အမေရိကန်လေယာဉ်တစီး အရေးပေါ် ဆင်းဖို့ ဖိအားပေးခံရ

ဓာတ်ပုံ- The Mirror
ဒါကတော့ လော့စ်အိန်ဂျလိစ်ကနေ ဖီလာဒဲဖီယားကို ပျံသန်းနေတဲ့ အမေရိကန်လေကြောင်းလိုင်းက
လေယာဉ်ပေါ် ပါလာတဲ့ ခရီးသည်တွေက လေယာဉ်ကို အရေးပေါ် ဆင်းသက်ဖို့ ဖိအားပေးတာပါဘဲ။
အကြောင်းကတော့ လေယာဉ်ရဲ့ လူသွားလမ်း အလယ်မှာ ခွေးကြီးတကာင်က က မစင် ၃ ကြိမ်စွန့်ပါတယ် တဲ့။ ဒါနဲ့ ခရီးသည်တွေက လေယာဉ်ကို အရေးပေါ် ဆင်းဖို့ ဖိအားပေးခဲ့ကြတာပါ။
လေယာဉ်အမှုထမ်းတွေလည်း ချက်ချင်း ဆိုသလို ခွေးရဲ့ မစင်ကို သန့်စင်ဆေးကြောပေးလိုက်ကြတယ်။ ခရီးသည်တွေ လည်း စိတ်မသက်မသာနဲ့ ပေါ့။

လေယာဉ်ပေါ် မစင်စွန့်တဲ့ ခွေးကြီးနဲ့ သူ့သခင်
ဒီအကြောင်းကို လေယာဉ်ပေါ်ပါလာသူတွေက လူမှုကွန်ရက်တွေကနေ တဆင့် ဓာတ်ပုံတွေနဲ့ ဖြစ်စဉ်ကို အဆက်မပြတ် တင်ကြတော့ လူသိ ရှင်ကြားဖြစ်ကုန်ကြတာပါ။
လေယာဉ်ခရီးသည် တယောက် လူမှု ကွန်ရက်မှာ ရေးထားတာက ဒီခွေးကြီး လုပ်ပုံကိုင်ပုံတွေကို
ရေးပြပြီး ဓာတ်ပုံ တချို့ ပါ လူမှု ကွန်ရက်မှာ တင်လိုက်တာပါ။
နောက်တယောက်ကလည်း ငါတို့ လေယာဉ်တော့ ပြန်လှည့်လာပြီး အရေးပေါ် ဆင်းသက်ရတော့မယ်ဆို တာ မျိုးလည်း ရေးပါသတဲ့။
လေကြောင်းလိုင်းကလည်း တွစ်တာကတဆင့် ခရီးသည်တွေ စိတ်မသက်မသာဖြစ်ရတာကို တောင်းပန် တာလည်း လုပ်ခဲ့ပါတယ်။
The Mirror သတင်းမှာတော့ အဲဒီလောက်ပဲ ရေးထားတော့ လေယာဉ်က အရေးပေါ် ဆင်းသက်ခဲ့တယ်၊ မဆင်းသက်ခဲ့ဘူးဆိုတာ မပါဝင်ပါဘူး။ ခွေးပိုင်ရှင်ကို တရားစွဲတာမျိုး ရှိ၊ မရှိလည်း သတင်းမှာ မပါဝင်ပါဘူး။ ဒီတော့ သတင်းအသွားအလာအရ ဒီလေယာဉ်ဟာ အရေးပေါ် ဆင်းသက်ခဲ့ခြင်း မရှိဘူးလို့ ယူဆရပါတယ်။
ဘာပဲပြောပြော လေယာဉ်စီးခရီးသည်တွေတော့ လေယာဉ်ပေါ် ခွေးက မစင်စွန့်တယ်ဆိုတော့ အတော် စိတ်မသက်မသာ ဖြစ်လွန်းလို့ အရေးပေါ် ဆင်းသက်ဖို့ ဖိအားပေးခဲ့တာနေပါလိမ့်မယ်။
နောက်ဆို လေယာဉ်ပေါ် ခွေးကို တပါတည်း ခေါ် တင်ဖို့ ခွင့်ပြုချက် ရမှ ရပါ့မလား မသိဘူး။
အိမ့်သံစဉ် ~
ဧရာဝတီ
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) အပူအပင် မကင်းတဲ့ ကလေးဘဝ- ဒေါက်တာသက်ဦး Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) ကျောင်းတွေ ဖွင့်တော့မယ်၊ ကျောင်းဘယ်မှာ ထားရမလဲ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း