မလေးရှားရောက် အထောက်အထားမဲ့ မြန်မာများအတွက် သတင်းကောင်း

မလေးရှားက ပြန်ရောက်လာတဲ့ မြန်မာတချို့ကို မနှစ်က ရန်ကုန်လေဆိပ်မှာတွေ့ရစဉ်၊ ဓာတ်ပုံ- ဧရာဝတီ
မလေးရှား ကုမ္ပဏီ Bukti Megah Sdn Bhd နဲ့ မြန်မာနိုင်ငံဘက်က Diamond Palace ကုမ္ပဏီလိမိတက် တို့ရဲ့ လက်မှတ် ရေး ထိုးတာမှာ မလေးရှားပြည်ထဲရေး ဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ် တို့နဲ့ အတူ မြန်မာ အစိုးရဘက်က ဒုဝန်ကြီးတွေ၊ အစိုးရ ဋ္ဌာနအကြီးအကဲတွေရဲ့ ရှေ့မောက်မှာ မေလ ၁၃ ရက်နေ့ ညနေပိုင်းက နေပြည်တော် Grand Amara Hotel မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။
အခုလို နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးလိုက်တဲ့အတွက် မလေးရှားမှာ ရောက်နေတဲ့ အထောက် အထားမဲ့ မြန်မာ နိုင်ငံသားတွေကို မြန်မာကုမ္ပဏီက တရားဝင် အလုပ်သမားတွေဖြစ်စေရေး နိုင်ငံသား စိစစ်မှု လုပ်ငန်းစဉ်တွေ လုပ်ပြီးတာ နဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးပြီး တရားဝင်နေထိုင်ခွင့် ဗီဇာရရှိဖို့နဲ့ တရားဝင် အလုပ်လုပ်ခွင့်တွေရအောင် ကူညီလုပ်ဆောင် ပေးသွားမှာဖြစ်တယ်လို့ ဒီကနေ့ ထုတ် မြန်မာ့ အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။
ဒါဟာ မလေးရှားနိုင်ငံရောက် အထောက်အထားမဲ့ ရွှေ့ပြောင်းမြန်မာတွေအတွက် ပထမဆုံး လုပ်ခဲ့တဲ့ နားလည်မှု စာချွန်လွှာပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အစ္စလမ်ဘာသာဝင် လူနည်းစုတွေနဲ့ မြန်မာတချို့အကြား ပဋိပက္ခတွေဖြစ်ပွားပြီး အကျိုးဆက် အနေနဲ့ မနှစ် က တော့ မလေးရှားရောက် မြန်မာတွေတချို့ဟာ ရန်လိုတိုက်ခိုက်သတ်ဖြတ်ခံရမှုတွေ ရှိခဲ့ပါ တယ်။
အထောက်အထားရှိတဲ့ မြန်မာတချို့လည်း စိုးရိမ်မှုတွေကြောင့် မလေးရှားနိုင်ငံမှာ ဆက်လက်နေထိုင် တာတွေ မလုပ်ပဲ မြန်မာပြည်ကို ပြန်လာခဲ့ကြ ပါတယ်။

ယနေ့ထုတ် မြန်မာအလင်းသတင်းစာ
အိမ့်သံစဉ် ~
Irrawaddy
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) လေအေးစက် မိတ်အင်ကမ္ဘောဒီးယား Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Very little makes it more valuable...
- (အနောကျသို့) ငွေမရင်းရဘဲ တလ သိန်း ၃ဝ ကျော် ဝင်ငွေရတဲ့ ကိုယ်ပိုင်အလုပ် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Very little makes it more valuable...