ဆံပင်ကျဲခြင်းနှင့် ဝဖြိုးခြင်းအန္တာရယ်
photo:google
ဆံပင်ကျဲပြီး ပါးတာ၊ ထိပ်ပြောင်နေတာဟာ အမျိုးသားတွေမှာသာ အဖြစ်များကြောင်း သိကြပါတယ်။ အမျိုးသမီးအများစုမှာတော့ ထိပ်ပြောင်နေတဲ့ အထိ ဆံပင်မပေါက်ခြင်းဟာ ရှားပါးတဲ့ အဖြစ်ပါ။
ဒါပေမယ့် ဆံပင်တွေကျဲပြီး ပါးတာကိုတော့ အဝလွန်တဲ့ အမျိုးသမီးတွေမှာ အတွေ့ရများတာ သတိပြု မိကြပါလိမ့်မယ်။
ကိုယ်အလေးချိန် တိုးလာတာနဲ့ အမျှ ဆံပင်တွေကျွတ်ပြီး ကျဲကျဲလိုက်လာတာ သတိပြုမိသူ ရှားပါတယ်။ ကိုယ်ခန္ဓာဝဖြိုးမလာအောင် အစာတွေ ဘယ်လောက်ပဲလျှော့စားစား၊ ဆံပင်ပါးလာမှုက မလျော့သွားနိုင် တာ တွေ့ရပါတယ်။
ဦးခေါင်းမှာ ဆံပင်ပိုးစားလို့ အကွက်လိုက် ကျွတ်ထွက်သွားတာက ရောဂါပိုးကြောင့် ဖြစ်ရတာပါ အချို့ ကျတော့ သိုင်းရွိုက် ဂလင်း(လည်ပင်းရှေ့တွင် ရှိသည်)မှာ တစ်စုံတစ်ရာချွတ်ယွင်းနေလို့ ဆံပင် ကျိုးတိုး ကျဲတဲ ဖြစ်သွားရတာလဲ ရှိပါတယ်။
ဆံပင် ပိုးစားတာကြောင့်လဲ မဟုတ်၊သိုင်းရွိုက်ဂလင်း ပြဿနာကြောင့်လည်းမဟုတ်ဘဲ ဆံပင်တွေ ကျဲပြီး ပါးလာရင် ဖြစ်နိုင်တဲ့ အကြောင်းတစ်ခုကတော့ အီစကြိုဂျင်ဟော်မုန်းကြောင့် ဖြစ်နိုင်ပါ တယ် အမျိုးသမီး တွေမှာ ထိန်းချုပ်ထားတဲ့ မ,ဟော်မုန်းလို့ခေါ်တဲ့ အီစကြိုဂျင်ဓာတ်များလာတဲ့အခါ ပရိုဂျက်စတုန်းလို့ ခေါ်တဲ့ မ,ဟော်မုန်း နောက်တစ်မျိုး လျော့နည်းနေတတ်ပါတယ်။
အီစကြိုဂျင်ဓာတ်ရဲ့ သဘာဝက စားလိုက်တဲ့ အစားအစာတွေကို အဆီဓာတ်အနေနဲ့ ခန္ဓာကိုယ်တွင်း နေရာအနှံမှာ စုဝေးပြီး ထားစေတဲ့ အာနိသင်ရှိပါတယ်။ စုပြီးသားရှိနေတဲ့ အဆီတွေကိုလဲ စွမ်းအင် ရရှိအောင်မသုံးဖို့လည်း သူက ဟန့်တားထားပါသေးတယ်။
ဒါကြောင့် အီစာကြိုဂျင်ဓာတ် လိုအပ်တာထက် များလေလေ၊ အဆီဓာတ်စုဝေးပြီး ခန္ဓာကိုယ်ဝဖြိုး လာလေလေဖြစ်ပါတယ်။
တိရစ္ဆာန် မွေးမြူးရေးသမားတွေဆိုရင် မွေးထားတဲ့ ကျွဲ၊နွား၊ကြက်၊ဘဲ စသည်တို့ကို အသားတိုးပြီး ဝဖြိုး လာအောင်အီစကြိုဂျင်ဟော်မုန်းတွေ သုံးလေ့ရှိကြပါတယ်။ဒါမှသာ ဈေးကွက်မှာ အသားများများရောင်း ရမှာဖြစ်ပြီး သူတို့အတွက် တွက်ခြေကိုက်မှာ ဖြစ်တာကိုး။
