ဖုန်းများကို အားသွင်းပေးနိုင်သည့် ထိုင်ခုံများကို ပန်းခြံများတွင် တပ်ဆင်ပေး



အမေရိကန်ပြည်ထောင်စု ဘော့စတွန်မြို့ရှိ ပန်းခြံများတွင် Soofas ဟု အမည်ပေးထားသည့် ထိုင်ခုံများ ကို တပ်ဆင်ပေးထားပါသည်။ Soofas များသည် နေရောင်ခြည် စွမ်းအင်များကို ရယူပြီး ပန်းခြံသို့ လာရောက်လည်ပတ်သူများ၏ မိုဘိုင်းဖုန်းများကို အားသွင်းပေးနိုင်ပါသည်။

ထိုင်ခုံများသည် Verizon Network မှတစ်ဆင့် အင်တာနက်ချိတ်ဆက်နိုင်ပြီး လေထုအရည်အသွေး၊ အသံ ဆူညံမှု စသည့် သတင်းအချက်အလက်များကို အင်တာနက်သို့ ပေးပို့နိုင်ပါသည်။ ထိုင်ခုံများကို MIT Media Lab, Changing Environments နှင့် Verizon Innovation Program တို့ ပူးပေါင်း တီထွင် ကြခြင်းဖြစ်ပါသည်။ ဘော့စတွန်မြို့အာဏာပိုင်များက စမတ်မြို့ပြများကို တီထွင်နေသည့် ကုမ္ပဏီများထဲ တွင် ဦးဆောင်သူဖြစ်သည့် Cisco Systems က ပထမဆုံး ထိုင်ခုံများကို တပ်ဆင်ပေးမည်ဟု ပြောပါ သည်။ ထိုင်ခုံများကို မကြာမီတွင် ဘော့စတွန်မြို့ရှိ ပန်းခြံများတွင် စတင် စမ်းသပ် တပ်ဆင်မည်ဖြစ်သည်။

ဘော့စတွန်မြို့တော်ဝန် Martin J.Walsh က “ ကျွန်တော်တို့ ဘော့စတွန်မြို့မှာ ဒီလို စွန့်ဦးတီထွင်သူတွေ ရှိနေတာ အလွန်ကံကောင်းပါတယ်။ ဘော့စတွန်မြို့ရဲ့ အနာဂတ်မျိုးဆက်တွေအတွက်လည်း အကျိုးရှိစေ မှာပါ။” ဟု ပြောပါသည်။


သူရ
Myanmar Digital Life Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...