ဆေးလိပ်မသောက်ရန် တားမြစ်သည့်ကြော်ငြာများအား ဒေါသထွက်ဖွယ် စိတ်ခံစားချက်အား အခြေခံပြီး တီထွင်သင့်


Health Updates Journal No. 116

Dartmouth Cornell College မှ သုတေသီများက ဆေးလိပ်မသောက်ရန် ဆွဲဆောင်သည့် ကြော်ငြာများ အား တီဗီမှ လွှင့်ရာ၌ ကြော်ငြာအား ကြေကွဲဖွယ်ရာ ပြကွက်များပြခြင်းထက် ဒေါသထွက်ဖွယ်ရာပြကွက် များပြခြင်းက လူအများအား ဆေးလိပ်မသောက်ရန် ပိုဆွဲဆောင်နိုင်ကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လေ့လာမှုများအရ ပရိသတ်များအား ဆေးလိပ်မသောက်ရန် ဆွဲဆောင်ခံစားချက် မပါသော သရုပ်ပြမှုများထက် ခံစားချက်ပါသော သရုပ်ပြကွက်များ ဥပမာ ၀မ်းနည်းဖွယ်ရာ ၊ဒေါသထွက်ဖွယ်ရာ ပြ ကွက်များက ပို၍ဆွဲဆောင်နိုင်ကြောင်း သိပြီးဖြစ်သည်။

ယခုလေ့လာမှုတွင် Dartmouth College မှ သုတေသီများက ကောလိပ်ကျောင်းသား ၁၁၅ ဦး အား ဆေးလိပ်မသောက်ရန် ဆွဲဆောင်ရာ၌ ရုပ်ရှင် သရုပ်ဆောင်တစ်ဦးအား ငှား၍ ကျောင်းသားအချို့အား ၀မ်းနည်းဖွယ်ရာပြကွက်ဖြင့် ဆွဲဆောင်၍ ကျန်ကျောင်းသားများအား ဒေါသ ထွက်ဖွယ်ရာပြကွက်ဖြင့် ဆွဲဆောင်ခဲ့သည်။ ထို့နောက်ကျောင်းသားများ၏ စိတ်ခံစားမှုအားပြန်၍ စစ်တမ်း ကောက်ယူခဲ့သည်။ ထိုအခါ ဒေါသထွက်ဖွယ်ရာ ဇာတ်လမ်းဆင်၍ ဆွဲဆောင်ခဲ့သောအုပ်စုမှ ကျောင်းသား များ ဆေးလိပ်သောက်ခြင်းက မကောင်းဟူသော စိတ်နေစိတ်ထားကို ပိုမိုရရှိကြောင်းတွေ့ခဲ့ရသည်။

ဖိုးသောကြာ
ref:Medindia
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...