နေရောင်ခြည်ကိုယူ၍ အကြိုးအမြတ်ထုတ်သူများ


အောင်ခမ်း on 2014-05-14 16:28

ယနေ့ ၂၁ ရာစုမှာခေတ်မီ မြို့ပြအိမ် များနဲ့ ထုတ်လုပ်မှု ဆိုင်ရာ ကုမ္ပဏီကြီး တွေဟာ သဘာဝကို အခြေ ခံပြီး ဘေးပတ်ဝန်းကျင်နဲ့ ကိုက်ညီအောင် ဆောက်လုပ်ထားတာကို တွေ့မြင်လာရ ပါပြီ။ နေရောင်ခြည် စွမ်းအားကို အသုံးပြုပြီး နိုင်ငံတကာအကြီးစား ကုမ္ပဏီများဟာသူတို့ရဲ့ နှစ်စဉ်စွမ်းအင်သုံး ကုန်ကြငွေ ဘတ်ဂျက်ကို ၂၀ % မှ ၃၀% အထိ လျှော့ချပြီး အမြတ်အကြိုး ၀င်ငွေ ၅၀% မှ ၆၀% ထိလုပ်နိုင်တာ ကို တွေ့မြင်ရပါတယ်။ ဒီထက်မက ခေတ်သစ် မောလ်ဒန် အိမ်များနဲ့ ရုံး အဆောက်အုံး များဟာလည်း ခိုင်ခန့်လှပပြီး ကျန်းမာရေးနဲ့ သင့်တော်တဲ့ ပုံပန်းသဏ္ဍာန် နဲ့တည်ဆောက်ထားတာကို စာဖတ်သူအနေနဲ့ တွေ့မြင်မှာပါ။ ဒါ့ကြောင့် ဒီတပတ်မှာတော့် ကမ္ဘာမှာ Photovoltaic PV Solar Energy ကို အသုံးအများ ဆုံးဖြစ်သည့် နိုင်ငံတစ်နိုင်ငံရဲ့ အိမ်ပိုင်းဆိုင်ရာ ဆောက်လုပ်ပုံနဲ့ နေရောင်ခြည် အခြေခံ လျှပ်စစ်အားများ ဘယ်လို အကြိုးပေးနေ တယ်ဆိုတာကို တင်ပြလိုက်ရပါတယ်။

ကမ္ဘာ့ထိပ်သီးသဘာဝစွမ်းအင်ပြောင်းပိုင်ရှင်

ကမ္ဘာမှာ Green Energy သဘာဝစွမ်းအားကို နံပတ်၁ အနေနဲ့ စွမ်းစွမ်းတမံ သုတေသန နဲ့လက်တွေ့ ကျင့်သုံးနေတာကတော့် ဥရောပတိုက်ရဲ့ အလယ်မှာရှိတဲ့ဂျာမနီနိုင်ငံဖြစ်ပါတယ်။ ဂျာမနီစွမ်းအင်ဝန်ကြီး ငှာနဟာ နှစ်စဉ်နှစ်တိုင်း သူ့နိုင်ငံရဲ့ သဘာဝစွမ်းအင် ရင်းနှီးမြုပ်နှံမှုအတွက် ယူရို သန်းပေါင်း ၁၅% မှ၂၀% အထိပုံမှန် သုံး နေပါတယ်။ ၂၀၀၉ ရှင်းတမ်း အရ ဂျာမန် စွမ်းအင်ဝန်ကြီးဌာနဟာ 2020 နှစ်အ ထိ သန်းပေါင်း ၆၀၀ ယူရို ရှိတဲ့ စွမ်းအင် လုပ်ငန်းကြီးများရင်းနှီး ချဲ့ထွင်သွားမည့် အကြောင်းကြေငြာခဲ့ ပါတယ်။ နေ၊ရေ၊ လေနဲ့ ဇီဝကို အခြေခံတဲ့ စွမ်းအင်လုပ်ငန်းများ လုပ်ဆောင်မယ့် နိုင်ငံစွမ်းအင် ကဏ္ဍမှာ ဂျာမန် ပြည်သူလူထုအများဟာလည်း စွမ်းစွမ်းတမန်ထောက်ခံပြီး စွမ်းအင် အခွန် အနေနဲ့ ပေးဆပ်သွား မယ်လို့ပြောသွားပါတယ်။ ယနေ့ ဂျာမနီနိုင်ငံ ၁၆ ပြည်နယ်အားလုံးမှာ Photovotaics နေရောင်ခြည် အခြေခံ Solar Panel ကို အိမ်တိုင်း မှာတွေ့နိုင်ပါတယ်။



