ကမ္ဘာပေါ်တွင် အဝလွန်သူ အရေအတွက် (၂.၁)ဘီလျံထိရှိလာ

အနောက်ဥရောပ ဒေသတွင် ဗြိတိန်က အဝလွန်သူများ စာရင်း၌ တတိယ ချိတ်ခဲ့သည်။ ယခုစစ်တမ်းကို ကမ္ဘာ့နိုင်ငံ (၁၈၈)ခုတွင် စုရုံးကောက်ယူ လေ့လာခဲ့ခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့တော်ရှိ ကျန်းမာရေးဆိုင်ရာ အချက်အလက်နှင့် ကိန်းဂဏန်း တွက်ချက်မှုများ ဌာန (IHME)က ဦးဆောင်ကာ ယခု စစ်တမ်းကို ပြုစုခဲ့သည်။ ယင်းအဖွဲ့မှ သုတေသီများသည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ထံမှ အချက် အလက်များကိုလည်း အားဖြည့် ရယူခဲ့သည်။ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အဝလွန်မှု ပြဿနာ ကြီးထွား လာနေသော်လည်း ဖွံ့ဖြိုးပြီး နိုင်ငံများတွင်မူ ပိုမို၍ သိသာဆိုးရွားလျှက် ရှိသည်။
အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ဘရာဇီးလ်၊ မက္ကစီကို၊ အီဂျစ်၊ ဂျာမနီ၊ ပါကစ္စတန်နှင့် အင်ဒိုနီးရှား (၁၀)နိုင်ငံတွင်ပင် အဝလွန်သည်ဟု တွက်ချက်နိုင်သူဦးရေ (၆၇၁)သန်းထိ ရှိနေကြောင်း သိရှိရသည်။ ယခုစစ်တမ်းက အဝလွန်ခြင်းကို အရေးပေါ် ကမ္ဘာ့ကျန်းမာရေး ပြဿနာ တစ်ရပ်အဖြစ် ရှုမြင်စေသည့်ပြီဟု သုတေသီ တစ်ဦးဖြစ်သည့် ပရော်ဖက်ဆာ အလီမော့ခ်ဒက်က ဆိုသည်။ “ခက်တာက အဝလွန်မှု ကို လျှော့ချနိုင်ပြီဆိုတဲ့ ဇာတ်လမ်းကောင်းလေးတွေ ကြားရဖို့ ကျွန်တော်တို့ တော်တော်ကြီး အချိန်စောင့် ရဦးမယ် ထင်တယ်”ဟုလည်း ၎င်းက ဝန်ခံပြောဆိုသွားသည်။
Planet Myanmar Network
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
- (အနောကျသို့) သူရဲကောင်း ဖြစ်သွားသည့် Mr Bean Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း