ထူးအိမ်သင် အမှတ်တရပွဲမှာ သီချင်းဆိုမယ့် ထူးအိမ်သင်ရဲ့ သမီး မိကွန်ထော



သြဂုတ်လ ၁၄ ရက် နေ့တွင် ပြုလုပ်မည့် တေးသံရှင် ထူးအိမ်သင်၏ ကွယ်လွန်ခြင်း ၁ဝ နှစ်ပြည့် နှစ်ပတ် လည် ဂီတဖျော်ဖြေပွဲ တွင် ထူးအိမ်သင်၏ တစ်ဦးတည်းသော သမီးလေး မိကွန်ထောလည်း ပါဝင်သီဆို မည် ဖြစ်ကြောင်း သိရသည်။

“သူ့အနေနဲ့ ဒီပွဲမှာ သူ့အဖေအတွက် အမှတ်တရအဖြစ် သီချင်းဝင်ဆိုမှာပါ။ ဘယ်သီချင်း ဆိုဖြစ်မလဲ ဆို တာတော့ မပြောတတ်သေးဘူး။ အခုတော့ သူ သီချင်းရွေးနေပါတယ်” ဟု ထူးအိမ်သင်၏ ညီဖြစ်သူ ကိုအောင်က ပြောသည်။

လက်ရှိတွင် မိကွန်ထော အနေဖြင့် သီချင်းများ ရွေးချယ်နေပြီ ဖြစ်ပြီး သူနှင့် သင့်တော်မည့် သီချင်းကို သီဆိုသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

“အခုတော့ သူသီချင်းတိုက်နေတယ်။ သီချင်းကို ကျွန်တော်နဲ့ရွေး ဖြစ်မလား၊ ကိုမြင့်မိုး နဲ့ရွေးဖြစ်မလား တော့မသိသေးဘူး။ အားလုံးပေါင်းပြီး သီချင်းရွေးချယ်ကြမှာပါ။ စုံတွဲသီချင်းလည်းဖြစ်ရင် ဖြစ်မယ်။ ကိုငှက် သီချင်းတွေထဲကပဲ ပြန်ဆိုမှာပါ”ဟု သီချင်းများ။ ဝိုင်းဝန်းရွေးချယ်ပေးသော တေးရေး ရွှေဂျော်ဂျော် က ပြောသည်။ ထူးအိမ်သင် ကွယ်လွန်ချိန်တွင် သူ၏သမီးလေးမှာ ၈ နှစ် သမီးအရွယ်ဖြစ်ပြီး ယခုအချိန် တွင် ၁၈ နှစ်သမီးအရွယ်သို့ပင် ရောက်ရှိခဲ့ ပြီဖြစ်ပြီး မိကွန်ထောသည် နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် ဒုတိယနှစ် တက်ရောက် ပညာသင်ကြားလျက် ရှိသည်။


ရဲရဲ
Popular Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...