အများဆုံးတွေ့နိုင် တဲ့ပြည်နယ်တွေကတော့ စီးပွားဖွဲ့ဖြိုးမှု အင်အားအတောင့်ဆုံးပြည်နယ်များဖြစ်တဲ့ တောင်ပိုင်းပြည်နယ် Baden Württemberg (မားစီးဒီးကားထုတ်ပြည်နယ်) နဲ့ Bavaria (ဘီအမ်ဒဘလူ ကားထုတ်) ပြည်နယ်တွေဖြစ်ပါတယ်။ ၂၀၁၁ နှစ်ချုပ်အရ Baden Württemberg ပြည်နယ် က ၃၅၈၁ မီဂါဝတ် ၊ Bavaria က ၈၀၆၇ မီဂါဝတ်နဲ့ နေရောင်ခြည် စွမ်းအင်ကိုဖြန့်ဖြူးပေးခဲ့ပါတယ်။ ယနေ့ဂျာမနီ ကို လေယာဉ်ပေါ်မှကြည့်လိုက်မယ်ဆိုရင် အိမ်ခေါင်မိုး အားလုံးတိုင်းမှာ Solar Panel ကို တပ်ဆင်ထား တာတွေ့ရပါတယ်။ ဂျာမနီလို့ပြောလိုက်ရင် ကိုယ်လုံး တွေကြီးပြီး အိမ်တွေလည်းကြီးမယ်လို့ ထင်ရပေ မယ့်ဂျာမန်အိမ်တော်တော်များဟာ သေးငယ်ပါတယ်။ တချို့အိမ်တွေဆိုရင် ကျွန်တော်တို့ မြန်မာ ပြည်နယ်တွေမှာရှိတဲ့ အိမ်လောက်တောင်မကြီးပါဘူး။ အချို့အိမ်ဆိုရင် တဲပုတ်စာလေးလောက်ပဲ ရှိပါတယ်။ ပုံစံမျိုးအားဖြင့် ကတော့ ခါင်မိုးနှစ်ခုပိုင်းဟာ စောင်းစောင်းလေးနဲ့ အောက်သို့စောင်းကျနေ ပါတယ်။

ဂျာမန်ပြည်သူများဟာ သဘာထိန်းသိမ်းရေးကို အင်မတန်ဦးစားပေးတဲ့ လူမျိုးများဖြစ်ကြ ပါတယ်။ဒါ့ကြောင့်သူတို့ရဲ့ လူနေမှု နေထိုင်စားသောက်တဲ့ စနစ်မှာလည်း လိုအပ်တာထက် ပိုလျှံသည့် စနစ်ကို မသုံးပါဘူး။ ဒီတော့် မိသားစုဝင် ၃ ယောက်နေရမယ့် အိမ်ဟာ ၃ ယောက်နဲ့ အဆင်ပြေအောင်ဆောက် လုပ်ထားပါတယ်။ နေရောင်ခြည်သိပ်မရတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ Solar ပြားနဲ့ စွမ်းအင်ကို ယူနေတယ် ဆိုတော့် သံသယ၀င်စရာပါဘဲ။ ဒါပေမယ့် စက်မှု နည်းပညာကောင်းတဲ့ ဂျာမနီဟာယနေ့ ကမ္ဘာမှာ Solar Panel Manufacturing ကဏ္ဍမှာ No. 1 ဖြစ်ပါတယ်။

တို့မြန်မာသင်ခန်းယူစရာ

မြန်မာပြည်မှာ စွမ်းအင်နဲ့ ပတ်သက်လာရင် ခက်ခဲမှုများတွေ့ရှိနေတယ် ဆိုတာကို လူတိုင်းတွေ့ကြုံခံစားမိ မှာပါ။ ဒါပေမယ့် လက်ရှိပြည်တွင်း လျှပ်စစ်စွမ်းအင်ကို ၁၀၀% အားကိုးရန်မလိုပဲ အခြားသော နေရောင် ခြည်စွမ်းအင်ကို လည်း အားကိုးရန်ပြည်သူများအနေနဲ့ Alternative Source of Energy အခြားနည်း လမ်းပေးစွမ်းအင်များကို ရှာရန်လိုလိမ့်မယ်လို့ မြင်ပါတယ်။လက်ရှိ အကောင်ထည်ဖော်နိုင်တဲ့ နည်းလမ်းက Solar Power Panel များဖြစ်ပါတယ်။ နေရောင်ခြည်နည်းပါးတဲ့ ဂျာမနီ ဟာ Solar Energy ကို ဦးစားပေးနေတယ်ဆိုတော့်နေရောင်ခြည်အမြဲရနေတဲ့မြန်မာပြည်က ဘာဖြစ်လို့ နေရောင်ခြည် လျှပ်စစ်အားကို မရနိုင်ရမှာလည်း ဆိုတဲ့ မေးခွန်းတွေထွက်လာပါတယ်။ ယနေ့ခေတ်သစ် အဆောက်အုံ များ နဲ့ ကုမ္ပဏီကြီး အများဟာ Glass House ပုံစံမျိုးနဲ့ Solar Panel များကိုတပ်ဆင်ပြီး သူတို့ရဲ့နေ့စဉ် လုပ်ငန်းဆောင် တာများကို ထိရောက်စွာ လုပ်နေပါတယ်။



