အကြမ်းခံသည့် Samsung Galaxy S5 Active ကို ရောင်းပြီ

Samsung Galaxy S5 ကဲ့သို့ ရေစိုခံနိုင်သည့်အပြင် အကြမ်းခံသည့် Samsung Galaxy S5 Active ကို အမေရိကန် ရှိ AT&T Carrier မှ ရောင်းချပေးလိုက်ပါသည်။ Samsung Galaxy S5 Active တွင် သူ၏ နောင်တော် Galaxy S5 ကဲ့သို့ပင် ၅.၁ လက်မအရွယ် 1080p Super AMOLED Display, 2.5GHz Quad-Core Processor, 16 Megapixel Camera တို့ပါရှိပါသည်။ ရေနှင့်ဖုန်ဒဏ်ခံနိုင်သည့် ကိုယ် ထည်ဖြင့် ဖုံးအုပ်ထားပြီး နှလုံးခုန်နှုန်းကို တိုင်းတာပေးသည့် စွမ်းဆောင်ချက်ပါရှိပါသည်။ ဘေးဘက်တွင် ခလုတ်တစ်ခုပါရှိပြီး နေအိမ်ပြင်ပ နှင့် ပတ်သက်သည့် Apps များကို အလွယ်တကူ အသုံးပြုနိုင်ရန် တပ်ဆင်ပေးထားပါသည်။ Fingerprint Sensor ကို Home Button တွင် တပ်ဆင်ပေးထားပါသည်။
Galaxy S5 Active ကို ကာကွယ်ထားသည့် Case သည် မာကျောသော်လည်း ဖုန်းကို ကိုယ်တွယ်ကြည့် သည့်အခါ ပါးလွှာပြီး အိတ်ထဲတွင် သယ်ဆောင်ရလွယ်ကူစေသည်ဟု သိရပါသည်။ Case ကို "camo green," "titanium grey," "ruby red" စသည့် အရောင်သုံးမျိုးထုတ်လုပ်ပေးထားပါသည်။
ဆောက်လုပ်ရေးလုပ်ငန်းများ ၊ တောင်တက်သမားများအတွက် သင့်တော်သည် ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။ ကနဦးအနေဖြင့် ဒေါ်လာ ၁၉၉.၉၉ ပေးသွင်းရမည် ဖြစ်ပြီး နှစ်နှစ်စာချုပ်ဖြင့် AT&T မှ ၀ယ်ယူနိုင်ပါသည်။ အခြား Plan များလည်း ရွေးချယ်နိုင်ပြီး တစ်လလျှင် ၂၇.၅၀ ဒေါ်လာဖြင့် ၁၈ လ ပေး သွင်းနိုင်သကဲ့သို့ တစ်လလျှင် ၃၅.၇၅ ဒေါ်လာဖြင့် ၁၂ လပေးသွင်းနိုင်ပါသည်။ Samsung Gear Fit စမတ်လက်ပတ်နှင့် Galaxy S5 Active ကို တွဲဖက်ဝယ်ယူလျှင် ဒေါ်လာ ၅၀ ဈေးလျှော့ရရှိမည် ဖြစ်သည်။
သူရ
Myanmar Digital Life Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) Ooredoo မွ စွန့်ဦးတီထွင် IT ပညာရှင်များအား ကျပ်သိန်းတစ်ထောင်စီ ထောက်ပံ့မည် Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)ဆေးစွမ်းထက်သော သလဲသီး...သရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDS
- (အနောကျသို့) အစိုးရဌာနများတွင် Microsoft Windows 8 အသုံးပြုခွင့် တရုတ်ပိတ်ပင် Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)ဆေးစွမ်းထက်သော သလဲသီး...သရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDS