ဆေးရုံတွေမှာ ကျင့်ဝတ်သိက္ခာကို ချိုးဖေါက်ပြီး လုပ်ဆောင်နေကြ

• အမေရိကန် ဆေးရုံတွေကို ဆေးကုသ ရာမှာ မလိုအပ်တဲ့ လုပ်ဆောင်မှုတွေ ရှိခဲ့လို့ ဒဏ်ငွေ သန်းပေါင်း များစွာ ချမှတ် လိုက်ပါတယ်။
• Health Care Fraud Prevention and Enforcement Action Team (HEAT) initiative ခေါ်တဲ့ မလုပ်သင့် တာတွေ လုပ်နေတာကို စနစ်တကျ တိုက်ဖျက်မှုကို ၂ဝဝ၉ ခုနှစ် မေလကတည်းက လုပ်နေ ပါတယ်။
• ဇူလိုင်လထဲမှာ (အယ်ဘာမား) ပြည်နယ်မှာ ဆရာဝန် တွေကနေ ဓါတ်ရောင်ခြည် ဌာနကို မလိုအပ်ဘဲ လွှဲပေးတာတွေ အတွက် ဒဏ်ငွေ ၂၅ သန်း ချလိုက်ပါတယ်။
• ဒိအရင် မေလထဲမှာ (ဖလော်ရီဒါ) က Halifax Health in Florida ကို မလိုအပ်ဘဲ နူကလီယာ ပုံရိပ်ဖေါ် ခိုင်းတာတွေ လုပ်ခဲ့လို့ ဒေါ်လာ ၈၅ သန်းချခဲ့ပါတယ်။ အဲဒီလထဲမှာဘဲ (ကင်တပ်ကီ) မှာလဲ နှလုံးသွေးကြောကျဉ်း လူနာတွေကို မလိုအပ်ဘဲ coronary stents နဲ့ diagnostics catheterizations တွေအတွက် ဆရာဝန်တွေကနေ ဆေးရုံတွေကို လွှဲပေးရာမှာ ငွေကြေးယူပြီး လုပ်ခဲ့လို့ ဒေါ်လာ ၄၁ သန်း ဒဏ်ငွေ ချမှတ်ခဲ့ပါတယ်။
• Stark Law ဥပဒေနဲ့စွဲဆိုပါတယ်။ တချို့တရားစွဲတာတွေကတော့ False Claims Act အက်ဥပဒေအရ ဖြစ်ပါတယ်။
• (အိုဟိုင်ဝိုး) ဆေးရုံက ၈့၅ သန်းပေးရသလို ဆရာဝန်တဦးချင်းအနေနဲ့ဒဏ်ရိုက်ခံရတာလဲရှိပါတယ်။ ဥပမာ (နယူးဂျာဆီ) က ဆရာဝန်တယောက်ကို မလိုအပ်လဲလွှဲပေးမှုအတွက် ဒဏ်ငွေ ဒေါ်လာ ၅ သောင်း ၂ ထောင် ဆောင်ရပါတယ်။
• အိန္ဒိယမှာလဲ ခွဲစိတ်ကုသပေးရမှုအတွက် ဆရာဝန်တွေက ကော်မရှင်ရနေကြတယ်။ အသစ် တက်လာ တဲ့ ကျန်းမာရေးဝန်ကြီးက သူ့အနေနဲ့ အိန္ဒိယဆေးကောင်စီ၊ ကျင့်ဝတ်သိက္ခာကော်မတီကို လွှဲမယ်လို့ ပြောလိုက်ပြီး။ အဲဒီ Medical Council of India ကိုယ်တိုင်က အဂတိလိုက်စားနေတယ်လို့ပါ ထုတ်ဖေါ်ပြော လိုက်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၇-၂ဝ၁၄
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...