စိတ်ဖိစီးမှုနှင့် စိတ်ကျခြင်းကို ကုသနိုင်သည့် အပ်စိုက်ကုထုံး
Health Updates Journal No. 89
တရုတ်ရှေးဟောင်းရိုးရာ အပ်စိုက်ကုထုံးတစ်မျိုးဟာ စိတ်ဖိစီးမှုနဲ့ စိတ်ကျခြင်းအတွက်ဆေးဝါးတွေကို အသုံးပြုခြင်းထက် ဘေးထွက်ဆိုးကျိုး ပိုနည်းစွာ အသုံးပြုနိုင်တယ်လို့ သုတေသနတစ်ရပ်မှာ ဖော်ပြထားပါတယ်။
အပ်စိုက်ကုထုံးဟာ ကြွက်သားနာကျင်ခြင်းမှာ အသုံးဝင်တယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ စိတ်ဖိစီးမှုနဲ့ စိတ်ကျခြင်းများကို သက်သာစေတယ်ဆိုတာကိုတော့ အခုလေ့လာမှုမှာ ဗြိတိသျှ အပ်စိုက် ကုထုံးဆိုင်ရာကောင်စီမှ ဦးဆောင်သုတေသန ပြုနိုင်ခဲ့ပါတယ်။ လေ့လာမှုမှာ ပူးပေါင်းပါဝင်ခဲ့ သူတွေရဲ့ ၉၃.၈%ကျော်ဟာ စိတ်ဖိစီးမှုများ လျော့ပါးသက်သာခဲ့ရပြီး ယင်းတို့ အနက် ၄၉.၂%ဟာ မူလက ဆေးဝါးများ မှီဝဲနေရတာ ဖြစ်ပါတယ်။
ရလဒ်များအရ အပ်စိုက်ကုထုံးကို ခံယူပြီးသူတွေမှာ မူလက ခံစားနေရတဲ့ စိတ်ကျခြင်းနဲ့ စိတ်ဖိစီးမှုတွေ လျော့ပါးသက်သာခဲ့တဲ့အပြင် သောက် သုံးနေရတဲ့ ဆေးဝါးတွေကိုလည်း နောက်ဆက်တွဲသောက်သုံးဖို့ မလိုဘူးလို့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ကျော်ကတည်းကစတင် အသုံးပြုခဲ့ပြီး တရုတ်တိုင်းရင်းဆေး ဆရာတွေဟာ သေးငယ်လှတဲ့ အပ် ငယ်လေးတွေကိုကိုယ်ခန္ဓာက အထူးပြုနေရာတွေကိုစိုက်ပြီး ကုသရတာပါ။ အပ်စိုက်ကုထုံးဟာ ဘယ်လို နာကျင်မှုမျိုးကိုမဆို ကုသကာကွယ်နိုင်တယ်လို့ နာမည်ကျော်ကြားနေတဲ့ ကုသမှုတစ်မျိုးဖြစ်ပြီး အခုလေ့လာမှုကြောင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ကိုပါ ကုသနိုင်မှာဖြစ်ပါတယ်။
သန့်စင်
ref: ANI
Health Updates Journal
- (အရှေ့သို့) ဦးနှောက် ကျန်းမာရေးကို မြှင့်တင်ပေးနိုင်မယ့် လေ့ကျင့်ခန်းလုပ်ခြင်း JAVA leaning Myanmar (PDF) ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...
- (အနောက်သို့) ခႏၶာကုိယ္မွ ငါးညှီနံ့နံသည့်ရောဂါ သို့မဟုတ် ၀ဋ်နာကံနာ JAVA leaning Myanmar (PDF) ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...