သက်လတ်ပိုင်းအရွယ်များအတွက် နေ့စဉ်လိုအပ်ချက်များ
Health Updates Journal No. 89
အသက်(၄၀)အရွယ်များ
ခန္ဓာကိုယ်ဝိတ်တက်သော အရွယ်များဖြစ်ပြီး နှလုံး၊ ဆီးချို၊ အရိုး အဆစ်ရောင်ရမ်းနာများ စတင်ဖြစ်ပေါ် တတ်သည်။ သံဓာတ်အားနည်း လာတတ်သည်။
သံဓာတ်အတွက်
-အသည်းနှင့် အဆီနည်းသော အနီ ရောင်အသားများကို တစ်ပတ်လျှင် (၂)ကြိမ်စားပါ။ အကယ်၍ အသားမစားသူ ဖြစ်ပါက နံနက်စာကို ကွေကာအုတ်နှင့် အစိမ်းရောင်အရွက်များ ဥပမာ ဟင်းနုနွယ်ရွက် ၊ ပဲစိမ်း၊ ဘရိုကိုလီ၊ ကညွှတ်တို့ကို စားပေးပါ။
အသက်(၅၀)အရွယ်များ
ကိုလက်စထရောတက်ခြင်း၊ သွေးတိုး၊ Type 2 ဆီးချိုပြဿနာများဖြစ်လာတတ်သည်။ အသီး အရွက်များများစားခြင်းဖြင့် ကာကွယ်ပါ။ အရိုးပွခြင်း၊နှလုံးရောဂါတို့သည် ဤအရွယ်တွင် သွေးဆုံးမှုနှင့်အတူ လိုက်ပါလာတတ်သည်။ သို့ဖြစ်၍ အရိုးအားရှိဖို့ ကယ်လ်စီယမ်လိုအပ်သော အရွယ်ဖြစ်သည်။
ခန္ဓာကိုယ်၏ခံနိုင်ရည်စွမ်းအားပေါ်မူတည်ပြီး လေ့ကျင့်ခန်းများ ပြုလုပ်ပါ။ လမ်းလျှောက်၊ အနှေးပြေး၊ ရေကူးစသည့် လေ့ကျင့်ခန်းများဖြင့် အရိုးအဆစ်များ သန်မာအောင် ပြုလုပ်ရမည်။ ရေကို နေ့စဉ် (၂)လစ်တာခန့်သောက်ပါ။ ကဖိန်းသည် ကယ်လ်စီယမ်ကို စုပ်ယူတတ်သဖြင့် ကဖိန်းသောက်သုံးခြင်းကို ချင့်ချိန်ရမည်။
ငါးအဆီစားသုံးမှုမရှိပါက အိုမီဂါ (၃)အားဖြည့်ဆေးကို စားသုံးပေးပါ။ ပဲပိစပ်၊ ပဲနို့ဒိန်ချဉ်၊ တို့ဟူးတို့ကို သွေးမဆုံးမီကတည်းက စားသုံးပေးပါ။ ပဲပိစပ်ပရိုတိန်း(၂၅)ဂရမ်ကို နေ့စဉ်စားသုံးပေးခြင်းဖြင့် သွေးတွင်းရှိ ကိုလက်စထရောကို လျော့ချပေးသည်။ ကြက်ကြော်အစား တို့ဟူး၊ ပဲနို့ကို ကွေကာအုတ် အပေါ် လောင်း၍ စားပါ။ ပဲနီလေး၊ ပဲပင်ပေါက်၊ မြေပဲ၊ကန်စွန်းဥ၊ နှမ်းကြတ်ဆီ စသည်တို့ကို ပဲပိစပ်အပြင် စားသုံးနိုင်ပြီး ယင်းတို့မှလည်း Phytoestrogens ကို ရရှိနိုင်သည်။
ဒေါန
Health Updates Journal No. 89
- (အရှေ့သို့) နှုတ်ခမ်းအသွင်အပြင်နှင့် စိတ်ကိုဖတ်ခြင်း Abortion Pills ဖျက်ဆေးတွေအကြောင်းPregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) ရေသံလက်ကောက်၏စွမ်းအင် Abortion Pills ဖျက်ဆေးတွေအကြောင်းPregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း