိုဖလာ(၂) ထည့်နိုင်တယ်။ (၃) လောင်ကျွမ်းတဲ့ အဝတ်များ မဖယ်ရှားရ။
ဖောင်းကြွတဲ့ အနာဖုများ မဖောက်ရပါ။ (၄) လောင်ကျွမ်းတဲ့ နေရာများကို ပိုးမွှား ကင်းစင်အောင်၊ သန့်ရှင်း စင်ကြယ်အောင် ဂွမ်း သို့မဟုတ် ဖွပ်လျှော်ပြီး အဝတ်စဖြင့် ဖုံးအုပ်ထားရမယ်။ ဖောင်းကြွတဲ့ အဖုတွေ ကို ပေါက်မသွားအောင် ပတ်တီး လျော့လျော့ စည်းရမယ်။ အဖုများရှိရင် ခိုင်မြဲစွာ စည်းရမယ်။ (၅) ဒဏ်ရာ ရရှိတဲ့နေရာကို မလှုပ်ရှား နိုင်အောင် သင့်တော်တဲ့ နည်းဖြင့် ယာယီ စည်းထားပေးရမယ်။ (၆) ထိတ် လန့်ခြင်း မဖြစ်အောင် နှစ်သိမ့် ဆွေးနွေးရမယ်။ ဒဏ်ရာကြီးပါက ဖြစ်နိုင်တဲ့ နည်းလမ်းနဲ့ ဆေးရုံ အမြန်ဆုံး ပို့ရမယ်။ လူနာကို မေ့ဆေးပေးရန် လိုအပ်နိုင်လို့ မည်သည့် အစားအစာမှ မကျွေးသင့်ပါ။ အနည်းဆုံး လေး နာရီခန့် ကြာဦးမည်ဆိုရင် ဓာတ်ဆားရည် တိုက်နိုင်တယ်။ ဒဏ်ရာသေးရင် နွေးတဲ့အရေ လက်ဖက်ရည် နဲ့ ကော်ဖီ တိုက်သင့်တယ်။ မျက်နှာမှာ လောင်ကျွမ်းရင် သန့်ရှင်းတဲ့ ဂွမ်း သို့မဟုတ် ပိတ်စကို အသက် ရှူပေါက် ဖောက်၍ မျက်နှာဖုံး သဖွယ် ကပ်ရမယ်။ မေးရိုး ကျိုးတဲ့အခါ ပတ်တီးစီး သကဲ့သို့ မျက်နှာဖုံးစကို အုပ်၍ ပတ်တီး စီးရမယ်။
မြ၀တီ
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) ကလေးတွေအတွက် ဘာသာပြန် ထုတ်ဝေလိုက်တဲ့ ချက်သမ္မတ Vaclav Havel ရဲ့ သရုပ်ဖော် ပုံပြင်စာအုပ် Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)ဆေးစွမ်းထက်သော သလဲသီး...သရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDS
- (အနောကျသို့) မစားသင့်သော အစာ/ဆေး စားမိသောအခါ အဆိပ်ပြေအောင် ပြုလုပ်နည်း Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)ဆေးစွမ်းထက်သော သလဲသီး...သရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDS