ပရိသတ်တွေ စိတ်ပျက်သွားမှာ စိုးရိမ်နေတဲ့ ခင်ဝင့်ဝါ


Wednesday, May 14, 2014

Miss Internet Myanmar အငြိမ့် ဖျော်ဖြေပွဲမှာ ပါဝင်ကပြဖျော် ဖြေမယ့် ခင်ဝင့်ဝါက ဒီခေါင်းစဉ်လေး ကိုတအား သဘောကျတာ ကြောင့် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း ပြောပါတယ်။

“Miss Internet Myanmar ဆိုတဲ့ ခေါင်းစဉ်က ညီမတို့နှစ်ယောက် အတွက်လည်း ကိုက်ညီ တယ်။ နှစ် ယောက်စလုံးကလည်း Miss Myanmar ပြိုင်တဲ့ အခါမှာ Internet ဆုရခဲ့တယ်။ အဲဒီအတွက် အခုကမယ့် ခေါင်းစဉ်လေးက တအားသဘော ကျဖို့ကောင်းတယ်။ နိုင်ငံခြားမှာ သွားပြိုင်တုန်းက Talent Show ပြတဲ့ အခါ မှာ မြန်မာ အက ကရတယ်။ ကိုယ့်ရဲ့မြန်မာ အကကို နိုင်ငံခြား သားတွေ သဘော ကျအောင်လို့ ကပြဖျော်ဖြေ တင်ဆက်ခဲ့ရတယ်။ အခု ဒီမှာပြန်ဖျော်ဖြေရမယ့်အတွက် တအားစိတ်လှုပ်ရှား ပါတယ်။ ပရိသတ်တွေ ဝေဖန်အားပေးတာကိုလည်း စောင့်မျှော်နေပါတယ်။ ငယ်ငယ်တုန်း ကတည်းကတော့ ကရတာကို ဝါသနာပါတယ် ။ကျောင်းက ပွဲမှာ ဆိုရင်လည်း ကတယ်။ ၃ တန်း၊ ၄ တန်းကတည်းက မြန်မာ အကဖြစ် ရင်ပြီးရောကတယ်။ ထိုင်မသိမ်းခတ် တာကို သဘောကျတယ်။ အခုယဉ် ကျေးမှု တက္က သိုလ် က ဆရာမ မချောအိအိမင်း နဲ့ အကသင်နေ ပါတယ်”လို့ ပြောပါတယ်။

ခင်ဝင့်ဝါက ပထဦးဆုံး ရိုက်ကူးခဲ့တဲ့ နတ်သမီး နဲ့ကျွန်တော် ဇာတ်ကား ထွက်ရှိတဲ့ အထိမ်းအမှတ်အ ဖြစ် မန္တလေးမှာ ပရိသတ်တွေကို လက်မှတ်ထိုးပေး ဖြစ်ခဲ့ပါ တယ်။ ပထမဆုံး ဇာတ်ကားဖြစ်တဲ့ အတွက် စိတ်လှုပ်ရှားခဲ့ရ ကြောင်းကို ခင်ဝင့်ဝါက

“ဇာတ်ကား မထွက်ခင်မှာ ကြို ပြီး လက်မှတ် ထိုးပေးခဲ့တာပါ။ ရန်ကုန် ပရိသတ်တွေ က တော့ ညီမကို တော်တော် သိကြပါတယ်။ နယ် မှာကျတော့ အနည်း အကျဉ်းလောက် ပဲသိတယ်။ ဒါပေမဲ့ ညီမလာမယ် ဆိုလို့ အစောကြီးပဲစောင့် နေကြတဲ့ ပရိသတ်တွေလည်း အများကြီး ရှိတယ်။ အဲဒီအတွက် လည်း ကျေးဇူးအများကြီးတင်ပြီး ဝမ်းသာပါတယ်။ ညီမ ပထမဆုံး ရိုက်တဲ့ ဇာတ်ကားမှာ ရိုက်ကွင်းပေါ်ရောက် နေပေမယ့် ကိုယ်ဘယ်လို သရုပ်ဆောင်ရမလဲဆိုတာ တစ်ခါမှ မစဉ်းစားခဲ့မိဘူး။ မကြည်ဖြူက အများကြီး သင်ပေးပါတယ် ။ဒီဇာတ်ကား ထွက်လာတော့ ညီမရဲ့အိုက်တင်ပိုင်းက တအား လျော့နေတော့ ပရိသတ်တွေ စိတ်ပျက်သွားမှာ စိုးရိမ်မိတယ်” လို့ပြောပြီးရှေ့ဆက်ပြီး ဇာတ်ကားတွေမှာ အစွမ်းကုန် ကြိုးစားသရုပ်ဆောင် မှာဖြစ်ကြောင်း ခင်ဝင့်ဝါ က ပြောပါတယ်။ ခင်ဝင့်ဝါက လတ်တလောမှာ ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးတဲ့ ၉၉၉ ဇာတ်ကား ကိုကောင်းပြည့် နဲ့ သရုပ်ဆောင်နေ ပါတယ်။

ခိုင်ဝေလွင်
Popular Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...