လေမှုတ်သွင်းတာနဲ့ ကင်ဆာ နဲ့ နှလုံးရောဂါများ ရှိမရှိ စစ်ဆေးပေးနိုင်တဲ့ ကိရိယာ

သိပ်မကြာတော့တဲ့ကာလမှာ ဆေးရုံ ၊ ဆေးခန်းများ သွားစရာမလိုတော့ဘဲ အိမ်မှာတင် ရောဂါစစ်ဆေးတဲ့ ကိရိယာထဲကို လေမှုတ်သွင်းတာနဲ့ ရောဂါများကို စစ်ဆေးနိုင်တော့မှာ ဖြစ်ပါတယ်။ Cleveland Clinic's Respiratory Institute မှ ပညာရှင် Raed Dweik ဦးဆောင်တဲ့ အဖွဲ့ဟာ လေမှုတ်သွင်းတာနဲ့ ရောဂါများကို စစ်ဆေးပေးနိုင်တဲ့ ကိရိယာ ကို တီထွင်နေတာ ဆယ်စုနှစ် နှစ်ခု ရှိနေပါပြီ။ သွေးကို မှုတ်ထုတ်လိုက်တဲ့လေ မှာ တိုင်းတာနိုင်တဲ့အတွက် အဲဒီလေ ဟာ ခန္ဓကိုယ်ထဲမှာ ဘာဖြစ်နေလဲဆိုတာ ဖော်ပြနိုင်ပါတယ်။ အဆုတ် ကင်ဆာ၊ အသည်းရောဂါ၊ နှလုံးရောဂါများကို စစ်ဆေးနိုင်ပါတယ်။
ရောဂါစစ်ဆေးတဲ့ ကိရိယာဟာ အန္ဓရာယ်များတဲ့ ရောဂါများသာမက အသက်ရှုခြင်းနဲ့ ဆိုင်တဲ့ ရောဂါများ ကိုပါ စစ်ဆေးနိုင်တယ်လို့ Dweik က ပြောပါတယ်။ လေမှုတ်ခြင်းဖြင့် စစ်ဆေးတဲ့နည်း ဟာ ရောဂါများ ကို ခွဲစိတ်အဖြေရှာတဲ့နည်းထက် ပိုမိုအကျိုးကျေးဇူးဖြစ်စေပါတယ်။ အချိန်မရွေး၊ နေရာမရွေး စမ်းသပ်နိုင်သလို အကြိမ်အရေအတွက်များစွာ စမ်းသပ်နိုင်ပါတယ်။ X-rays ဖြင့် မကြာခဏ စမ်းသပ်ခြင်းဟာ ဘေးထွက် ဆိုးကျိုးများ ဖြစ်ပေါ်စေပါတယ်။
လေမှုတ်ခြင်းဖြင့် ရောဂါရှာဖွေတဲ့နည်းပညာဟာ လိုအပ်ချက်တွေရှိနေပါသေးတယ်။ ရောဂါတိုင်းကို စစ်ဆေးလို့ မရသေးပါဘူး။ Hardware ပိုင်းမှာလည်း လိုအပ်တွေ ရှိနေပါတယ်။ Dweik က သူတို့ရဲ့ နည်းပညာ ဟာ အနာဂတ် ရောဂါ ရှာဖွေရေး နယ်ပယ်မှာ ရှေ့တန်းက ပါဝင်လာမယ်လို့ ပြောပါတယ်။
Vantage Health အဖွဲ့ကလည်း နာဆာ ရဲ့နည်းပညာကို အသုံးပြုပြီး ကင်ဆာကို စစ်ဆေးတဲ့ လေမှုတ် သွင်းတဲ့ ကိရိယာ ကို တီထွင်နေပါတယ်။ ကိရိယာ ကို စမတ်ဖုန်း နဲ့ Bluetooth မှတစ်ဆင့် ချိတ်ဆက်ရ မှာ ဖြစ်ပြီး သတင်းအချက်အလက်များကို App မှာ ဖော်ပြမှာ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ အဲဒီကိရိယာ ဟာ နှလုံးရောဂါ၊ သွေးချိုရောဂါ၊ HIV ရောဂါ နဲ့ အခြားရောဂါများကို စစ်ဆေးပေးနိုင်တော့မှာဖြစ်ပါတယ်။
သူရ
Myanmar Digital Life Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) Windows Computer ကို Factory Reset ပြုလုပ်နိုင်မယ့် နည်း (၄) နည်း Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးJAVA leaning Myanmar (PDF)
- (အနောကျသို့) ၂နှစ်သားကတည်းက အနုစိပ် မာစတာပိစ်တွေကို ဆွဲလာခဲ့တဲ့ ၁၁နှစ်အရွယ် ပန်းချီပါရမီရှင်လေး Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးJAVA leaning Myanmar (PDF)