ဆံပင်က ပြောပြသော သင့်ကျန်းမာရေး အကြောင်း

ဦးရေပြား နှင့် ဆံပင်တွေက သင့်ကျန်းမာရေး အခြေအနေကို ညွှန်ပြနေတယ် ဆိုရင် သင် အံ့သြ မသွားလိုက်ပါနှင့်။ သူတို့ ရဲ့  အ ခြေအနေက သင့်မှာ ဗီတာမင် နှင့် သတ္တု ဓာတ်တွေ လိုအပ် နေတာကို သတိပေးနေတာဖြစ်လို့  အောက်ပါအတိုင်း အဖြေ ရှာ ကြည့်လိုက် ကြရအောင်။

(ဦးရေပြား ခြောက်သွေ့ ၍ ဗောက်ထခြင်း)

သင့်ခန္ဓာကိုယ်ထဲမှာ ဇင့်(သွပ်) ဓာတ်ချို့ တဲ့ နေလို့ ပါ။ အနီ ရောင်အသား၊ ဟင်းသီး ဟင်းရွက် ဆီ၊ အဆီများတဲ့ငါး၊ အခွံမာ သီးများ ဖြစ်ကြတဲ့ ရွှေဖရုံစေ့၊ နေကြာစေ့၊ မြေပဲ၊ ဗာဒံစေ့၊ သီဟိုစေ့ တို့ကို စားပေးပါ (ထိုအစေ့အဆံများမှာ ဆားအငံ မထည့်ပါနှင့်) ငါးကြီးဆီ သို့ မဟုတ်) ဗီတာမင်အီး ဆေးလုံး လေးတွေ မှီဝဲပါ။ အငံလျော့စားပါ။ ဆံပင် ထိန်းသိမ်းမှု အနေဖြင့် ဗောက်သေစေပြီး ဦးရေပြား ယားယံ မှိုစွဲခြင်းအတွက် စီမံထားတဲ့ Anti-Dandruff(Itchy Scalp Care) စာတမ်းပါသော ခေါင်းလျော်ရည် ရှမ်ပူကို သုံး၍ ရက်သတ္တ ၁-ပတ်လျှင် ၂-ကြိမ် ခေါင်းလျှော်ပေးပါ။ ခေါင်းလျှော်ပြီးနောက် ဗီတာမင် အီး ဆေးလုံးလေးတွေကို ဖောက်၍ ဦးရေပြားထဲထိ စိမ့်ဝင်အောင် လိမ်းပါ။ သစ်သားဖြင့် လုပ်ထားတဲ့ ဘီးကို သာသုံးပါ (ကော်ဘီး၊ ဖိုက်ဘာဘီးတွေကို မသုံးပါနှင့်)

(ဆံပင်ကျွတ်ခြင်း)

ပျိုပျိုအိုအို အရွယ်အားလုံးဆံပင်ကျွတ်လေ့ရှိကြပါတယ်။ အရွယ်ရောက်သူတစ်ဦးဟာ တစ်နေ့ ကို ပျမ်းမျှ ဆံပင်အချောင်း ၁၅၀ ထိ ကျွတ်ထွက်လေ့ရှိပြီး အသစ်ပြန်ပေါက် ပါတယ်။ သို့ သော် မျိုးရိုးဗီဇအရ ထိပ်ပြောင်သူများ ရှိသလို၊ ကိုယ်ဝန်ဆောင်များ၊ သွေးအားနည်း ရောဂါရှိသူများ၊ လည်ပင်းသိုင်းရွိုက် အကျိတ်ပြဿနာရှိသူများမှာ ဆံပင်ကျွတ် တတ်ပါတယ်။ ဒါ့ပြင် ဘိုင်အိုတင်(ခေါ်) ဗီတာမင် B4 ချို့ တဲ့ခြင်း ကြောင့် ဆံပင်ကျွတ် ထွက်သလို၊ စိတ်ဖိစီးမှုများခြင်းကြောင့်လည်း ဆံပင်ကျွတ်ထွက်တတ်လို့ ၊ ဗီတာမင် B အုပ်စုဓာတ်များကြွယ်ဝတဲ့ ခရု/ဂဏန်း/ပုစွန်/ဂုံးကောင် စတဲ့ အခွံမာရေသတ္တ၀ါများ၊ ဘဲသား/အမဲသား စတဲ့ အနီရောင်အသား၊ အမဲအသည်း၊ ကြက်ဆင်အသည်း၊ ကြက် သား၊ ရေဘ၀ဲ၊ တူနာငါး၊ ငါး သေတ္တာ ငါး၊ ရေချိုရေငံ ငါးအမျိုးမျိုး၊ တို့ ဟူး၊ လူး/ဆပ်/ဂျုံ စတဲ့ ကောက်နှံစပါး အမျိုးမျိုး၊ နွားနို့ ၊ ချိစ်၊ ဒိန်ချဉ် နှင့် ကြက်ဥ/ဘဲဥ /ငုံးဥ (အနှစ်) တွေ ကို စားပေးပါ။ ဆံပင်ထိန်းသိမ်းမှု အနေဖြင့် သခွားသီးဖြင့် ပြုလုပ်ထား သော ခေါင်းလျှော်ရည်ရှမ်ပူသုံး၍ ရက်သတ္တ ၁-ပတ်လျှင် ၁-ကြိမ်သာ ခေါင်းလျှော်ပါ။ (ဓာတုပစ္စည်း ပါဝင် မှု နည်းတဲ့ ရှမ်ပူမျိုးကို ရွေးချယ်ပါ) ခေါင်းလျှော်ပြီးနောက် ရေမခြောက်ခင် အုန်းဆီစစ်စစ် အနည်းငယ် လူးပါ။ ဆံပင်ကို ခပ်ကြမ်းကြမ်းမဖြီးရ။ ဖြစ်နိုင်လျှင် ဆံပင်ကို ကလစ်၊ ကြိုးများနှင့် စည်းနှောင် မထားဘဲ ဖားလျားချပါ။