အီစကြိုဂျင်နဲ့ အလားတူ အမျိုးသမီးဟော်မုန်းတစ်မျိုးဖြစ်တဲ့ ပရိုဂျက်စကြုန်းကတော့ အဆီတွေ စုမနေ ရအောင်ရှိသမျှ အဆီတွေကို စွမ်းအင်ဖြစ်အောင် ထုတ်သုံးပေးရာမှာ အထောက် အကူပြု ဟော်မုန်း ဖြစ်ပါတယ်။
ပုံမှန်ပမာဏ ရှိနေခဲ့ရင် ပရိုဂျက်စကြုန်းဟာ ခန္ဓာကိုယ် အတွက် စွမ်းအင်ပေးရုံသာမက ကိုယ်အလေးချိန် လျော့အောင် လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အစားအစာ ဆင်ခြင်ခြင်းတို့ကို အားပေးတဲ့ ဟော်မုန်းဖြစ်ပါ တယ်။
စွမ်းအင်ထုတ်လုပ်ပေးတဲ့ ဟော်မုန်းဖြစ်တဲ့ အတွက် အမျိုးသမီးတွေ မျိုးဥလွတ်ချိန်ကို ခန့်မှန်းရာမှာ ကူညီပေးတဲ့ ဟော်မုန်းလဲဖြစ်ပါတယ်။ သာမန် ကိုယ်အပူချိန်ကို မျိုးဥလွတ်ချိန်မှာ ၀.၆ ဒီဂရီ မှ ၀.ရ ဒီဂရီ အထိ မြင့်တက်စေပါတယ်။ ဒီအချက်ကို အခြေခံပြီး အမျိုးသမီးတွေ မျိုးဥလွတ်ချိန်ကို သိရတာဖြစ်ပါ တယ်။
ပရိုဂျက်စကြုန်း ပမာဏ ပုံမှန်ရှိနေရင် သိုင်းရွိုက်ဟော်မုန်း တွေကလဲ သူတို့ရဲ့ တာဝန်ကို စွမ်းစွမ်းတမံ ဆောင်ရွက်ကြပါတယ်။ တစ်ဦးနဲ့တစ်ဦး ကိုင်းကျွန်းမှီ၊ကျွန်းကိုင်းမှီပါပဲ။
ပရိုဂျက်စကြုန်း ပမာဏ နည်းနေတဲ့ အခါ သိုင်းရွိုက်ရဲ့ လုပ်ဆောင်မှုပုံမှန်ထက် လျော့နည်းသွားတဲ့ ရောဂါလက္ခဏာတွေ ပြလာပါတယ်။
ဒီအချိန်မှာ သိုင်းရွိုက်ဟော်မုန်း ပမာဏကို တိုင်းကြည့်ရင် ပုံမှန်ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် ရောဂါ လက္ခဏာက Hypothyroidism ခေါ်တဲ့ သိုင်းရွိုက် လျော့နည်းတဲ့ လက္ခဏာဖြစ်လို ဆရာဝန်များ အနေနဲ့ သိုင်းရွိုက် ဟော်မုန်းတွေအစားဖြည့်ပေးပြီး ကုပေးမှာဖြစ်ပါတယ်။ ပရိုဂျက်စတုန်း ဟော်မုန်းပေးဖို့တော့ စဉ်းစားမိကြမှာ မဟုတ်ပါဘူး။
ပရိုဂျက်စကြုန်း နည်းနေတဲ့အခါ တခြား အင်ဒရိုဂျင်ခေါ်တဲ့ အမျိုးသားတွေမှာ ရှိတတ်တဲ့ ဟော်မုန်းမျိုး များလာတတ်ပါတယ်။ လျော့နည်းနေတဲ့ ပရိုဂျက်စကြုန်းကို အစားဖြည့်ပေးဖို့ ခန္ဓာ ကိုယ်က အင်ဒရိုဂျင် ဟော်မုန်းတွေ ပိုပြီးထုတ်လုပ်ပေးဖို့ပါပဲ။ ဒီအခါမှာ အမျိုးသမီး တွေမှာ အမျိုးသားများ ဆံပင်ကျဲပါး ပုံနည်းနဲ့ ထပ်တူဆံပင်များကျဲလာ၊ ပါးလာရပါတယ်။အခန့်မသင့်ရင် ထိပ်ပါကွက်ပြီး ပြောင်လာတတ်ပါ တယ်။ လျော့နည်းနေတဲ့ ပရိုဂျက်စကြုန်းကို ပုံမှန် ပမာဏာရောက်အောင် ပြန်ဖြည့်ပေးနိုင်ရင်တော့ အင်ဒရိုဂျင် ဟော်မုန်းတွေပြန်လျော့သွားပြီး ဆံပင်တွေ (၆)လ အတွင်း မူလအတိုင်း ပြန်ပေါက်လာနိုင် ပါတယ်။
