အင်ဒိုနီးရှားမှာ ကလေးတွေ စာလေ့လာဖို့ ညမထွက်ရ အမိန့်ထုတ်
ညစဉ် ၇း၀၀ နာရီထိုးတိုင်းမှာ ဒါဒန်းဟာ ဂျာကာတာမြို့လယ်မှာရှိတဲ့ ကမ်ပွန်းဘိုနန်ရွာရဲ့ လမ်းကျဉ်း လေးတွေထဲ တစ်လမ်းဝင်တစ်လမ်းထွက် လျှောက်သွားပြီး အသံချဲ့စက်ကနေ ဥသြဆွဲသံပေးပါတယ်။
မြို့ခံတွေကတော့ မထိတ်လန့်ကြပါဘူး။ ကလေးတွေဟာ အဲဒီအချိန်မှာ ကျောပိုးအိတ်တွေကိုဆွဲပြီး အိမ်ကထွက်လာကာ ရွာအစည်းအဝေးခန်းမဆီ သွားကြပါတယ်။ ကျောင်းစာအုပ်တွေ၊ ခဲတံတွေထည့် လာတဲ့ ရည်ရွယ်ချက်ကတစ်ခုတည်းပါပဲ။ စာကျက်ဖို့ပါ။
'ည ၇း၀၀ နာရီနဲ့ ၉း၀၀ နာရီကြားစာကျက်ဖို့ ကာဖျူးအမိန့်ကို လိုက်နာမယ့်ကလေးတွေ လာကြပါ။ မင်းတို့လေးတွေ ပိုတော်တဲ့၊ ပိုစည်းကမ်းရှိတဲ့၊ ပိုအာရုံစိုက်နိုင်တဲ့ ကလေးတွေဖြစ်လာကြပါစေ' လို့ ဒါဒန်းကအသံချဲ့စက်ကနေအော်ပါတယ်။ သူဟာ မီတာ ၅၀ တစ်ခါအဲဒီလိုအော်ပြီး သူ့နောက်က စေတနာ့ဝန်ထမ်း မိဘတွေက လိုက်ပါလာကြပါတယ်။
ကလေးတွေစာကျက်ဖို့သည် စီမံချက်ဟာဂျာကာတာမြို့တော်ဝန် ဂျိုကိုပီဒိုဒိုက ၂၀၀၆ ခုနှစ်ကတည်း က စတင်ခဲ့တဲ့ကလေးတွေ အခန်းတွင်းနေစာကျက်ဖို့ စည်းကမ်းကို ယခုလဆန်းပိုင်းက အသက်သွင်းကြပ်မတ်ခဲ့ခြင်း ဖြစ်ပါတယ်။
သည်လှုပ်ရှားမှုက ညဘက်မှာကလေးတွေအုပ်စုဖွဲ့ပြီး ဟိုဟိုဒီဒီ လျှောက်သွားတာကို ထိန်းသိမ်းဖို့ပါပဲ။
ဂျာကာတာမြူနီစပယ်အစိုးရရဲ့ ပညာရေးအကြီးအကဲ တော်ဖစ်ယူဒီမူလ်ယန်တိုက ဒီစီမံကိန်းကို ခရိုင် ဆယ်ခုမှာ စမ်းသပ်ပြုလုပ်နေပြီး အသက်ခုနှစ်နှစ်က ၁၈ နှစ်ကြားကလေးတွေအပေါ် သက်ရောက်မှာ ဖြစ်ပါတယ်။
လူဦးရေသန်း ၂၅၀ အတွင်း အသက် ၂၄ နှစ်အောက် လူငယ်ကတစ်ဝက်လောက်ရှိတဲ့ နိုင်ငံတစ်နိုင်ငံ အတွက် လူငယ်တွေဟာ ပြည်ပရင်းနှီးမြှုပ်နှံသူတွေအတွက် ကြီးမားတဲ့ဆွဲဆောင်မှုတစ်ခု ဖြစ်ပါတယ်။ အခုလိုအောက်ခြေအဆင့်က စတင်လှုပ်ရှားမှုကြောင့် ကလေးလူငယ်တွေအနေနဲ့ စာလေ့လာမှု အလေ့အကျင့်ကို ရရှိစေပြီး တစ်ဖြည်းဖြည်းနဲ့ လုပ်သားအင်အားစုရဲ့ အရည်အသွေးကို မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ ပညာရေးအစီရင်ခံစာတစ်ရပ်ထဲမှာ ပညာရေးကို ယေဘုယျသင်ကြားခွင့်ရတဲ့ အရေ အတွက်က တိုးတက်လာပေမဲ့ အခြေခံပညာရေးပြီးဆုံးအောင် သင်ကြားနိုင်တဲ့ ဆင်းရဲသားအရေ အတွက်က နည်းပါးဆဲဖြစ်သလို ပညာရေးအရည်အသွေးကလည်း အလွန်နိမ့်နေဆဲဖြစ်ကြောင်း ဖော်ပြထားပါတယ်။