(ဆံပင်များ ကြမ်းတမ်းခြောက်သွေ့ နေခြင်း)

ဗီတာမင် A ချို့ တဲ့နေလို့ ပါ။ ကိုယ်ဝန်ဆောင်နေချိန်မှာလည်း ဆံစတွေခြောက်သွေ့  တတ်ပါတယ်။ ကိုယ် ၀န်ဆောင် မဟုတ်သူများက ရက်သတ္တတ် ၁-ပတ်လျှင် ကြက်ဥ ၃-လုံးစားပေးပါ။ လိမ္မော်သီး၊ ကန်စွန်းဥ အ၀ါရောင်၊ မုန်လာဥနီ၊ တရုပ်ဇီးသီးခြောက်၊ သခွားမွှေးသီး၊ သင်္ဘောသီး၊ မက်မွန်သီး၊ သရက်သီးမှည့်၊ ခရမ်းချဉ်သီး၊ ပန်းငရုပ်ပွ(အချို)၊ ကိုက်လံ၊ ဆလတ်ရွက်၊ ဟင်းနုနယ်ရွက်၊ မုန်ညင်းစိမ်း၊ ပင်စိမ်းရွက်၊ ဗိုစား ပဲသီး၊ ပင်လယ်ငါး၊ နွားနို့ ၊ ငါးကြီးဆီ၊ ကြက်အသည်း (အထူးသဖြင့် ကြက်ဆင် အသည်း)၊ အမဲအသည်း၊ ကွေကာအုတ် အကြမ်းတို့ မှာ ဗီတာမင် A ကို လုံလောက်စွာ ရရှိနိုင်ပါတယ်။ ဆံပင် ထိန်းသိမ်းမှု အ နေဖြင့် ရှားစောင်းလက်ပပ် ဖြင့်ပြုလုပ်ထားသော ခေါင်းလျှော်ရည် ရှမ်ပူသုံးပြီး ဆံပင်ပေါင်းဆေး သုံးပါ (သို့ မ ဟုတ်) Smoothy ရှမ်ပူ အမျိုးအစားကို ရွေးချယ်ပါ။ ဆံပင်သား ဆိုးရွာမှု အခြေအနေပေါ် မူတည် ၍ တစ်လတစ်ကြိမ်ခန့်  လိုအပ်သလို ဆံပင်ပေါင်းတင်ပေးပါ။ ဆံပင်တွေ ရေမခြောက်ခင် ခေါင်းမဖြီး ပါနှင့်။ Hair Coat လိမ်းပါ။

(ဦးရေပြား နှင့် ဆံပင်အဆီပြန်ခြင်း)

ဦးရေပြားပေါ်ရှိ Sebaceous gland (ခေါ်) အဆီဂလင်းမှ အဆီတွေ လိုအပ်တာထက် ပို၍ ထွက်ရှိနေလို့  ပါ။ အဆီအအိမ့် လျော့စားပါ။ အဆီထုတ်ထားသော နွားနို့ ၊ ဒိန်ချဉ် မျိုးကိုသာ သောက်ပါ။ ဓာတုပစ္စည်း အနည်းဆုံးပါတဲ့ အားအပျော့ဆုံး ရှမ်ပူသုံး၍ ခေါင်း မကြာခဏေ လျှာ်ပေးပါ (သို့ မဟုတ်) ဘေဘီရှမ်ပူ သုံးပါ။ ခေါင်း မကြခဏလျှော်ခြင်း အားဖြင့် အဆီပြန်တာကို ထိန်းထားနိုင်ပါတယ်။ သို့ သော် ခေါင်း ခဏခဏ မဖြီးပါနှင့်။ တတ်နိုင်သလောက် အကြိမ်ရေ နည်းနိုင်သမျှ နည်းအောင် ခေါင်းဖြီးခြင်းက ဦးရေပြားပေါ်မှ အဆီတွေ ယိုစိမ့် ထွက်မလာအောင် အထိုက်အလျောက် ထိန်းထားနိုင်ပါတယ်။

အလှအပမြတ်နိုးသူတိုင်း လှသထက်ပို၍ လှနိုင်ကြပါစေ။


(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)
--
promise.pauk
-------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...