ရင်သားကင်ဆာနှင့် ဦးနှောက်အကျိတ်ကို ဗိုင်းရပ်စ်က မဖြစ်ပွားစေနိုင်ပါ
Health Updates Journal No. 89
လေ့လာမှုတစ်ရပ်တွင် ဖော်ပြထားမှုအရ ဗိုင်းရပ်စ်များက ရင်သားကင်ဆာနှင့် ဦးနှောက် အကျိတ်လို မျိုးဖြစ်သော glioblastoma ကိုဖြစ်စေနိုင်သည်ဆိုသော အချက်ကို ချေဖျက်နိုင်ခဲ့သည်။
အဆိုပါကင်ဆာများကို ဖြစ်စေသည်ဆိုသော ဗိုင်းရပ်စ်များ၏ DNA အတွင်းမှ sequence (၇) သန်း ကျော်ကို လေ့လာခဲ့ရာမှ ယခုကဲ့သို့ သုတေ သနပြုချက်ကို အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ သိပ္ပံနည်းကျ အတည်ပြုချက်များအရ ကင်ဆာအမျိုးအစား အားလုံး၏ ၁၅%မှာ ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပွား ရခြင်းဖြစ်သည်။
ယခုလေ့လာမှုတွင် ရင်သားကင်ဆာကိုဖြစ်စေနိုင်သည်ဟု ယူဆသော Epstein Barr ဗိုင်းရပ်စ်နှင့် gliobl astoma ကို ဖြစ်စေနိုင်သည်ဟု ယူဆရသော cytomegalovirus များကို လေ့လာခဲ့ခြင်းဖြစ်ပါသည်။ သုတေသနခေါင်းဆောင် University of Gothenburg မှ သုတေသီ Erik larsson က ရင်သားကင်ဆာနှ င့် ဦးနှောက်အကျိတ်များကို အဆိုပါ ဗိုင်းရပ်စ်များက ဖြစ်စေနိုင်သည်ဟူသော သက်သေပြချက် တစ်စုံတစ်ရာ မိမိတို့မရခဲ့ကြောင်း ရှင်းပြခဲ့ပါသည်။
ယခုလေ့လာမှုကိုသြဇာတိက္ကမ ကြီးသော သိပ္ပံဂျာနယ်တစ်ခုဖြစ်သော Nature Communications တွင် ဖော်ပြထားခြင်းဖြစ်သည်။ လေ့လာမှုတွင် အစွမ်းထက် စူပါကွန်ပျူတာများကို အသုံးပြုပြီး ကင်ဆာ ကျိတ်ပေါင်း ၄၀၀၀ ကျော်မှ တစ်ရှုးနမူနာများနှင့် DNA အတွင်းမှ sequence (၇)သန်းကျော်ကို သုတေသနပြုခဲ့ကြသည်။
သန့်စင်
ref: ANI
Health Updates Journal No. 89
- (အရှေ့သို့) အသားအရေလှပစေရန် အထောက်အကူပြုသည့် ပန်းကလေးများ Abortion Pills ဖျက်ဆေးတွေအကြောင်းPregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) အဆုတ်သန့်စင်စေသော ကန်စွန်းရွက်ပြုတ်ဟင်းချို Abortion Pills ဖျက်ဆေးတွေအကြောင်းPregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း