ကျန်းမာလျက်ရှိသော ဗိုရေဂျာ (၁) နှင့် (၂)

အမေရိကန် အာကာသ အေဂျင်ဆီ (နာဆာ) မှ ၁၉၇၇ ပြည့်နှစ်များဆီကတည်းက လွှတ်တင်ထားခဲ့သော ဗိုရေဂျာ (၁) နှင့် (၂) အာကာသယာဉ်များဟာ သန်စွမ်းကျန်းမာစွာနဲ့ နေအဖွဲ့အစည်းရဲ့ ပြင်ပ အာကာသ အတွင်း ခရီးနှင်လျက်ရှိနေပါတယ်။ ယခုဆိုရင် နှစ်ပေါင်း ၃၇ နှစ် နီးပါး ရှိနေပြီပေါ့..။
၂၀၁၄ ခုနှစ် မေလ ၁၁ ရက်နေ့က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲ တစ်ခုမှာ ဗိုရေဂျာအစီအစဉ်ရဲ့ မန်နေဂျာဖြစ်သူ Suzanne Dodd က ပြောကြားခဲ့တာဖြစ်ပါတယ်။ "ဗိုရေဂျာ အာကာသယာဉ်နှစ်စင်းစလုံး ကျန်းမာစွာနဲ့ သတင်းအချက်အလက်များကို ဆက်လက်ပေးပို့နေပါတယ်။ ကျန်းမာတာမှ ကျမတို့ အခုဒီမှာ ထိုင်နေသလိုကို ကျန်းမာနေပါတယ်" လို့ သူမက ဆိုပါတယ်။
နာဆာမှ လွှတ်တင်ခဲ့သော ဗိုရေဂျာ (၁) အာကာသယာဉ်ဟာ နေအဖွဲ့အစည်းရဲ့ အပြင်ဘက်ကို ပထမ ဦးဆုံး ရောက်ရှိနိုင်ခဲ့တဲ့ လူသားတွေရဲ့ တီထွင်မှုတစ်ခုဖြစ်ပါတယ်။သူတို့ နှစ်စင်း ဖြတ်သန်းခဲ့တဲ့ လမ်းမှာ ဂျူပီတာ၊ စေတန်၊ ယူရေးနပ်၊ နက်ပကျွန်းဂြိုဟ်များကို ဖြတ်သန်းသွားခဲ့ပြီး ဓါတ်ပုံ မှတ်တမ်းများလည်း ရိုက်ယူနိုင်ခဲ့ပါတယ်။
ဗိုရေဂျာ အာကာသယာဉ်များမှာ ထူးခြားချက်အနေနဲ့ ရွှေဓာတ် ပြား (Golden Record) ကို ထည့် ပေး ထား ပါတယ်။ ရွှေဓာတ် ပြား ထဲ မှာ တော့ ကမ္ဘာ ဂြိုလ် က ပိရမစ် လို အဆောက် အဦ တွေရဲ့  ပုံ တွေ ၊ အမေဇုန် တော နက် နဲ့  အဲဒီက သတ္တ၀ါ တွေ ပုံ ၊ သီချင်း ဂီတ နဲ့  တိရိစ္ဆာန် တွေ ရဲ့  အသံ နဲ့ သင်္ချာ တွေ ပါဝင် ပါတယ်။
ရွှေဓာတ်ပြား ထဲ မှာ ဘာသာစကား ၅၅ မျိုး ပါ ၀င် ပြီး မြန်မာ ဘာသာစကား ဖြစ်တဲ့ ” ကျမ္မာ ပါ ရဲ့လား ခင်ဗျာ ” လို့ လဲ ပါဝင် ပါတယ်။ တကယ်လို့များ နည်းပညာဖွံ့ဖြိုးတဲ့ ဂြိုဟ်ပေါ်ကိုရောက်ရင် ဂြိုဟ်သားတွေ ဖွင့်ကြည့်နိုင်အောင်လို့ပါ..။ အရမ်းကို စိတ်လှုပ်ရှားစရာကောင်းပါတယ်။
ဗိုရေဂျာ (၁) နဲ့ (၂) အတွက် ကုန်ကျစားရိတ်အားလုံးပေါင်းမှာ အမေရိကန်ဒေါ်လာ ၉၈၈ သန်း ရှိခဲ့ပါတယ်။



အာကာသနှင့် စကြ၀ဠာ
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) ထွေရာလေးပါး...(၁၄၉) Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးသရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) တန်ဖိုး... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးသရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း