ဆံပင်ဖြူထွက်ခြင်းကို ကာကွယ်ရန်
Health Updates Journal No. 89
မတည့်သည့်အစားအစာများ မစားမီ၊ မိမိကိုယ်ကို သုံးသပ်ရမည်။ ဆီကြော်၊ ရေကြို၊ အချဉ်၊ အစပ်၊ အခါးစသည်ဖြင့် စားသုံးကြရာတွင် မိမိ၏ဆံပင်မွေးညှင်းပေါက်များကို အားဖြည့်နိုင်စေရန် အစိုဓာတ်၊အာဟာရပါသည့် အစားအစာများကို စားသင့်ပါသည်။
ဆေးလိပ်သောက်သူများတွင် များသောအားဖြင့် ဆံပင်ဖြူပို၍ထွက်တတ်သည်။ မိမိ၏နေ့စဉ်စားသုံးသည့် အစာအာဟာရအား သစ်သီးများ၊ ဟင်းရွက်စိမ်းများ၊ အာလူး၊ နို့၊ ငါး၊ ဒိန်ချဉ်၊ အသည်း၊ ဂျုံနှင့် လုပ်ထားသော အစားအစာများ၊ ဥများကို စားသုံးပေးပြီး ဆေးလိပ်ကို ဖြတ်လိုက်လျှင် ဆံပင်ဖြူပေါက်ခြင်းကို လျော့ပါးစေသည်။
ဖြည့်စွက်အာဟာရအနေနှင့် ဗီတာမင်ကို သောက်သုံးပါ။ ဗီတာမင် A က အရေပြားအောက်ရှိ အဆီဓာတ်(၁)မျိုးဖြစ်သော Sebumကို ထုတ်လုပ်ပေးပြီး ဆံပင်မွေးညှင်းပေါက်များဆီသို့ အစိုဓာတ်ကို စီးဆင်းစေသည်။
ဗီတာမင် B5 ,B6 နှင့် B12 တို့သည်လည်း အထောက်ကူ ဖြစ်စေပြီး ယင်းတို့အနက် B6 သည် မမာမကျန်းမှုကိုဖြစ်စေ၊ ဆံပင်၏ အရောင်ချို့တဲ့မှုကိုဖြစ်စေ ထိန်းသိမ်းအားဖြည့်ပေးသည်။ ဗီတာမင် C က “အင်တီအောက်ဆီးဒင့်”ကို မြင့်မား၍ ဖြစ်စေပြီး သဘာဝပတ်ဝန်းကျင်၏ ဖျက်ဆီးမှု ခန္ဓာကိုယ်အတွင်းကျရောက်မှုသိသာစွာ ကာကွယ်ပေးသည်။ အခြားအမိုင်နိုအက်စစ်များဖြစ်သည့် “ပါရာအမိုင်နိုဘင်ဇိုးအစ်” သို့မဟုတ် PABA နှင့် “ပင်တိုသနစ် အက်ဆစ်”တို့သည်လည်း အာဟာရကို အကျိုးရှိရှိမြှင့်တင်မှုပေးသည်။
ဆံပင်အခြောက်ခံစက်သုံးခြင်းသည် ဆံကေသာကို ဖျက်ဆီး၍ ဆံပင်ဖြူပေါက်စေသည်။ ထို့အပြင် ပြင်းထန်သော ဆံကေသာပြုပြင်ဆေးများ၊ ဟိုက်ဒြိုဂျင်ပါအောက်ဆိုက်ဒ် ပါဝင်သည့် ဆံပင်ချွတ်ဆေးများ သုံးခြင်းကို ရှောင်ကြဉ်ခြင်းဖြင့် ဆံပင်ဖြူထွက်ခြင်းကို ကာကွယ်ပါ။
ထူး
- (အရှေ့သို့) ထာဝရနုပျိုခြင်းကို မစွမ်းဆောင်နိုင်သော်လည်း Abortion Pills ဖျက်ဆေးတွေအကြောင်းPregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) ကာတွန်းဆရာကြီး ဦးအောင်ရှိန် ကွယ်လွန် Abortion Pills ဖျက်ဆေးတွေအကြောင်းPregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း