အလှပြင်ပစ္စည်းများကြောင့် ဆီးချို သွေးချို ရောဂါ ဖြစ်နိုင်ခြေများ


ခန္ဓာကိုယ်တွင်းမှာ Phthalates အမည်ရှိ ဓာတုပစ္စည်းများ စုပုံလာ ခြင်းနှင့် အမျိုးသမီးများတွင် ဆီးချို သွေး ချိုရောဂါ ဖြစ်နိုင်ခြေ မြင့်မားခြင်းတို့ ဆက်စပ်နေပါတယ်လို့ ဘရင်ဟမ် အမျိုးသမီးဆေးရုံမှ သုတေသီများ က တွေ့ရှိ ခဲ့ကြပါတယ်။

Phthalates များဟာ ခန္ဓာကိုယ် တွင်းဟော်မုန်းများကို အနှောင့် အယှက်ဖြစ်စေသော ပစ္စည်းများဖြစ်ပြီး အလှအပဆိုင်ရာ ပစ္စည်းများ (အစိုဓာတ်ခံ လိမ်းဆေး (Moisturizer) ၊ လက်သည်း နီ၊ ဆပ်ပြာ၊ ဆံပင် ပုံသွင်းဖျန်းဆေး၊ ရေမွှေးစသည်) တို့တွင် ပါဝင်နေပါတယ်။

ထိုဓာတုပစ္စည်းကို ကော်၊ လျှပ်စစ် ပစ္စည်းများ၊ အရုပ်နှင့် အခြားအရာဝတ္ထုများ ထုတ်လုပ်ရာတွင် အသုံးပြု ကြပါ တယ်။ ယခုတွေ့ရှိချက်ကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေးရှုထောင့်များ ဂျာနယ်တွင် ဖော်ပြ ထားပါတယ်။

Health Digest

-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...