အိမ်သုံးပစ္စည်းများဟာ မကြာမီမှာ Charger များဖြစ်လာတော့မည်



အင်တာနက် ချိတ်ဆက်နိုင်တဲ့ Connected Device များရဲ့ အရေအတွက်ဟာ သန်းခြောက်ထောင်ကျော်နေ ပြီဖြစ်ပြီး ဒီနှစ်ကုန်မှာတော့ ကမ္ဘာ့လူဦးရေ ကို ကျော်လွန်တော့မှာ ဖြစ်ပါတယ် လို့ Cisco သုတေသန စစ်တမ်း မှာ ဖော်ပြထားပါတယ်။ Connected Device များဟာ နေ့စဉ်လူနေမှုဘ၀များမှာ အထောက်အကူ များစွာ ဖြစ်ပေမယ့် အားသွင်းတဲ့ Charger များသွားလေရာယူဆောင်ရတာ ခေတ်နောက်ကျနေတဲ့ နည်းပညာ တစ်ခုလိုပါပဲ။ ကြိုးမဲ့အားသွင်းနည်းပညာဟာ မကြာမီိမှာ ဒီပြဿနာကို ဖြေရှင်းပေးပါတော့မယ်။

Company များဟာ ကြိုးမဲ့အားသွင်းနည်းပညာ ကို မိုဘိုင်းဖုန်းများမှာ အသုံးပြုနိုင်ဖို့ တီထွင်နေတာ ငါးနှစ် နီးပါးရှိနေပေမယ့် အားပေးပို့မှု စံနှုန်းနဲ့ ပတ်သက်ပြီး ကွဲလွဲမှုများ ဖြစ်နေတဲ့အတွက် ကြိုးမဲ့အားသွင်း နည်းပညာကို လူအများအသုံးပြုဖို့ နှောင့်နှေးနေတုန်းဖြစ်ပါတယ်။ အကြီးမားဆုံး ပြဿနာကတော့ Charger များကို သွားလေရာ ယူသွားရတာ ဖြစ်ပါတယ်။ ကြိုးမဲ့အားသွင်းနည်းစနစ်မှာလည်း အားသွင်းတဲ့ Pad များကို သွားလေရာယူသွားရတာပါပဲ။ Wall Plug နေရာမှာ Pad ကို အစားထိုးလိုက်တဲ့ သဘောပါပဲ။ Lumia 720 , Nexus 5 တို့လို ဖုန်းအနည်းငယ်မှာသာ ကြိုးမဲ့အားသွင်းစနစ်ပါရှိတာပါ။

Powermat က ပြီးခဲ့တဲ့နှစ်မှာ ကြိုးမဲ့အားသွင်းနည်းပညာကို လမ်းကြောင်းမှန်ပေါ်ရောက်အောင် စတင် တွန်းပို့ခဲ့ပါတယ်။ Powermat က Starbucks လို စီးပွားရေးလုပ်ငန်းများနဲ့ Madison Square Garden တို့ရဲ့ စားပွဲခုံများမှာ အားသွင်းတဲ့ အလွှာတစ်ထပ်ကို ထည့်သွင်းတပ်ဆင်ပြီး စမ်းသပ်ခဲ့ပါတယ်။ နောက် အဆင့်အနေနဲ့ ကြိုးမဲ့အားသွင်းနည်းပညာ ကို အိမ်တစ်ခုလုံးမှာ တပ်ဆင်ဖို့ဖြစ်ပါတယ်။ ထုတ်လုပ်သူများ ဟာ အားသွင်းတဲ့ Pads များမြှပ်သွင်းတပ်ဆင်ထားတဲ့ မီးအိမ်၊ နာရီ၊ ကားများကိုတောင် စတင်ထုတ် လုပ်နေပါပြီ။ အဲဒီအတွက် စမတ်ဖုန်း ၊ တက်ဘလက် တို့အပါအ၀င် အီလက်ထရောနစ်ပစ္စည်းများကို တစ်ကူးတစ်က အားသွင်းရတဲ့ အလုပ်ရှုပ်မှုဟာ မကြာမီမှာ ပပျောက်တော့မှာ ဖြစ်ပါတယ်။

သူရ
Myanmar Digital Life Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...