သရုပ်ဆောင်အလုပ်ကို ဆေးကျောင်းပြီးမှ စဉ်းစားမယ့် အေးချမ်းမိုး


ဓာတ်ပုံ−နစ်ကီ

အစီအစဉ်တင်ဆက်သူ အဖြစ် ဝါသနာအရလုပ်နေသော် လည်း သရုပ်ဆောင်အလုပ်ကိုမူ ကျောင်းပြီးမှသာ စဉ်းစားမည်ဟု မော်ဒယ်အေးချမ်းမိုးက ပြော သည်။

‘‘ခုလောလောဆယ်တော့ ဓာတ်ပုံတွေ ရိုက်ဖြစ်တယ်။ Presenter လုပ်ဖြစ်တယ်။ သရုပ်ဆောင်အလုပ် ကတော့ ကျောင်းပြီးမှပဲ လုပ်ဖြစ်မှာပါ’’ဟု အေးချမ်းမိုးကပြောသည်။

ကုန်ပစ္စည်းသစ်မိတ်ဆက် ပွဲများ၊ ဆရာဝန်အသင်းမှပြုလုပ် သည့်ဆွေးနွေးပွဲများတွင် အစီအစဉ် တင်ဆက် သူအဖြစ် လုပ် ဆောင်နေပြီး အစီအစဉ် တင် ဆက်သူဘဝက မော်ဒယ်အလုပ် နှင့်ကွာခြားကြောင်း ၎င်းကဆို သည်။

‘‘အစီအစဉ်တင်ဆက်သူ တစ်ယောက်ကို ပွဲမှာရှိတဲ့လူတွေ အားလုံးက ဂရုစိုက်ကြတယ်ဆို တော့ စကားပြောဆိုတာကအစ သွားလာနေထိုင်မှုတွေကိုလည်း ဆွဲဆောင်မှု ရှိအောင်လေ့ကျင့်ရ ပါတယ်။ မော်ဒယ်ဘဝနဲ့တော့ တော်တော်ကွာပါတယ်’’ဟု အေးချမ်းမိုးကပြောသည်။

လက်ရှိတွင် ဆေးတက္ကသိုလ်နောက်ဆုံးနှစ်အပိုင်း(က)တက် ရောက်လျက်ရှိပြီး မကြာမီ ဖြေဆိုရမည့် စာမေးပွဲပြီးပါက သူငယ်ချင်းများနှင့်စုပေါင်းဖွဲ့စည်းထား သည့် Future Youthအဖွဲ့နှင့်အတူ ရွာသာကြီးဆေးရုံသို့သွား ရောက်လှူဒါန်းရန် အစီအစဉ်တစ်ခုရှိသည်ဟုဆိုသည်။

ဧပြီ ဒုတိယပတ်အတွင်းက လည်း ဗီယက်နမ်နိုင်ငံသို့သွား ရောက်ခဲ့ကာ ယင်းနိုင်ငံတွင်ပြု လုပ်သည့် အပြည်ပြည်ဆိုင်ရာ အစားအသောက်ပွဲတော်သို့ မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းကိုယ်စားလှယ် တစ်ဦးအနေဖြင့် တက်ရောက်ခဲ့ ကြောင်း ၎င်းကပြောသည်။

7Day Daily
No.365 Thursday, May 1,2014 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...