ပရိုဂျက်စကြုန်း နည်းလွန်ရင်ဖြစ်စေ၊များလွန်ရင်ဖြစ်စေ ဦးခေါင်းမှာ ပွေးရောဂါလို ဆံပင်ပိုးတွယ်တတ်ပြီး ဆံပင်များကျွတ်ထွက်သွားတဲ့ အထိ ဒုက္ခပေးတတ်ပါတယ်။ ဒါကြောင့် ပရိုဂျက်စတုန်း ပမာဏ ပုံမှန် သဘာဝအတိုင်း ရှိနေဖို့အရေးကြီးလှပါတယ်။
အထက်ပါ အကြောင်းအချက်တွေကို ပြန်ပြီး စဉ်းစားကြည့်ရင် အီစကြိုဂျင်များပြီး ပရိုဂျက်စကြုန်း ပမာဏ မလုံလောက်တဲ့ အခါ ဆံပင်တွေ ကျဲလာ၊ ပါးလာမှာ အသေအချာ ဖြစ်နေပါပြီ။ ဒီအပြင် အဝလွန်ပြီး ခန္ဓာကိုယ်အပူချိန်ဟာ သာမန်ထက် လျော့ကျနေတတ်ပါသေးတယ်။
ကျွမ်းကျင်သူများအနေနဲ့ မီးယပ်သွေးဆုံးနေတဲ့ အမျိုးသမီးများကို အီစကြိုဂျင်ဓာတ် ပိုပြီးပေးလေ့ မရှိပါဘူး။ သူတို့ရဲ့ ခန္ဓာကိုယ်က လုံလောက်တဲ့ ပမာဏထုတ်ပေးတဲ့ ပမာဏထုတ်ပေးနေတဲ့ အတွက် အီစကြိုဂျင်ဓာတ်တွေ ထပ်စားစရာလဲ မလိုကြောင်း သိရပါတယ်။
ဝဖြိုးပြီးသား အမျိုးသမီးတွေမှာ တော့ အဆီဓာတ် စုဝေးမှု လက်စရှိနေပြီး သူတို့ရဲ့ အဆီက တစ်ဖန် အီစကြိုဂျင်ဓာတ်ပိုထုတ်ပေးစေတဲ့ အတွက် ပိုပြီး ဝဖြိုးလာဖို့ ရှိနေပါတယ်တဲ့။
ပရိုဂျက်စတုန်းဓာတ်ကို လွယ်လွယ်ကူကူရအောင် အရေပြားလိမ်းဆေးအသွင်နဲ့ ထုတ်လုပ်ထားတာ ရှိပါတယ်။
သွေးမဆုံးသေးတဲ့ အမျိုးသမီးများ အတွက် တစ်နေ့ကို ပရိုဂျက်စကြုန်း ပမာဏ (၁၅)မီလီဂရမ်မှ (၂၀) မီလီဂရမ် အသုံးပြုနိုင်ပါတယ်။ မီးယပ်သွေးစ ပေါ်ပြီး (၁၂)ရက် (၂၆)ရက် အတွင်း အသုံးပြုရမှာ ဖြစ်ပါ တယ်။
သွေးဆုံးပြီး အမျိုးသမီးများ အတွက် တစ်နေ့တာ လိုအပ်တဲ့ ပမာဏကိုတော့ (၁၂)မီလီဂရမ်မှ (၁၅) မီလီဂရမ် သတ်မှတ်ထားပြီး ပြက္ခဒိန်ရက် (၂၅)ရက် အထိ (တစ်လမှာ ၂၅ရက်) သုံးစွဲဖို့ ညွန်ကြားထား တာပါ။
ဆံပင်တွေ မကျွတ်ရအောင် ပါးပြီးမကျဲရအောင် အီစကြိုဂျင်ဓာတ်များတဲ့ အစားအစာတွေ၊ အသား တွေ နွားနို့တွေကို ရှောင်ဖို့ လဲညွန်ကြားထားထယ်။ အထူးစားသုံးရမယ့် အစားအစာတွေအဖြစ် လတ်ဆတ်တဲ့ အသီးနှံ၊ ဟင်းသီး ဟင်းရွက် ၊ ပဲအမျိုးမျိုး၊ အခွံမာသီးအမျိုးမျိုးကို အမြဲမှီဝဲပေးကြဖို့လဲ အကြံပြုထားပါတယ်။
ဒေါက်တာအောင်နိုင်
(ဆေးသုတေသန)
han152