ဆေးဖက်ဝင်သော ရေခဲ

photo:google
ရေခဲသည် ပိုးကောင်၊ ခူကောင်များ ကိုက်ခြင်း၊ ထိမိခြင်းများကြောင့် အရေပြား နာကျင်ခြင်း ယားခြင်း များကို များစွာ သက်သာစေပါသည်။ ပျားတုပ်ခြင်း၊ ခူယားကောင်နှင့် ထိမိခြင်းတို့ အတွက် ယားသော နေရာ၊ နာသောနေရာကို ရေခဲတုံးနှင့် ပွတ်ပေးရပါသည်။
နှာပိတ်ပြီး နေနတ်သားဖမ်းစားသောရောဂါခေါ် (Sinusitis) ဖြစ်ပါက ရေခဲတစ်လှည့် ရေနွေးတစ်လှည့် သုံးပြီး ကုရပါသည်။ လူနာအား ပတ်လက်အနေအထား အိပ်စေပြီး မျက်နှာသုတ်ပဝါကို ရေနွေးတွင်စိမ် ၍ ညှစ်ပြီးနောက် နှာခေါင်း၊ ပါးနှင့် မျက်ခုံးတစ်ဝိုက်ကို ခေတ္တအုပ်၍ ကပ်ထားပေးပါ။ တစ်မိနစ်ခန့် ကြာသောအခါ ယင်းမျက်နှာသုတ်ပဝါကို ခွာလိုက်ပြီး ရေခဲစိမ်ထားသော မျက်သုတ်ပဝါဖြင့် လဲလှယ်၍ ကပ်ပေးရပါသည်။ ဤသို့ဖြင့် ၁၀ ကြိမ် တစ်လှည့်စီ ကပ်ပေးပါ။ ဤနည်းဖြင့် မျက်ခုံးနှင့် နှာခေါင်းတစ် ဝိုက် အရိုးအိမ်များ အတွင်းမှ ချွဲများ နှာခေါင်းမှ တစ်ဆင့် ထွက်ကျလာပါလိမ့်မည်။
သွားကိုက်လျှင် ရေခဲငုံပေးခြင်း၊ ပါးပေါ်သို့ ရေခဲ အိတ်ကပ်ပေးခြင်းဖြင့် အထိုက်အလျှောက် သက်သာ စေနိုင်ပါသည်။
ထို့ပြင် လက်ညှိုးနှင့် လက်မကြားနေရာကို ရေခဲတုံးငယ်ဖြင့် ပွတ်ပေးခြင်းဖြင့် အင်ဒိုဖင်ဓာတ်များ ထွက် ပေါ်လာစေပြီး အကိုက် သက်သာစေပါလိမ့်မည်။
ဒေါက်တာအောင်နိုင်(ဆေးသုတေသန)
မြန်မာမှု နှင့် တိုင်းရင်းဆေးပညာ စာအုပ်မှ တင်ပြလိုက်ပါသည်။
han152
- (အရှေ့သို့) တုပ်ကွေးကို အပြုတ်တိုက်မည့် ကြက်သွန်ဖြူ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) ပျို့အန်ခြင်းနှင့် ခေါင်းကိုက်ခြင်းကို ပျောက်စေသောနှိပ်ကွက် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'