အကောင်းဆုံးဥပမာနဲ့ပြောရရင်ကမ္ဘာ့အကြီးဆုံးကုမ္ပဏီများဖြစ်တဲ့ Apple, IKEA နဲ့ Walmart တို့ဖြစ် ပါတယ်။ ဒီကုမ္ပဏီတွေဟာ Solar Energy Panels တွေကိုတတ်ဆင်ပြီး လုပ်ငန်းများကို လုပ်ဆောင်ရာ ၂၀၁၂ Solar Energy Industries Association ၏ရှင်းတမ်းအရ ဒေါ်လာသန်းပေါင်း ၄၇.၃ တန်တဲ့ စွမ်းအင် ပမာဏကို စုဆောင်းနိုင်ခဲ့ပါတယ်။ မြန်မာပြည်မှာလည်း အသေးစားလုပ်ငန်းတွေမှာ ဤကဲ့သို့ သဘာဝကို အခြေခံတဲ့ စွမ်းအင်သုံးလုပ်ငန်းများ ချဲ့ထွင်လျှင်အကျိုးမြတ်ပေးဖို့ စာရေးသူ အနေနဲ့မြင်ပါ တယ်။ ဒါ့ကြောင့်မြို့ပြကြီးများဖြစ်တဲ့ ရန်ကုန်၊မန္တလေး၊မကွေး၊ပဲခူးစသည့် ဒေသတွေမှာ စီးပွားရေး လုပ်ငန်းများ အတွင်း လုပ်နိုင်ရန် မြန်မာပြည်မှာလည်းဤကဲ့သို့နေရောင်ခြည်ကို အခြေခံပြီးကိုက်ညီမဲ့ အဆောက်အုံဒီဇိုင်းများ ကိုလည်း အင်ဂျင်နီယာများ မှ ဆောက်လုပ်နေပါတယ်။ ဤကဲ့တို့ ဒီဇိုင်းဆန်းပြီး Solar Panel များတပ်ဆင်နိုင်မယ့် အိမ်ခြံ တိုက်ခန်းများကို အင်တာနက်မှတဆင့် http://www.house.com.mm/ ကဲ့သို့ အကျိုးဆောင်အိမ်ရှာဖွေရေး လုပ်ငန်းများမှလည်း လွယ်ကူစွာ ရှာဖွေနိုင်ပါတယ်။

ဆိုလာ နည်းပညာနဲ့ ပက်သက်လို့လည်း မြန်မာပြည်မှာ လှုပ်ရှား ဆောင်ရွက်မှုတွေ အင်မတန် များပြား လာနေ ပါပြီ။ www.popularmyanmar.com/ နဲ့ www.myanmarinternetjournal.com တို့လို ပြည်တွင်းက ဝဘ်ဆိုဒ်တွေရဲ့ နည်းပညာ နဲ့ ပြည်တွင်း သတင်း ကဏ္ဍ တွေမှာ ဆိုလာ နည်းပညာ အကြောင်း နဲ့ ပြည်တွင်း က အသုံးပြု နေမှု အကြောင်း များကို မြင်တွေ့ လေ့လာ ကြည့်နိုင် ပါတယ်။

အကြီးစားစက်မှုလုပ်ငန်းများအတွက် Solar Power ဟာလိုအပ်တဲ့စွမ်းအင်ကို မပေးနိုင်သေးပေမယ့် လည်း ခေတ်မီ ရုံး၊အိမ်။ဆေးရုံများမှာတော့်ထင်မြင်ထားတာနဲု့ပိုပြီးအကျိုးပေးနေပါပြီ။ ဤစနစ်ကို ကုမ္ပဏီကြီးများနဲ့ တတ်ဆင်နိုင်တဲ့ အိမ်မိသားစုတိုင်း အထူးသဖြင့်မြန်မာပြည် ကျေးလက်ဒေသများ အားလုံးမှာ သုံးစွဲမယ်ဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာ လျှပ်စစ်သုံးအား ဟာမျှတမှုပိုရှိပြီး ပြည်သူများ အတွက် အထောက်အကူဖြစ်မှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့်ပေးရတဲ့လျှပ်စစ်အခွန်မှလည်း အကုန်ကျ သက်သာပြီး ပို ၍စုဆောင်းမိမှာဖြစ်ပါတယ်။ စက်မှုထွန်းကားတဲ့ဂျာမနီ၊အမေရိကန်တို့လို နှိုင်းယှဉ်ရန် မသင့်တော်ပေ မယ့်လည်း သူတို့ထံမှ ဈေးသက်သာစွာနဲ့ရနိုင်တဲ့ Solar Technology နည်းစနစ်ကိုတေ့ မြန်မာပြည်မှာ ရာနှုန်းပြည့်ကောင်းမွန်စွာ သုံးစွဲနိုင်မယ်လို့မျှော်လင့်ပါတယ်။ မြန်မာ့ရောင်ခြည်ကို အသုံးပြုပြီး မြန်မာပြည်သူ များရဲ့ စီးပွားရေး နဲ့ မိသားစုဝန်ဆောင်မှု လုပ်ငန်းများ ပို၍အောင်မြင်နိုင်ရန် ရည်စူးလျက်…….

Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...