ချီကန်ဂန်းညားရောဂါ (Chikungunya)
Health Updates Journal No. 89
ချီကန်ဂန်းညားရောဂါဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားရတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ပိုးကူးစက်ခံထားရတဲ့ Aedes Aegyptis ခြင်ကြောင့် ကူးစက်ပျံ့နှံ့ရပါတယ်။ ဖျားနာခြင်း၊ အဆစ်တွေ အပြင်းအထန် နာကျင်ခြင်းနဲ့ ကိုယ်ခန္ဓာအနှံ့အပြားမှာ အနီစက်တွေပေါ်ခြင်းတွေကို ခံစားရနိုင်ပါတယ်။
Chikungunga ကိုဖြစ်စေတဲ့ ချီကန်ဂန်းညားဗိုင်းရပ်စ်ဟာ arbo ဗိုင်းရပ်စ်အမျိုးအစားဖြစ်ပြီး ဒီရောဂါ ပထမဦးဆုံးပျံ့နှံ့မှုကို ၁၉၅၂ ခုနှစ်မှာ တန်ဇန်နီးယားနိုင်ငံနဲ့ မိုဇမ်ဘစ်နိုင်ငံ နယ်စပ်က Makonde ကုန်းမြင့်မှာ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အာဖရိကတိုက်၊ အာရှတိုက်နဲ့ အိန္ဒိယတိုက်ငယ်တွေ ကို ပျံ့နှံ့နေခဲ့ ပါတယ်။
ချီကန်ဂန်းညား ရောဂါကို ၁၉၅၅ ခုနှစ်မှာ Marion Robinson နဲ့ W.H.R lumden တို့က ပူးတွဲတွေ့ရှိခဲ့တာဖြစ်ပြီး Kimakonde ဆိုတဲ့ ဘာသာစကားက နေယူထားတဲ့ စကားလုံးဖြစ်ပြီး “ကွေးညွတ်ခြင်း”လို့ အဓိပ္ပာယ်ရပါတယ်။ ဒီရောဂါဖြစ်ရင် အဆစ်တွေပါ ထိခိုက်တဲ့အတွက် ရောဂါရှင်တွေဟာ ကွေးပြီးကိုင်းကိုင်းကြီးဖြစ်နေတဲ့ အနေအထားနဲ့ ရှိနေလို့ပါပဲ။
ဒီရောဂါဟာ သွေးလွန်တုပ်ကွေးရောဂါလက္ခဏာ တချို့နဲ့လဲ ဆင်ဆင်တူနေတဲ့အတွက် သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များတဲ့ ဒေသတွေမှာ ရောဂါအမည်တပ်မှားတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ချီကန်ဂန်းညားရောဂါအတွက် ကုသမှုဆိုတာတော့ မပေါ်ပေါက်သေးပေမဲ့ ဒီရောဂါဟာ သူ့ဘာသာပျောက်ကင်းနိုင်ပြီး ပြည့်ပြည့်၀၀ နာလန်ထနိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။
သေဆုံးမှု၊ အာရုံကြောပျက်စီးမှု၊ သွေးလန့်ခြင်းနဲ့ သွေးလွန်ခြင်းတွေလဲ မရှိတဲ့ ဗိုင်းရပ်စ်တစ်မျိုး ဖြစ်တယ်လို့ ဆေးပညာဆိုင်ရာပညာရှင်တွေက ထုတ်ဖော် ပြောကြားထားပါတယ်။ ကုသမှုအနေနဲ့ ရောဂါလက္ခဏာတွေကို သက်သာလျော့ပါးသွားပြီး ခုခံအားစနစ်ကိုပိုပြီး တိုက်ခိုက်နိုင်အောင် ထိန်းပေးတာ မျိုးပဲရှိတယ်။
သက်ကို
Ref:ANI
Health Updates Journal
- (အရှေ့သို့) ခႏၶာကုိယ္မွ ငါးညှီနံ့နံသည့်ရောဂါ သို့မဟုတ် ၀ဋ်နာကံနာ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) Top Paid Android 3D Games Pack Free Download (Update) Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'