သည်ဂျာကာတာကျေးရွာကလေးမှာ ယူဇီဇူလိုင်ကာ (၃၃ နှစ်) လိုမျိုးမိဘတွေက စာကျက်ချိန်ရဲ့ တန်ဖိုးကို သိမြင်ကြပါတယ်။ သူ့သမီးမာလီတာ (၁၂ နှစ်) သည် အစီအစဉ်ထဲမှာ အမြဲပါဝင်အောင်သူ လုပ်ပါတယ်။
သမီးဖြစ်သူဟာ ကျောင်းဆင်းလာပြီး အပန်းဖြေလုပ်ငန်းတွေ လုပ်ဆောင်ပြီးရင် ညဘက်မှာ ရုပ်သံ ဇာတ်လမ်းတွဲတွေကြည့်တာ၊ သူငယ်ချင်းတွေဆီသွားတာမျိုး မလုပ်ရတော့ပါဘူး။
'ဒီလိုမှမဟုတ်ရင် ကလေးတွေက အိမ်နားက အင်တာနက်ဆိုင်တွေမှာ ဂိမ်းကစားတာ၊ ဟေးလား ဝါးလားလုပ်တာနဲ့ အချိန်ကုန်နေကြတယ်' လို့ ယူလီက ပြောပြပါတယ်။
'ဒီနည်းနဲ့ ကျွန်မသမီးစည်းကမ်းရှိလာပြီး လူတိုင်းစာကျက်နေတဲ့ ပုံစံကိုမြင်ရတဲ့အခါ အပေါင်းအသင်း ရဲ့ ကောင်းတဲ့အကျိုးရလာတယ်'
ဒါဒန်းက အိမ်ပေါက်စေ့လှည့်ပြီးအော်ဟစ်တဲ့အချိန်မှာ တီဗီတွေကို ပိတ်ထားသို့မဟုတ် အသံတိတ် ထားရပါတယ်။ အဲဒီအချိန်မှာ ကလေးတွေဟာ အိပ်ယာပေါ် ဒါမှမဟုတ်ကြမ်းပြင်ပေါ်မှာ ချထားတဲ့ စာအုပ်တွေထဲခေါင်းကို အမြန်ဝှက်နေကြပါတယ်။
ကလေးတွေအနေနဲ့ ပြည်သူပိုင်နေရာမှာ စာကျက်မလားအိမ်မှာပဲကျက်မလားဆိုတာ ရွေးချယ်နိုင်ပါ တယ်။ စာမကျက်တာကိုမိသွားသူတွေဟာ ဒဏ်ကြေး ရူပီး ၂၀၀၀ (ဒေါ်လာ ၀.၁၇) ပေးဆောင်ရပါ တယ်။
'အခုထိတော ကျွန်တော်ဒဏ်ကြေး လုံးဝ မရသေးပါဘူး' လို့ ဒါဒန်းကဆိုပြီး ကျွန်တော်တို့ပျော့ပျော့ ပျောင်းပျောင်းနည်းနဲ့ သူတို့ကိုအရင်စည်းရုံးပါတယ်' လို့ ဆက်ပြောပါတယ်။
[ref;TST, Oct 21, 2013.]
မော်ဒန်သတင်းဂျာနယ်
အမှတ်-၃၈၀၊ အောက်တိုဘာ ၂၅၊ ၂၀၁၃
- (အရှေ့သို့) ဂျပန်တက္ကသိုလ်ကြီးများ ပညာသင်ဆု မြန်မာအင်ဂျင်နီယာများ လျှောက်နိုင်ပြီ Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးသရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) Stomach Tattoo Ideas.... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးသရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း