ရေအောက်မှာ တည်ဆောက်ထားတဲ့ ဟိုတယ်

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါ ပြည်နယ်မှာရှိတဲ့ ဟိုတယ်တစ်ခုဟာ ရေအောက်မှာ တည်ဆောက် ထားတာမို့ စိတ်ဝင်စားဖို့ ကောင်းခဲ့ ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ တစ်ခုတည်း ရှိတဲ့ ရေအောက် ဟိုတယ်လည်း ဖြစ်ပါတယ်။ ဒီဟိုတယ်ကို ပင်လယ်ရေ အောက်ကြမ်းပြင်မှာ တည်ဆောက်ထားတာဖြစ်ပြီး တည်းခိုလိုသူဟာ ရေအောက် အသက်ရှု ကိရိယာနဲ့ ရေငုပ်ပြီး သွားရမှာ ဖြစ်ပါတယ်။ ပင်လယ်ရေ မျက်နှာပြင်နဲ့ (၂၁)ပေ အောက်မှာ တည်ဆောက် ထားပေမယ့် ၀န်ဆောင်မှု အပြည့်ပေးသွားမှာ ဖြစ်ပါ တယ်။ လူနှစ်ဦး တစ်ပြိုင်နက် တည်းခို နိုင်ပြီး ညစာအပါအ၀င် တည်းခိုခ က ပေါင် (၅၀၀)ပေးရမှာ ဖြစ်ပါ တယ်။ ရေအောက် သုတေသန ပြုလုပ်ဖို့ တည်ဆောက်ထားတဲ့ ရေအောက် ဓာတ်ခွဲခန်းဟောင်းကို ဟိုတယ်အဖြစ် ဖန်တီး ထားတာ ဖြစ်ပါတယ်။ ၁၉၇၀ ပြည့်နှစ် တွေမှာ သုတေသန လုပ်ငန်းတွေကို အသုံးပြုခဲ့ပြီး အိပ်ခန်း နှစ်ခန်းနဲ့ ရေချိုးခန်း တစ်ခန်းတို့ ပါဝင်ပါတယ်။ ဒီဟိုတယ် ကို ဂျူလက်စ်လို့ အမည်ပေး ထားပါတယ်။ နိုဗယ်ဆုရ စာရေးဆရာကြီး ဂျူလက်စ်ဗာနီကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနာမည်ပေးထားခြင်း ဖြစ်ပါ တယ်။ အခန်းအတွင်းမှာ ဖုန်းပြောနိုင်ခြင်းနဲ့ ရုပ်သံကြည့်ရှုခြင်းတို့ကိုလည်း ပြုလုပ်နိုင်ကြောင်း သိရပါတယ်။ ဟိုတယ်ရဲ့ အခန်းအကျယ်အ၀န်း က ကျဉ်းမြောင်း ပေမယ့် (၄၂) လက်မရှိတဲ့ မှန်ပြတင်းပေါက်က ပင်လယ်ကြမ်းပြင်အလှ ကို မြင်တွေ့ရမှာ ဖြစ်တာမို့ တည်းခိုသူတွေ အတွက် စိတ်ကျေနပ်မှု ရရှိစေမှာ ဖြစ် ပါတယ်။
The Messenger Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) သွားတိုက်ဆေးတွင်ပါသည့် ဖလိုရိုက်ဒ် ကဲ့သို့သော ဓာတုပစ္စည်းများက ကလေးဉာဏ်ရည်ကို ထိခိုက်စေနိုင် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) အသက် (၁၁၃) နှစ်အရွယ် အမျိုးသမီးနဲ့ အသက် (၇၀) နှစ်အရွယ် အမျိုးသားတို့ လက်ထပ်မင်္ဂလာပွဲ ပြုလုပ် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'