ခန္ဓာကိုယ်မှ ငါးညှီနံ့နံသည့်ရောဂါ သို့မဟုတ် ၀ဋ်နာကံနာ
Health Updates Journal No. 89
Fish Odour Syndrome ကတော့ ခန္ဓာကိုယ်ကနေ Flavin လို့ခေါ်တဲ့ အင်ဇိုင်းထုတ်လုပ်မှု မပေးနိုင်တဲ့ သူတွေမှာ တွေ့ရလေ့ရှိတဲ့ရောဂါဖြစ်တယ်။ Flavin အင်ဇိုင်းကိုခန္ဓာကိုယ်က မထုတ်ပေးနိုင်တဲ့အတွက် အစားအစာထဲမှာပါတဲ့ Trimethylamine (TMA) တွေကို Trimethylamine Oxide (TMAO) အဖြစ်ကို မပြောင်းနိုင်တော့ဘဲ ခန္ဓာကိုယ်ထဲမှာ TMA တွေ စုလာပါတယ်။ အဲဒီအခါမှာ ခန္ဓာကိုယ်က ထွက်တဲ့ချွေး၊ဆီးနဲ့ အသက်ရှူတဲ့အခါတွေမှာ ပြင်းထန် တဲ့ငါးညှီနံ့ကို ခံစားရပါတယ်။ Fish Odour Syndrome သို့မဟုတ် Trimethylaminuria (TMAU) ကို ၁၉၇၀ခုနှစ်တွင်မှ ပထမဆုံး စတင်သိရှိခဲ့ကြခြင်း ဖြစ်ပါတယ်။
ရောဂါလက္ခဏာတွေအနေနဲ့ကတော့ ရောဂါရှိသူရဲ့ချွေးတွေ၊ဆီးတွေ၊ ခန္ဓာကိုယ်က ထွက်တဲ့အရည်တွေနဲ့ အသက်ရှူတဲ့အခါတွေမှာ ငါးညှီနံ့ ထွက်နေတာပါပဲ။ တစ်ချို့တလေကတော့ အမြဲတမ်းအနံ့ထွက်နေပြီး အများစုကတော့ အချိန်အခါကိုလိုက်ပြီး အနံ့နံမှု အပြင်း၊အပျော့ရှိပါတယ်။ ဥပမာအားဖြင့် ဟော်မုန်းအပြောင်းအလဲများတဲ့ရာသီလာချိန်တွေ၊ ကိုယ်ဝန်တားဆေးသောက်နေတဲ့ အချိန်တွေနဲ့ သွေးဆုံးချိန်တွေမှာ အနံ့ပိုဆိုးတတ်ပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုဖြစ်လေ့ရှိပြီး အခြားလက္ခဏာကတော့ ဘာမှမရှိပါဘူး။
ဘယ်လိုကုသမလဲ
လက်ရှိမှာတော့ ပျောက်ကင်းအောင်ကုသနိုင်မယ့်နည်း မရှိသေးပါဘူး။ ဒါကြောင့် ကုသသူတွေအနေနဲ့ ဝေဒနာခံစားနေရသူတွေကို သူတို့ရဲ့ အနံ့နံတာတွေနဲ့ ပတ်သက်ပြီး ဘယ်လိုစောင့်ရှောက်သင့်တယ် ဆိုတာပဲ ရှင်းပြပေးလေ့ရှိပါတယ်။ အဓိကအားဖြင့်တော့ အစားအသောက် ရှောင်ခြင်းပါပဲ။ ဥပမာ ကြက်ဥ၊ ပဲ၊ အသား၊ငါး၊ ပဲကြီးနဲ့ အခြား Choline, Carnitine, Nitrogen, Sulphur နဲ့ Lecithin ပါတဲ့ အစားတွေ မစားသင့်ပါဘူး။ အချို့ လေ့လာမှုတွေမှာတော့ neomycin သို့မဟုတ် metronidazole စတဲ့ ပဋိဇီဝဆေးတွေ သောက်ခြင်းက ခန္ဓာကိုယ်အနံ့ကို အနည်းငယ်သက် သာစေတယ်လို့ ဆိုပါတယ်။
လေ့လာမှုတစ်ခုမှာတော့ နေ့စဉ် activated Charcoal နဲ့ Copper Chlorophyllin သောက်ခြင်းအားဖြင့် လူနာကို ဘ၀နေထိုင်မှု အရည်အသွးပါ တိုးတက်လာစေနိုင်ကြောင်း သိရသည်။ ဒါပေမယ့် ဒီကုထုံးကတော့ အောင်မြင်မှု မအောင်မြင်မှုကတော့ လူနာပေါ်လိုက်ပြီး ကွာခြားနိုင်ပါတယ်။ ပုံမှန် အားဖြင့်တော့ ပေးလေ့မရှိပါဘူး။
ဖိုးသောကြာ
ref:Netdoctor.co.uk
Health Updates Journal
- (အရှေ့သို့) စိတ်ဖိစီးမှုနှင့် စိတ်ကျခြင်းကို ကုသနိုင်သည့် အပ်စိုက်ကုထုံး Miss Globe Myanmar 2014 အဖြစ် ရွေးချယ်ခံရသူ အေးချမ်းမြေ့ ပူဒီနာ စားသင့်တဲ့အချက် ကမ္ဘာ့ အတွင်းပိုင်းတွင်း မြေအောက် သမုဒ္ဒရာများ ရှိနေနိုင်ကလေးတွေ ငြိမ်ငြိမ် မနေနိုင်ကြတာ ဘာကြောင့်လဲ အာဘွား အခွေအတွက် MTV ကို အမေရိကမှာ ရိုက်ကူးခဲ့တဲ့ ဝိုင်းစုခိုင်သိန်း ခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ
- (အနောကျသို့) ချီကန်ဂန်းညားရောဂါ (Chikungunya) Miss Globe Myanmar 2014 အဖြစ် ရွေးချယ်ခံရသူ အေးချမ်းမြေ့ ပူဒီနာ စားသင့်တဲ့အချက် ကမ္ဘာ့ အတွင်းပိုင်းတွင်း မြေအောက် သမုဒ္ဒရာများ ရှိနေနိုင်ကလေးတွေ ငြိမ်ငြိမ် မနေနိုင်ကြတာ ဘာကြောင့်လဲ အာဘွား အခွေအတွက် MTV ကို အမေရိကမှာ ရိုက်ကူးခဲ့တဲ့ ဝိုင်းစုခိုင်သိန်း ခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