ဗာဒံစေ့လှော်က ၀ိတ်ကျစေနိုင်
Health Updates Journal No. 89
လေ့လာမှုတစ်ခုမှာ ဖော်ပြထားချက်အရ ဗာဒံစေ့လှော်ကို တစ်နေ့ (၁.၅)အောင်စ စားသုံးသူများဟာ ဆာလောင်ခြင်း လျော့ကျပြီးနေ့စဉ်လိုအပ်တဲ့ ဗီတာမင်အီးပမာဏကို ရရှိတာကြောင့် ကိုယ်အလေးချိန် ကျဆင်းလာတယ်လို့ သိရပါတယ်။
ဗာဒံစေ့လှော်ဟာ ရေဓာတ်လျော့ပါးအောင် လှော်ထားရပြီး ဆားဓာတ်အနည်းငယ် ပါဝင်အောင် လှော်ရမှာဖြစ်ပါတယ်။ အသင့်စား snack တွေကို စားသုံးခြင်းအလေ့ဟာ အမေရိကန်နိုင်ငံတစ်ဝှမ်းမှာ ပျံ့နှံ့နေပြီး ၉၇%သော အမေရိကန် နိုင်ငံသားတွေဟာ တစ်နေ့ကို snack တစ်ထုပ်တော့ အနည်းဆုံး စားသုံးတယ်လို့ သိရပါတယ်။ ဒါဟာ အ၀လွန်ခြင်းကိုဖြစ်စေတဲ့ အမူအကျင့်ဖြစ်ပြီး တဖြည်းဖြည်းနဲ့ စားသုံးတဲ့ အကြိမ်ရေနဲ့ snack ထုတ်တွေရဲ့ ဆိုဒ်ကလည်း ကြီးမားလာနေပါတယ်။
ဒီလေ့လာမှုကို Purdue University မှ ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး snack ထုပ်တွေအစား ဗာဒံစေ့ကို ပြောင်းလဲစားသုံးဖို့ လှုံ့ဆော်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပါတယ်။ လေ့လာမှုအရ ဗာဒံစေ့လှော်ကို snack အစား စားသုံးပေးမယ်ဆိုရင် အစာစားချင်စိတ်ကို လျော့ပါးစေပြီး အစားအစာများကို ခဏခဏ စားသုံးခြင်းတွေကို ရှောင်ရှားနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ လေ့လာမှုမှာ ပါဝင်ခဲ့သူတွေရဲ့ ကိုယ်အလေးချိန် ကျဆင်းမှုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး ကယ်လိုရီနည်းပါးတဲ့ အစားအစာထဲမှာ ဗာဒံစေ့လည်း ပါဝင်ကြောင်းကို သုတေသီခေါင်းဆောင် Dr.Richard Mattes က ရှင်းပြထားပါတယ်။
ယခုတွေ့ရှိမှုကို European Journal of Clinical Natrition မှာဖော်ပြထားခြင်းဖြစ်ပါတယ်။
သက်နှင်း
Ref: ANI
Health Updates Journal
- (အရှေ့သို့) Esophagus Conditions အစာမြိုပြွန်ရောဂါများ Ei Chaw Po (အိချောပို)..Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးသရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSCytotec (Misoprostol) ဆေးသုံးနည်း
- (အနောကျသို့) ကျန်းမာရေးနဲ့ ညီညွတ်တဲ့မနက်စာကို ပြင်ဆင်နိုင်စေဖို့ နည်းလမ်းများ Ei Chaw Po (အိချောပို)..Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးသရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSCytotec (Misoprostol) ဆေးသုံးနည်း