ဒုတိယ တစ်ကိုယ်တော်အခွေအတွက် ပြင်ဆင်နေပြီဖြစ်တဲ့ ချစ်သုဝေ

ပြင်ဦးလွင်မှာ ဇာတ်ကား ၃ကား သွားရိုက်ခဲ့တဲ့ ချစ်သုဝေက ဒီ တစ်ခေါက် ပြင်ဦးလွင်ကို သွားရတာ ကံကောင်းပြီး ဇာတ်ကားတွေက ထူးခြားသလို သရုပ် ဆောင်ရတာလည်း ကျေနပ်အားရမှုရှိခဲ့ကြောင်း ချစ်သုဝေက ပြောပါတယ်။ ရန်ကုန်ကို ပြန်ရောက်တဲ့ အချိန်မှာတော့ ဇေရဲထက် နဲ့ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးတဲ့ စိတ်စေရာဆိုတဲ့သည်းထိတ်ရင်ဖို ဇာတ်ကားကို ရိုက်ကူးခဲ့ပါတယ်။ ဇာတ်ရုပ်နှစ်မျိုးကို သရုပ်ဆောင်ရပြီး စိတ်ခံစားချက်ကို ဝှက်ကာမျက်နှာအမူအရာနဲ့ လုပ်ရတာ ဖြစ်တဲ့အတွက် သရုပ်ဆောင် ရတာအားရ ကြောင်း ပြောပါတယ်။
၂ဝ၁၄ ခုနှစ်ကတော့ သူ့အတွက် ကံကောင်းတဲ့ နှစ်တစ်နှစ် ပဲဖြစ်ကြောင်း ချစ်သုဝေက “ထရီဇာက ပုံမှန်လေး အတိုင်းပါပဲ။ ဇာတ်ကားရိုက်တယ်။ ကြော်ငြာ ကြိုကြား ၊ကြိုကြား ရိုက်တာရှိတယ်။ စတိတ်ရှိုးတွေ လည်း မျှမျှတတ ဆိုဖြစ်တယ်။ ၂ဝ၁၃နဲ့ ၂ဝ၁၄ ကွာခြားတာက ၁၄မှာ ထရီဇာ အသံဘက်ရော၊ အရုပ် ဘက်ရော၊ မျှမျှတတ လုပ်ဖြစ်နေတယ်။ ၁၃ တုန်းကတော့ ဇာတ်ကား ရိုက်တွေပဲ စိပ်သွားတော့ စတိတ်ရှိုး သွား ဆိုတဲ့ အပိုင်းရော၊ အခွေလုပ်တဲ့ အပိုင်းရော အားနည်းခဲ့တယ်။ ဒီ နှစ်တော့ ဒုတိယ တစ်ကိုယ်တော် အခွေလည်း စလုပ်နေပြီ ဆိုတော့ ဒုတိယတစ်ကိုယ်တော် အခွေလည်း ပြီးအောင်လုပ်မယ်။
မီးအိမ်ကဗျာ ဗီစီဒီ ကလည်း အားလုံးပြီးသွား ပြီ Production ပိုင်းပဲ ကျန်တော့တယ် ဆိုတော့ Production ပိုင်းက ထွက်မယ်ဆိုရင် ထွက်လာလိမ့်မယ်။ ၂ဝ၁၄ က ထရီဇာ မင်္ဂလာဆောင်နဲ့စတယ်။ ထရီဇာဝါ သနာ ပါတဲ့ နှစ်ဖက်စလုံး ကိုလည်း balance မျှမျှတတလေး လုပ်နိုင်တဲ့ အခွင့်အရေးတွေ ထရီဇာရတယ်။ ဇာတ်ကား ရိုက်ဆိုလည်း ဇာတ်ကား ရိုက်အလျောက် သီချင်းဆိုတဲ့အပိုင်းမှာလည်း သီချင်းဆိုတဲ့ အလျောက် လုပ်ပိုင်ခွင့် တွေရတယ်။ အရာရာ အဆင်ပြေ ချောမွေ့နေတယ်။ စိတ် လည်းချမ်းသာတယ်” လို့ ပြောပါ တယ်။
Popular Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) Infused Water Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) သူ့ iPod ကို သိမ်းခဲ့လို့ အဖေနဲ့ အမေကို သတ်မိခဲ့တာဖြစ်ကြောင်း ဆယ်ကျော်သက် ၀န်ခံ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'