အသားအရေလှပစေရန် အထောက်အကူပြုသည့် ပန်းကလေးများ
Health Updates Journal No. 89
နှင်းဆီပန်း
မိမိချိုးမည့်ရေချိုးကန်ထဲသို့ နှင်းဆီပွင့်ဖတ်ကလေးများ ထည့်ခြင်းဖြင့် အသားအရေထဲကို စိမ့်ဝင်ပြီး အသားအရေ တင်းရင်းမှုကိုဖြစ်စေသည်။ သာမန်အသားအရေကိုဖြစ်စေ၊ ခြောက်သောအသားအရေကို ဖြစ်စေ အားဖြည့်စေသော toner အဖြစ်လည်းကောင်း၊ အဆီပျံသော အသားအရေအတွက် အရေပြား အက်ကွဲမှုကို စေ့သွားစေရန် လည်းကောင်း စသည့်အကျိုးကို ရစေသည်။ အချို့က အသားအရေ ကြေးနီ ရောင် ဖြစ်ခြင်းမှ ကာကွယ်ရန် နှင်းဆီကို အသုံးပြုကြသည်။ မိမိမအိပ်မီ ရေချိုးကန်တွင်း နှင်းဆီပွင့်ဖတ် များကို ထည့်ပြီး စိမ်ပေးပါ။ နံနက်တွင် ရေအေးနှင့် ချိုးလိုက်ပါ။ ချော၍ လန်းဆန်းသော အသားအရေကို ရရှိပါလိမ့်မည်။
ပြောင်းဖူးပွင့်
အသားအရေရောင်ရမ်းခြင်း၊ ဖောခြင်း၊ ယားယံ၊ စပ်ဖျဉ်းခြင်း၊ အမည်းရောင်အဆံများထွက်ခြင်း၊ အင်ပြင် ထခြင်းတို့အတွက် အသားအရေသန့်စင်စေရန် အသုံးပြုသည်။ ပြောင်းဖူးပွင့်၏ပွင့်ဖတ်များကို ချေ၍ ပျော့ဖတ်ဖြစ်အောင် လုပ်ပြီး မျက်နှာပါင်းတင်ခြင်းဖြင့် ၀က်ခြံနှင့်နေရောင်ကြောင့်ဖြစ်သော အနီကွက် များကို ကာကွယ်ပေးသည်။ ဓာတ် မတည့်၍့ဖြစ်သော အရေပြားအဖုအပိန့်များ ထွက်ခြင်းကိုလည်း သက်သာစေသည်။
ခေါင်ရမ်းပန်း
သဘာဝ Alpha Hydroxl Acid ပါဝင်ပြီး အရေးအကြောင်းများ မှေးမှိန်ပြီး နုပျိုမှုကို ပေးစွမ်းသည်။ ဤပန်းကို ခြေ၍ ပျားရည်၊ နို့၊ နနွင်းတို့၏အရောနှင့် ဆတူရောပြီး အသားပေါ်တွင် လိမ်းပြီး အခြောက်ခံ ပါ။ ပြီးလျှင် ရေအေးနှင့် ဆေးပါ။ နုပျိုသောအသားအရေကို ရရှိသည့်အပြင် လင်းလက်သော အသား အရေ၊ အမည်းကွက်၊ မျက်ကွင်းညိုခြင်းကို လျော့ပါးပျောက်ကွယ်စေသည်။
အ၀ါရောင် Primrose ပန်း
လင်နိုလစ်အက်ဆစ် ကြွယ်ဝပြီး လွန်ကဲစွာခြောက်သွေ့သော အသား၊ နှင်းခူ၊ ကြမ်းထော်ပြီး အနီပိန့်များ ထွက်ခြင်းကို ကုသပေးနိုင်သည်။ ဆောင်းရာသီတွင် အရေပြားအတွက် ကောင်းမွန်သောပန်းမျိုး ဖြစ် သည်။ မျက်နှာပေါင်းတင်ရာ၌လည်း အသုံးပြုနိုင်သည်။
ဒေါန
Health Updates Journal No. 89
- (အရှေ့သို့) ထွေရာလေးပါး...၉၃ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable...
- (အနောကျသို့) ရင်သားကင်ဆာနှင့် ဦးနှောက်အကျိတ်ကို ဗိုင်းရပ်စ်က မဖြစ်ပွားစေနိုင်ပါ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable...