အမေရိကန်အစိုးရကျောင်းများသို့ မက်ဇူကာဘက်နှင့်ဇနီး ကန်ဒေါ်လာ သန်း ၁၂၀ လှူဒါန်း
REUTERS
ဖေ့စ်ဘွတ်ခ်တည်ထောင်သူ မက်ဇူကာဘက်နှင့်ဇနီး ပရစ်စီလာချန်တို့သည် ရှေ့လာမည့်ငါးနှစ်အတွင်း ဆန်ဖရန်စစ္စကိုပင်လယ်အော်ဒေသမှ ကျောင်းများသို့ ကန်ဒေါ်လာ သန်း ၁၂၀ ကူညီသွားမည်ဖြစ်သည်။
ယင်းသို့ လှူဒါန်းမည့်အကြောင်းကို မက်ဇူကာဘက်တို့စုံတွဲက အေပီသတင်းဌာနအား ပြောကြားခဲ့ပြီး ဆန်ဖရန်စစ္စကို၊ ရေဗင်ဝုဒ်နှင့် ရက်ဒ်ဝုဒ်စီးတီး ဧရိယာကျောင်းများ၌ ကျောင်းအုပ်ဆရာများအား လေ့ ကျင့်ပေးခြင်း၊ စာသင်ခန်း နည်းပညာ တိုးမြှင့်ခြင်းနှင့် ကလေးများကို အထက်တန်းကျောင်း အတွက် ပြင် ဆင်ခြင်းတို့အတွက် ကန်ဒေါ်လာငါးသန်း စတင်အသုံးပြုသွားမည်ဖြစ်သည်။
ဇူကာဘက်သည် လွန်ခဲ့သည့်လေးနှစ်ကလည်း နယူးဂျာစီပြည်နယ် နီဝါ့က်ဒေသကျောင်းများသို့ ကန်ဒေါ်လာ သန်း ၁၀၀ လှူဒါန်းခဲ့သည်။
နီဝါ့က်ဒေသတွင် လှူဒါန်းမှုများ ပြုလုပ်ပြီးသည်မှာ မကြာသေး၍ ကျောင်းများ၏ တိုးတက်မှုကို တိတိပပ တိုင်းတာ၍ မရသေးဟု ဇူကာဘက်က ပြောကြားပြီး ယင်းအတွေ့အကြုံက ဆန်ဖရန်စစ္စကိုတွင် လှူဒါန်းရန် ဆုံးဖြတ်ချက်ကို လွှမ်းမိုးမှုရှိခဲ့သည်ဟု ဇူကာဘက်က အေပီသတင်းဌာနအား ပြောသည်။
—Ref: AP
7Day News Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) မူႀကိဳထဲမွာ သားကိုမထားခဲ့နဲ့ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) ၂၀၃၅ ခုနှစ်မှာ အင်္ဂါဂြိုလ်ပေါ် လူတွေ ခြေချဖို့ ရည်မှန်းထားကြောင်း နာဆာအတည်ပြု၊ တစ်ကမ္ဘာလုံးက အကူအညီ လိုအပ်ကြောင်း ၀န်ခံပြောဆို Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'