မျက်စိ တိမ်စွဲသူများ


photo:google

မျက်စိ တိမ်စွဲသူများ အတွက် မျက်စဉ်း
၁။ နနွင်းစိမ်း……………၈ပဲ
၂။ လေးညှင်း……………၅ပွင့်
၃။ ကွမ်းရွက်…………..၄ပဲ
၎။ မန်ကျည်းရွက် လက်တွင်း တစ်ဆုပ် သတ္တုရည်
၅။ ကျောက်ချဉ် …………..၃ကျပ်
၆။ ဒုတ္ထာ………………၂ပဲ
(ရေ တစ်ပိဿာနှင့် စိမ်ပါ)
ဤမျက်စဉ်းကို သန့်ရှင်းစင်ကြယ်သော အဝတ်နှင့် စစ်၍ ပုလင်းနှင့် ထည့်ထားပါ။ရက်လကြာလျှင် အလိုအလျှောက် အနည်ဖြစ်လာတတ်သည်။ မကြာမကြာ အဝတ်နှင့် စစ်ပေးရသည်။ ဤ မျက်စဉ်း၏ သတ္တိမှာ မျက်စိမှုန်ခြင်း၊မျက်စိသီခြင်း၊မျက်ရိုးကိုက်ခြင်း၊မျက်စိကျိန်းခြင်း၊မျက်ရည်ယိုခြင်း၊မျက်စိနာခြင်း၊တိမ်စွဲခြင်း၊သလာဖုံးခြင်း စသော မျက်စိနှင့် သက်ဆိုင်ရာ ဝေဒနာဟူသမျှကို ပျောက်ကင်းစေနိုင်ပါသည်။တစ်နေ့ လျှင် နှစ်ကြိမ်(သို့မဟုတ်) သုံးကြိမ်ခန့် ခတ်ပေးနိုင်ပါလျှင် သာ၍ ကောင်းပါသည်။

မျက်စိဝေဒနာကို ကုသရာ၌ ဆေးခတ်နေစဉ်တွင်း အပူစာ၊အတက်စာဟူသမျှကို ရှောင်ကြဉ်လျက် နေပူစပ်ခါးသွားလာခြင်း၊အိပ်ပျက်ခံ၍ ညည်နက်သန်းခေါင်နေထိုင်ခြင်း ၊အညောင်းအထိုင် များလွန်းခြင်း၊ဝမ်းချူပ်ခြင်း စသည်တို့ကို သတိပြု၍ ရှောင်ရှားရပါမည်။ ဆီး၊ဝမ်း၊လေ မှန်စေရန် အတွက် အရေးကြီးသောကြောင့် အခြားဆေးများကိုလည်း သုံးစွဲရပါမည်။
(ဆရာဦးသိန်းလွင်)


မျက်စိ တိမ်သလား ဆေးနည်း
၁။ စမုန်းမျိုးငါးပါး…………၁ကျပ်
၂။ မုတ်………….၁ကျပ်၎ပဲ
၃။ ဘုမ္မရာဇာ………၁ကျပ်၎ပဲ
၎။ ဇာတိပ္ဖိုလ်သီး တစ်လုံး အမှုန့်ပြု
၅။ ရေ၆ ပုလင်း
၆။ ထန်းလျက်……..၂၀ကျပ်
၇။မန်ကျည်းမှည့်…….၁၅ကျပ် တို့ကို သုံးခွက် တစ်ခွက်တင်ကျို၍ နံနက်ည နှစ်ဇွန်းစီစားပါ။


မျက်စိ ဒဏ်ထိဆေးနည်း
ဆားနှင့် စစ်သိမ်မြစ်ကို သွေး၍ ကွင်းပါ။
မျက်စိနာ ဆေးနည်း
ဖွတ်သည်းခြေကို ရေအေးနှင့် သွေး၍ ခတ်လေ။နှမ်းလှော်ကို ရှူလေ။


မျက်စိနာ တိမ်သလား ဆေးနည်း
၁။ ဒုတ္ထာ……၁ကျပ်
၂။ သွတ်ဖြူတစ်ခွက်
၃။ လေးညှင်းပွင့် အပွင့်၂၀
၎။ကွမ်းတစ်ရွက်
၅။ သံပရာသီးတစ်လုံးအရည် တို့ကို ရေ ၅၀ကျပ်သားနှင့် ၇ရက်စိမ်ပြီးနောက် ရေကြည်ကို စစ်၍ ခတ်လေ။


မျက်စိမှုန် ဆေးနည်း
၁။ မင်းကိုကာ……..၂ကျပ်
၂။ မန်ကျည်းမှည့်…..၁၀ကျပ်
၃။ ထန်းလျက်……..၁၀ကျပ်
၎။ ပျားရည် နှင့်တေ၍ သင့်ရုံထည့် ကွမ်းသီးတစ်လုံးခန့် ညနံနက် စားလေ။
မျက်စိယား ဆေးနည်း
၁။မယားသိမ်
၂။ငုစပ်ခေါက်
၃။ကျောက်ချဉ် တို့ကို ပုန်းရည်နှင့် အမျှစီသွေး၍ ခတ်လေ။
(စလေဆရာကြီး ဦးကံမင်း)
မျက်စိနာ အတွက် ဆေးနည်းတစ်လက်
ဆေးနည်းနှင့် လိုက်နာလုပ်ဆောင်ရမည့် အချက်များဆန်ဆေးရည်ဖြင့် ဒူး၏ အောက်ပိုင်းကို နေ့စဉ် နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် ဆေးပေးရပါမည်။ညဘက်တွင် မန်ကျည်းသီးနှင့် ဆားအနည်းငယ်ရောပြီး ခြေဖဝါးအား ပွတ်ပေးပါ။ နံနက် မျက်နှာမသစ်မှီ ပြုလုပ်ရမှာက သက်ရင်းမြစ်နှင့် တမာမြစ် နှစ်မျိုးတို့အား ဆတူသွေးပြီး ခြေထောက်၏ ဒူးဆစ်အောက်ကို လိမ်းပေးရမည်။ တစ်ခု သတိပြုရမှာက သွေးလိမ်းမည့် သက်ရင်းမြစ်နှင့် တမာမြစ်တို့မှာ အပင်၏ အရှေ့ဘက် (သို့မဟုတ်) နေထွက်ရာ ဘက်သို့ သွားသော အမြစ်များဖြစ်ရမည်။

(ဤဆေးနည်းပေးသော ဦးချမ်းအေး+ဒေါ်ခင်လေးသိန်း (ရွှေကျင်ပရဆေးဆိုင်) ညောင်လေးပင်)
စာရေးသူ……….ကိုမြသွေး(ပေါင်းလောင်းမြေ) နက္ခတ္တရောင်ခြည် တို့အား ကျေးဇူးတင်ပါသည်။

ကျန်းမာကြပါစေ………..မင်းမင်းဇော်
han152

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...